အလောင်းကောင်နှင့်ပီယဆေး(စ/ဆုံး)

မြို့က အလည်လာသော သူကြီး
ဦးသောင်းရှိန်ရဲ့တူမ မခင်ထားလေးကို
တွေ့လိုက်ရတုန်းကဆို ပွကြီးရင်ထဲမှာ
တလှပ်လှပ်နဲ့ခုန်သွားရသည်။ မခင်ထား
ရဲ့မျက်နှာလေးက ပွကြီးမျက်လုံးထဲက
လုံးဝမထွက်တော့။
မခင်ထားကို တွေ့ချင်လွန်း၍ နေ့
တိုင်းအမျိုးမျိုးလှည့်ပတ်ချောင်းမြောင်း
နေတတ်သောသူ့အဖြစ်ကိုတစ်စတစ်စ
နှင့်တစ်ရွာလုံးသိသွားကြရာမှမခင်ထား
ရဲ့နားထဲအထိ ရောက်ရှိသွားခဲ့ရသည်။
မခင်ထားမှာနဂိုထဲက ပွကြီးပုံစံကို ရွံ့ရှာ
စက်ဆုပ်နေမိသူတစ်ယောက် ဖြစ်တာ

မို့ မိမိကိုချစ်လို့ အမြဲချောင်းကြည့်ခံနေ
ရသောအဖြစ်ကြောင့် အော်ဂလီဆန်ပြီး
ကိုယ့်ကိုယ်ကိုယ်တောင် မသတီတော့
သလိုဖြစ်လာကာ မြို့သို့ အမြန်ပြန်သွား
လေတော့သည်။
ပွကြီးမှာလည်း သူကြီးရဲ့ကြိမ်လုံး
ဒဏ်ကြောင့် သုံးရက်လောက်အိပ်ရာက
မထနိုင်ခဲ့။
“ရုပ်ဆိုးကြီးမို့ ချစ်လို့မရဘူးလား သူကြီးရယ်”လို့ မေးချင်ခဲ့ပေမယ့် မမေး
ရဲ မပြောရဲခဲ့။ ကြိမ်လုံးဒဏ်ကြောင့် အသားနားတာထက် ရင်ထဲအသည်း ထဲက နာကျင်နေရတာက ပိုပြီးခံစားရ
ခက်နေမိသည်။
မခင်ထားလေးကို သတိရတမ်းတ
နေမိတဲ့ စိတ်တွေက တားမနိုင် ဆီးမရ၊
မခင်ထားလေးကိုသာ ရမည်ဆိုပါက
ဘယ်လိုအရာမျိုးကိုမဆို ပွကြီး လုပ်ဖို့ ဝန်မလေး။ မိမိအရမ်းကြောက်တဲ့ကြွက် တွေ၊ အိမ်မြှောင်တွေကိုပဲ ကိုင်ခိုင်း မလား။ တီကောင်တွေ၊ လောက်တွေကို ပဲ ကိုင်ခိုင်းမလား၊ ဘာပဲ လုပ်ခိုင်းလုပ် ခိုင်း အကုန်လုံးလုပ်ပေးရဲသည်။ ဆိုး လွန်းတဲ့ရုပ်ရည်နဲ့ကုသိုလ်ကံကိုပဲပွကြီး စိတ်နာနေမိသည်။ ဘာကိုမှလည်း ဂရု မစိုက်ချင်တော့။ သူကြီးရဲ့ ထိတ်တုံးနဲ့

ကြိမ်လုံးကိုလည်း မကြောက်ချင်တော့။ သူ ဖြစ်ချင်တာ လိုချင်တာတစ်ခုပဲ ရှိ
သည်။ မခင်ထားလေးကိုပဲ ဖြစ်သည်။
သူသာ ရုပ်ချောရင် မခင်ထားလေးက
ပစ်သွားမှာ မဟုတ်ဘူးလို့ တွေးမိကာ
ပွကြီး ရင်ဘတ်တွေ ကွဲထွက်သွားမလို
ခံစားရရင် ငိုနေမိသည်။ ကွဲနေသော
အသည်းကို ထန်းရည်နဲ့ စိမ်ထားရင် သက်သာသလိုရှိတာမို့ပွကြီးထန်းတော
ထဲမှာပဲ အချိန်ကုန်နေမိတော့သည်။
“တောက်- ထွီ – ဒီလောကကြီးက
ပွကြီးဆိုတဲ့ ငါ့အပေါ်မှာ အရမ်းရက်စက်
လွန်းတယ်။ ငါသာရုပ်ချောရင်မခင်ထား
လေးက မြို့ကို ပြန်ပြေးမှာ မဟုတ်ဘူး။
ဒီရုပ်ကြောင့်၊ ဟောဒီ့ဆိုးရွားတဲ့ မျက်
ခွက်ကြီးကြောင့်။ ကဲ- ဆိုးဦးမလား-

ဖြန်း ဖြန်း”
ပြောပြောဆိုဆို မူးမူးဖြင့် ကိုယ့်ပါး
ကိုယ် ပြန်ရိုက်နေလေရာ ခေါနေသော သွားများမှာ ခေါထွက်လာပြီး ပါးစပ်ထဲ ကနေ သွားရည်တွေပါပါးစောင်မှထွက်
ကျကုန်ကြသည်။ ထွက်ကျလာသော
သွားရည်များကို လက်ခုံနှင့် သုတ်ပစ် လိုက်ရင်း ..

“မကောင်းမကန်းလူတွေငါ့အပေါ်
ကို တစ်ယောက်မှ မကောင်းကြဘူး။
ခွေးတွေလည်း မကောင်းဘူး။ ဝက်တွေ၊
နွားတွေလည်းမကောင်းဘူး။ အားလုံးကို
မုန်းတယ်။ ဒါပေမဲ့ – ခင်ထားလေးတော့
မပါဘူး။ မခင်ထားလေးကိုတော့ ချစ်
တယ်။ ချစ်တယ် – ခင်ထားလေးရေ၊
ဟောဒီက ကိုရုပ်ဆိုးကြီးကို သနားချစ်
လေးနဲ့ပြန်ချစ်လှည့်ပါလား-ဟီး-ဟီး-
ဟီး”
ငိုလိုက်ပြောလိုက်နှင့်ဖြစ်နေသော
ပွကြီးအဖြစ်ကို ကြည့်ရသည်မှာ သနား
စရာထက် ရယ်စရာက ပိုကောင်းနေ
တာမို့ တခြားဝိုင်းများတွင် ထန်းရည်
သောက်နေကြသော လူများအားလုံး
တဝါးဝါး တဟားဟားနှင့် ပွဲကျနေလေ
တော့သည်။
ပွကြီးခမျာမှာတော့ ဝမ်းပမ်း
တနည်း ငိုရလွန်းသဖြင့် အဆုတ်တွေ ပင် ကွဲထွက်တော့မတတ် ရင်ဝမှာ ဆို့ နင့်နေတာမို့ ထန်းရည်ခွက်ကိုယူ၍
တစ်ကျိုက်ထဲ မော့ချလိုက်တော့မှ
နေသာထိုင်သာ ရှိသွားရလေတော့
သည်။

ပါးပြင်ပေါ်မှ မျက်ရည်တွေက
တလိမ့်လိမ့်ကျနေတာ မရပ်သေး။ မျက်
ရည်ပေါက်ကြီးတွေကလည်း ရေစက်
ရေပေါက်တွေအလားတစ်ပေါက်ပေါက်
နဲ့ ရင်ဘတ်တွေပါ စိုရွှဲနေလေတော့
သည်။
“ဗျို့-ကိုပွကြီး”
“ဟဲ့ – ပလုတ်တုတ် – ချိုးရုပ် – နှင့်
အမေကြီးတော်- ခွေးချေးထုပ်” ခံစားချက်တွေ တစ်ပွေ့တစ်ပိုက်နဲ့ မခင်ထားကို သတိရတမ်းတ ငိုလို့ယိုလို့
ကောင်းတုန်း အချိန်အနားမှာ ကပ်ပြီး
အော်ခေါ်လိုက်သော အသံကြောင့်
ပွကြီးမှာ အလန့်တကြားနဲ့ အမျိုးစုံ
ယောင်ယမ်းအော်ဟစ်ရင်း ခုန်ထလိုက်
မိသည်။ ဒေါသတကြီးနဲ့ ကြည့်လိုက်မိ
တော့ ရွာအရှေ့ပိုင်းက ချက်ကြီး။ ချက်ကြီးဆိုတဲ့ကောင်က ပွကြီးကို အမြဲတမ်း စနောက်ချောက်တွန်းတတ် လွန်းသောကြောင့် ချက်ကြီးနှင့်တွေ့ လျှင် ဘယ်တော့မှ ကောင်းကောင်းနေ ရသည်မရှိ။ ချက်ကြီးကြောင့် သူကြီး ကြိမ်လုံးစာ မိခဲ့ရသည်မှာလည်း ခဏ ခဏ။ ဘယ်လောက်ပဲ သတိထားနေပါ က နောက်ဆုံးတော့ ချက်ကြီး လက်

ချက်မိပြီး အမြဲဒုက္ခရောက်ခဲ့ရသည် ချည်းပင်။
“မင်းနဲ့ကွာ – လန့်လိုက်တာ။ ဒီမှာ မူးနေတာလေးတွေတောင်ပျောက်ကုန်
ပြီ”
“စိတ်မဆိုးနဲ့ – ကိုပွကြီးရယ်။ ကျွန်
တော်က ချစ်လို့ စတာပါဗျ။ နေပါဦး-
ကိုပွကြီး မျက်ရည်လည်ရွဲနဲ့ ဘာဖြစ်နေ
တာလဲ”
ချက်ကြီးစကားကိုကြားလိုက်မှ ခုန
က မိမိအဖြစ်ကို ပြန်သတိရသွားရင်း
မျက်နှာမှာချက်ချင်းညှိုးကျသွားရလေ
တော့သည်။
“ဘာဖြစ်လို့လဲဗျ – ပြောစမ်းပါဦး။
ကျွန်တော် ကူညီနိုင်တာရှိရင် ကူညီမှာ
ပေါ့”
ပွကြီးက မယုံသင်္ကာနဲ့ မျက်လုံး
ခေါင်းကိုအောက်မှာပဲ ငုံ့ထားသည်။
တစ်ချက် လှန်ကြည့်ကာ အံကြိတ်ရင်း
ချက်ကြီးမှာမိမိစကားကိုဂရုမစိုက်သလို
နေနေသောကြောင့် စိတ်မရှည်သလို
ဖြစ်လာပြီး ..
“ကဲ – မပြောချင်လည်းနေ၊ ကျွန်
တော်မှာလည်း အားတာမဟုတ်ဘူး။ အနောက်ရွာက မသိန်းရှင်လေးနဲ့ ချိန်း

ထားတယ်။ အဲဒါပြီးရင် မကျီးဖြူရွာက မလှသန်းနဲ့လည်း ထပ်ပြီးတွေ့ဖို့ ချိန်း
ထားသေးတယ်”
ချက်ကြီးကပွဲကြီးကိုမခံချင်အောင် ဆွပေးရင်း ပြောနေပေမယ့် ပွကြီးရဲ့ ခေါင်းကတော့ မော့မလာ။ ငေါင်တောင် တောင် ကြောင်စင်းစင်း။
“ကိုပွကြီး- သိတယ်မို့လား။ ကျွန် တော် ဘယ်လောက်စွံတယ်ဆိုတာ။
အခုလက်ရှိမှာတင် ရည်းစားက ငါး
ယောက်။ဟိုလိုလိုဒီလိုလိုတွေကလည်း
ရွာပေါက်စေ့မှာ ရှိတယ်။ အဲဒီကောင်
မလေးတွေကိုကျွန်တော်ကစပြီး ကြိုက်
တာမဟုတ်ဘူးနော်၊ သူတို့ကစပြီးကြိုက်
ကြတာ။ အဲဒါဘာကြောင့်လဲ သိလား။
ကျွန်တော့်မှာ ပီယဆေးဆောင်ထားလို့ ပဲဗျ။ ကျွန်တော့်အဖေက အမွေပေးခဲ့ တာ။ သိတယ်မို့လား။ ကျွန်တော့် အဖေ
ကိုရှမ်းကြီးတောင် ကျွန်တော့် အမေ
ဒေါ်သန်းနု အပါအဝင်မိန်းမသုံးယောက်
ယူပြီးမှသေသွားခဲ့တာ။အဲဒါဒီပီယဆေး
ကြောင့်ပေါ့ဗျ။ အဖေဆုံးတော့ ပီယ
ဆေးလေးအမွေရပြီး ဒီလိုရွံနေတာပဲဗျ။
မသိန်းရှင်လေးနဲ့ ချိန်းထားတာ နောက်
ကျလို့ မဖြစ်ဘူး သွားဦးမယ်ဗျာ”

ချက်ကြီးရဲ့ စကားကို နားထောင် ရင်းအောက်ငုံ့နေသောပွကြီးရဲ့ခေါင်းမှာ
ဆတ်ခနဲ အပေါ်သို့ မော့လာပြီး မျက်လုံး တွေက အပြင်သို့ ထွက်ကျလာတော့ မတတ်ပြူးကျယ်လာကာချက်ကြီးလက် ကို အတင်းပြန်ဆွဲထားလျက်က… “နေ-နေပါဦးချက်ကြီးရာ။ မင်း ပြောတာတွေကတကယ်လားဟင်။ မင်း
မှာတကယ်ပီယဆေး ရှိတာလား။ ငါ့ကို လာနောက်နေတာတော့ မဟုတ်ပါဘူး
နော်”
ချက်ကြီးမှာ မိမိစကားကို ပွကြီး
စိတ်ဝင်စားသွားတာကို ကြည့်ပြီး သဘောတကျနဲ့ ပြုံးလိုက်ရင်း … “တကယ်ပေါ့ဗျာ- ဒါ နောက်စရာ လိမ်စရာမှ မဟုတ်တာ။ ကျွန်တော့်ဆီ မှာ ပီယဆေးဆောင်ထားတယ်ဆိုတာ ဘယ်သူ့မှ လျှောက်မပြောရဘူးနော်-
ကိုပွကြီး”
ချက်ကြီးရဲ့စကားကြောင့် ပွကြီး ရင်ထဲမှာကုလားဘုရားလှည့်သွားသလို
တဒုန်းဒုန်း တဒိုင်းဒိုင်း ဖြစ်သွားမိလေ သည်။ ပျော်ရွှင်လွန်းသဖြင့် ခုန်နေသော ရင်ဘတ်ပေါ်ကို လက်နှင့်ဖိထားလိုက် ရင်း …

“ချက်ကြီး- ငါ့ကို အဲဒီပီယဆေး လေး ပေးပါလားကွာ။ ငါ- မင်းခိုင်းတာ
ဘာမဆို လုပ်ပါ့မယ်။ ဝက်ချေးစားဆို
လည်း စားပါ့၊ ဒေါ်ကုလားမ ထဘီကို
သွားခိုးခိုင်းရင်လည်း သွားခိုးပါ့မယ်။
ပီယဆေးသာမင်း ငါ့ကိုပေးရင် မင်းခိုင်း
တာတွေ စတာနောက်တာတွေအားလုံး
တွေ ငါလုံးဝ စိတ်မဆိုးဘဲ ရဲရဲဝံ့ဝံ့ ခံပါ့
မယ်ကွာနော်- ချက်ကြီး”
“ဒီလို ကိုပွကြီးရေ၊ ကျွန်တော်က လည်း ပေးချင်တာပေါ့။ ဒါပေမဲ့ – သူက နေ့နံတူမှရတာဗျ။ အဖေနဲ့သားမို့ အမွေ ပေးလို့ရပေမယ့် သူစိမ်းဆိုရင်တော့ မရ ဘူး။ ကိုပွကြီးက ဘာနေ့သားလဲ” “ကြာသပတေး”
ဟနေသော ပါးစပ်ထဲမှာ သွားရည် များက ထွက်ကျလာတာမို့ လက်ခုံတွေ နဲ့ သုတ်ပစ်လိုက်ရင်း ချက်ကြီးရဲ့စကား ကိုစိတ်ဝင်တစား ဆက်နားထောင်နေမိ
သည်။
“ကျွန်တော်က တနင်္ဂနွေဗျ။ နေ့နံ
မတူရင်ပေးလို့မရဘူးဆေးမစွမ်းဘူးဗျ။
ဒါပေမဲ့ – ကိုပွကြီးလိုချင်ရင် ကိုယ့်ဟာ
ကိုယ်တော့ ဖော်လို့ရတယ်”
ပွကြီးမှာမျက်လုံးကြီးတွေပြူးထွက် လာမတတ် ဝမ်းသာသွားရင်း …

“ချက်ကြီး-မင်း- မင်းတကယ် ပြောတာနော်။ ငါ့ကို လိမ်နေတာတော့
မဟုတ်ပါဘူးနော်”
“တကယ်ပြောတာပေါ့ – ဘာလဲ
မယုံဘူးလား”
“မ- မဟုတ်ပါဘူးကွာ။ ငါ ယုံပါ တယ်။ ဝမ်းသာလွန်းလို့ပါကွာ။ ကျေးဇူး တင်လိုက်တာ ချက်ကြီးရာ။ အဲဒီဆေး နည်းငါ့ကို ပေးပါနော်”
ချက်ကြီးမှာ အထစ်ထစ်အငေါ့ငေါ့ နဲ့ ပြူးတူးပြဲတဲဖြစ်နေသော ပွကြီးရဲ့ပုံစံ
ကိုအားရကျေနပ်စွာနဲ့ကြည့်ရင်းမေးစေ့ တွေကို ဟန်ပါပါပွတ်ကာ..
“ကိုပွကြီးကို ခင်လွန်းလို့ရယ်။ တကယ်လိုအပ်နေတယ် ထင်တာရယ် ကြောင့်ပီယဆေးဖော်နည်းကိုပေးလိုက်
ပါ့မယ်။ ဒါပေမဲ့- ဘယ်သူ့ကိုမှပြန်မပြော
ရဘူးနော်”
“အေးပါ – ချက်ကြီးရာ ငါကတိပေး
ပါတယ်”
“ဒီလိုဗျ – ဆေးနည်းက လွယ်မလို လိုနဲ့တော့ မရဘူး။ ခက်တယ်ဗျ။ လူ
တိုင်းလည်း မလုပ်နိုင်ဘူး။ လုပ်တဲ့လူ
တိုင်းလည်းအောင်မြင်ချင်မှ အောင်မြင်
မှာ။ သတ္တိလည်း ရှိရတယ်။ ဖြစ်ပါ့မလား
ကိုပွကြီး”

“ဖြစ်ပါတယ်-ပြောမှာသာပြောပါ။
မိန်းမရဖို့အတွက်ဆိုရင်ဓားတောင်ကိုပဲ
ကျော်ရ ကျော်ရ၊ မီးပင်လယ်ပဲ ဖြတ်ရ
ဖြတ်ရ၊ သူကြီးထိတ်တုံးစာပဲ မိမိ ဘာကို
မှမကြောက်ဘူး”
“အဲဒီဆေးနည်းက ပရလောကနဲ့ ဆိုင်တယ်ဗျ။ လပြည့်နေ့မှာ သေသွား တဲ့ မိန်းမတစ်ယောက်ရဲ့အလောင်းကို
လကွယ်ည သန်းခေါင်ယံအချိန်မှာ
သနပ်ခါးလိမ်းပေးပြီး အဲဒီသနပ်ခါးကို
ပြန်ခြစ်ယူခဲ့ရမယ်။ ပြီးရင် – မျက်နှာကို
ဖနောင့်နဲ့သုံးချက်ပေါက်ပြီး နောက်ကို
ပြန်လှည့်မကြည့်ဘဲပြန်လာခဲ့ရမှာ။အဲဒီ
ရလာတဲ့သနပ်ခါးကိုသွားလေရာဆောင်
ထားရင်မခင်ထားတင်မဟုတ်ဘူး။ မခင်
ထားထက် ငယ်တဲ့၊ ချောတဲ့ မိန်းမ
အယောက် (၁၀၀) လောက်ကိုတောင်
အသာလေးရနိုင်တယ်ဗျ”
“ငါလုပ်မယ် – ငါလုပ်မယ်၊ အောင် မလေး – မခင်ထားလေးကိုရတော့မယ်။
မခင်ထားလေးကို ရဖို့ဆိုရင် ငရဲပြည်ကို တောင် သွားပစ်လိုက်မယ်။ ဝမ်းသာ လိုက်တာ ပျော်လိုက်တာ”
ကရင်းအော်ရင်း ပြေးထွက်သွား သော ပွကြီးကိုကြည့်ရင်း “အမှတ်မရှိ ပါလား၊ အေးလေ – အမှတ်မရှိရင်လည်း

ပွကြီးဘယ်ဟုတ်ပါတော့မလဲ”လို့တွေး
ရင်း ချက်ကြီးတစ်ယောက် သဘော
တကျနဲ့ ရယ်နေမိတာ တော်တော်နဲ့ တောင် အတောသတ်လို့မရ ဖြစ်နေရ
တော့သည်။

လကွယ်ညမို့ မှောင်မည်းနေပေ
မယ့် ကြယ်ကလေးတွေရဲ့ မှုန်ဝါးဝါး
အလင်းရောင်အောက်မှာ ပွကြီး လုပ်
စရာရှိတာကို လျင်လျင်မြန်မြန်လုပ်ဖို့
အကွက်ကျကျ စီစဉ်ထားပြီးသားမို့ ခပ်
သွက်သွက်ပဲ သချိုင်းကုန်းထဲကို
လျှောက်လာခဲ့သည်။
လှုပ်ရှားနေတဲ့ စိတ်တွေကတော့
ထိန်းမနိုင် သိမ်းမရ ဖြစ်ချင်နေသည်။
ချက်ကြီးရဲ့ ပီယဆေးနည်းကို သိရ
ကတည်းက ဒီလိုနေ့ရက်မျိုးကို စောင့်
နေခဲ့ရတာ ငါးလတောင် ကြာသွားခဲ့ရ
ပြီ။
တိတ်ဆိတ်နေသော သင်္ချိုင်းကုန်း ထဲမှာတစ်ယောက်တည်းရှိတာကိုတွေး
မိရင်း မရဲတရဲလေးတော့ ဖြစ်ချင်လာမိ သည်။ မိမိကိုမြင်ရင် သရဲတွေကတောင် ပြန်ကြောက်ကြမှာပါလေလို့ တွေးမိပြီး

စိတ်ကိုထိန်းရင်း ပေါက်တူကိုသာ တင်း တင်းဆုပ်ကိုင်ထားမိသည်။
တွေ့ပါပြီ-ဒေါ်ဘုမ (၄၂)နှစ်တဲ့။ ဘာမှ စဉ်းစားမနေတော့ဘဲ မြေပုံ
ကို စပြီးတူးလိုက်သည်။
ဝေါ
ဒုတ်- ဒုတ် – ဖုန်း – ဝုန်း- ဖလော-
တိတ်ဆိတ်နေတဲ့အချိန် ပေါက်တူး ပေါက်သံကြောင့် လက်ပံပင်ပေါ်မှာအိပ် တန်းဝင်နေတဲ့ ကျီးကန်းတွေ လန့်ဖျပ် ပြီး တဝုန်းဝုန်းနှင့် ထပျံသံတွေကြောင့် ပွကြီးမှာ လန့်သွားကာ ဖင်ထိုင်လျက်
လဲကျသွားရသည်။ အူး – အူး – အူး ကျီး
ပြိုကျသံတွေကြောင့် ရွာဘက်ဆီမှ ခွေး
တွေကပါ ဆွဲဆွဲငင်ငင်နှင့် အူလိုက်ကြ
သည်မှာ တစ္ဆေသရဲ တွေ့နေသည့်
အလားပင်။
အချိန်မီစိတ်ကို ထိန်းသိမ်းရင်းမြေ ကျင်းကိုပဲ ဆက်တူးနေမိသည်။ ဒေါ်ဘုမ က အစိမ်းသေ။ ထန်းတောထဲက ဖြတ် လျှောက်ရင်းထန်းသီးခိုင်ခေါင်းပေါ်ပြုတ် ကျလို့ လပြည့်နေ့မှာ သေသွားရတာ။ ရွာထဲမှာရော ထန်းတောထဲမှာပါ ခြောက်လိုက်သည်မှာသောက်သောက်
လဲ။ ဟိုနေရာမှာလည်း ဒေါ်ဘုမ သရဲ၊ ဒီနေရာမှာလည်း ဒေါ်ဘုမ သရဲနှင့် ည

ဘက်လူတွေ ထန်းတောထဲကိုတောင် ဖြတ်မလျှောက်ဝံ့ လောက်အောင် ကြောက်လန့်နေကြရသည်။
ပွကြီးကတော့ ပီယဆေးရတော့ မှာကို တွေးမိပြီးကြောက်ပေမယ့်လည်း ပျော်နေမိသည်။ မခင်ထားလေးနှင့် နီး စပ်ရဖို့ဆို ဒေါ်ဘုမ သရဲမပြောနဲ့ သင်္ချိုင်း
ကုန်းက သရဲမတွေအားလုံးကို တောင်
သနပ်ခါး လိမ်းပေးဝံ့သည်။ လာထား
ပေါ့။
ပေါ်လာပါပြီ- ဖျာလိပ်တစ်လိပ်၊ ဖျာ
လိပ်ကို ရွှံ့ စပ်စပ် မြေကျင်းထဲက ဆွဲ
ထုတ်လိုက်တော့ ဖျာအောက်မှာ ငါးရှဉ့် တွေက တလူးလူးတလွန့်လွန့်နှင့် ကျင်း တွေထဲ ဝင်ပြေးသွားကြတာကို တွေ့ လိုက်ရတာမို့ ပွကြီး ပျို့ချင်အန်ချင်သလို ဖြစ်သွားရသည်။
ခပ်သွက်သွက်လုပ်ရမှာမို့ သိပ် အများကြီး တွေးမနေအား။ ဖျာလိပ်ကို မြန်မြန်ဖြေချလိုက်တော့ ဒေါ်ဘုမ အလောင်းကိုဆံပင်ဖားလျားနဲ့ လုံးထွေး
ပြီး မြင်လိုက်ရသည်။ ပုပ်အက်အက်
အနံ့တွေကလည်းထောင်းခနဲထွက်လာ
ကြတာမို့ အသက်ရှူတွေပင် ကြပ်သွား
ရသည်။
“ရှပ် – ရှပ် – ရှပ်”

နောက်ကျောဘက်ဆီမှ တရှပ်ရှပ်
နှင့် ခြေသံလိုလို အသံကိုကြားလိုက်
ရတာမို့ ကြက်သီးမွေးညင်းတွေထပြီး
ခေါင်းနားပန်းကြီးသွားရသည်။ ဘေးဘီ
ဝဲယာကိုလှည့်ပတ်ကြည့်မိတော့လည်း
ဘာကိုမှ မတွေ့ရပေ။ ဒေါ်ဘုမသရဲ သူ့
အလောင်းကိုဖော်လို့ ငါ့ကို လာခြောက်
နေပြီဟု တွေးမိလိုက်တော့ ကြောက်
စိတ်တွေကဝင်လာခဲ့မိသည်။
ဒေါ်ဘုမ အလောင်းက (၁၅)ရက် လောက်ကြာခဲ့ပြီမို့ ပုပ်ပွနေသည်မှာ လုံးဝကြည့်မကောင်းတော့ပေ။ ရုပ်ပျက်
ဆင်းပျက် ဖြစ်နေပြီ။
ထန်းသီးခိုင် ပြုတ်ကျတုန်းက
ခေါင်းရော မျက်နှာပါ ထိမိထားတာမို့
မျက်နှာမှာလည်း ရုပ်ပျက်ဆင်းပျက်
အော်ဂလီဆန်စရာ ဖြစ်လို့နေသည်။
ကွဲပြဲပဲ့ရွဲ့ပြီးရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့
မျက်နှာကို သနပ်ခါးလူးဖို့နေနေသာသာ
ထိတောင်မထိဝံ့လောက်အောင်ကိုရွံ့ရှာ
ကြောက်ရွံ့သွားမိသည်။
တုန်ယင်နေတဲ့လက်တွေကိုထိန်း
ရင်းအသင့်သွေးယူလာတဲ့ သနပ်ခါးဘူး နဲ့ သံပြားကိုအထုတ် စိတ်တွေက မလုံ

မလဲ ဖြစ်လာခဲ့ရသည်။ မိမိကို စိုက် ကြည့်ခံနေရသလိုမျိုး ကျောထဲကနေ
စိမ့်တက်လာမိသည်။
“ဒေါ်ဘုမကြီး ကောင်းရာသုဂတိ
ရောက်ပါစေ။ အမျှ – အမျှ-အမျှ
ပွကြီး ဗလုံးဗထွေးနှင့် ဒေါ်ဘုမကို
အမျှဝေနေမိသည်။ မိမိတစ်သက် ဘာ ကောင်းမှုမှမရှိခဲ့လို့လားမသိ။ တရှပ်ရှပ်
အသံတွေနဲ့ မလုံမလဲ ကြောက်ရွံ့စိတ်
တွေက ပျောက်မသွား။ ရုပ်ပျက်ဆင်း
ပျက်နဲ့ပုပ်ပွဖောင်းကားနေတဲ့အလောင်း
ကောင်ကြီးကို ရှေ့မှာထားရင်း သင်္ချိုင်း
ကုန်းကြီးထဲမှာ မိမိတစ်ယောက်တည်း
ရှိနေတာပါလားဆိုတဲ့ စိတ်ကြောင့် ဒူး
တွေပင်မခိုင်ချင်တော့။ ခပ်လှမ်းလှမ်းက
လက်ပံပင်ကြီးမှာလည်းလေမတိုက်ဘဲ
အကြောင်းမဲ့ လှုပ်ခါယမ်းနေသလို ထင်
မိသည်။
မခင်ထားကို လိုချင်ရင် ကြောက်
နေလို့မဖြစ်တာမို့အားတင်းရင်းဒေါ်ဘုမ
မျက်နှာပေါ်သို့ သနပ်ခါးထူထူကိုကတုန်
ကယင်လိမ်းပေးလိုက်တော့ အေးစက်
နေတဲ့အထိအတွေ့တွေကအူယားစရာ။
ရွာဘက်ဆီမှာ အူလိုက် ဟောင်လိုက်
သည့် ခွေးတွေမှာလည်း မဟားတရား။
သနပ်ခါးက မခြောက်သေးပေမယ့် မြန်
မြန်ပြီးရောဆိုပြီး သံပြားနဲ့ အားစိုက်ပြီး
ဖိခြစ်ဆွဲလိုက်ရာ လူသေကောင်၏
သနပ်ခါးနဲ့အတူအသားစတွေပါပဲ့ထွက်
ပါလာခဲ့လေသည်။ ပဲ့ပါလာတဲ့ အသားစ
ကြီးအောက်မှ ထွက်လာသောလောက်
တွေက မြင်မကောင်းအောင် တလှုပ်
လှုပ်တရွရွ“အောင်မလေးဗျ” မြင်လိုက်
ရတဲ့မြင်ကွင်းကြောင့်အယောင်ယောင်
အမှားမှားနှင့် ကြောက်လန့်တကြား
အော်ဟစ်ရင်း နောက်ဘက်သို့ ခုန်
ဆုတ်လိုက်မိသည်။ ပျို့ချင်အန်ချင် စိတ်
က ဘယ်လိုမှ ထိန်းမရတော့တာမို့
တဝေါ့ပေါ့နှင့် ထိုးအန်လိုက်မိပြီး လွယ်
အိတ်ထဲမှာ အသင့်ထည့်ယူလာခဲ့တဲ့
အပြင်းစားတောချက်အရက်ကို တစ်
ကျိုက်တည်း မော့သောက်ပစ်လိုက်မိ
သည်မှာ ကုန်လုကုန်ခင် ဖြစ်သွားမှာပဲ
နေသာထိုင်သာ ရှိသွားရလေသည်။
ဒေါ်ဘုမအလောင်းကောင်ကြီးကို
ကြည့်ပြီး သနပ်ခါးကို ဘယ်လို ခြစ်ယူရ
မလဲစဉ်းစားနေမိသည်။ စိတ်ရှည်ရှည်နဲ့
လုပ်မှဖြစ်တော့မှာမို့ သံပြားကိုကိုင်ရင်း

သနပ်ခါးကို ဖွဖွရွရွလေး ခြစ်ယူနေမိ
သည်။
တုန်ယင်နေသော လက်တွေ
ကြောင့် လိုရာကိုမရောက်ဘဲဟိုရောက်
ဒီရောက်နှင့် ဖြစ်နေရသည်။ချောက်ချား
နေတဲ့စိတ်တွေက ထိန်းမရလောက်
အောင်ဖြစ်ပြီး သွေးပျက်နေမိသည်။
ဒေါ်ဘုမရဲ့ မျက်လုံးတွေက ပွင့်လာပြီး
ဒေါသတကြီးနဲ့ ပြူးစိုက်ကြည့်လာသလို
ခံစားရတာမို့ သနပ်ခါးနဲ့ အတူရောထွေး
နေတဲ့ အသားစနဲ့ လောက်ကောင်တွေ
ကိုပင်မဖယ်အားတော့ဘဲရသလောက်
ပဲ ခြစ်ယူပြီး လက်စသတ်ပစ်လိုက်
သည်။
နောက်ဆုံးတစ်ခုအနေနဲ့ မျက်နှာ
ကို ဖနောင့်နဲ့ သုံးချက်ပေါက်ရမှာမို့
ဒေါ်ဘုမမျက်နှာကို ခြေဖနောင့်နဲ့ရွယ်ပြီး
မျက်စိစုံမှိတ်ကာ ပေါက်ချလိုက်သည်။
“ခွပ်”
“ဖြောင်း – ဝုန်း – အား”
ဖနောင့်နှင့်မျက်နှာထိမိသောအသံ
ကြောင့် လက်ပံပင်ထိပ်ဖျားပေါ်မှ ထွက် ပေါ်လာသော အသံများကြောင့် ပွကြီး ငယ်သံပါအောင် အော်ဟစ်လိုက်မိ

သည်။ ခဏခဏ လာလာခြောက်နေ သော သရဲကိုပွကြီး မုန်းလည်းမုန်း၊
ကြောက်လည်း ကြောက်လာသည်။ သောက်ထားသော အရက်ရှိန်က လည်း တက်လာပြီမို့ လက်ပံပင်ပေါ်ကို ကြည့်လိုက် ဒေါ်ဘုမ အလောင်းကို ကြည့်လိုက်နဲ့ ဆဲဆိုနေမိသည်။
“ဒေါ်ဘုမ – အစုတ်ပလုတ်၊ကျုပ်ကို
လာခြောက်မနေနဲ့နော်။ ကျုပ်မှာ အမျှ
ပေးရအောင်လည်း ဘာကုသိုလ်မှ မရှိ
ဘူး။ ကျုပ် ပီယဆေးဖော်ပြီးရင် မခင်
ထားလေးနဲ့ ညားချင်လို့ပါ။ ဘာလဲ –
ခင်ဗျားကလည်းကျုပ်ကိုလိုချင်လို့လား။
ကျုပ်က သရဲမကြီးတွေကို မချစ်ဘူးဗျ။
ကြောက်ပဲ ကြောက်တယ်၊ ကျုပ်နဲ့ ဝေး
ဝေးကို သွားပါဗျာ”
အရူးချီးပန်း ကြောက်ကြောက်နဲ့ လျှောက်ပြောရင်း ဖနောင့်နဲ့ထပ်ပေါက် ဖို့ဟန်အပြင် သူ့ကို မျက်လုံးပြူးကြီးများ နဲ့ စိုက်ကြည့်နေသော ဒေါ်ဘုမကို မြင် လိုက်ရရာ ပွကြီး အသက်ထွက်လု မတတ် နှလုံးသွေးတွေ ဆောင့်တိုးသွား သလို ခံစားရရင်း အရမ်းထိတ်လန့်သွား မိသည်။ ပေါက်ဖို့ရွယ်ထားသော ခြေ

ထောက်တွေကလည်း အရှိန်လုံးဝထိန်း
မရတော့ဘဲ ပြူးကြည့်ပြီး သွားကြီးတွေ
ဖြဲပြနေသော ဒေါ်ဘုမမျက်နှာဆီသို့
တည့်တည့်ကြီး ကျရောက်သွားလေ
တော့သည်။
“အောင်မလေးဗျ – ကြောက်ပါပြီ
ဗျ-ဒေါ်ဘုမရ”
ငယ်သံပါအောင် သွေးပျက်လု
မတတ်အော်ရင်း ခြေထောက်တွေကို
အတင်းပြန်ရုပ်နေပေမယ့် မရ။ သွားပြီ။
ဒေါ်ဘုမ ငါ့ကို သွားတွေနဲ့ ကိုက်ဆွဲထား
ပြီဆိုတဲ့အသိကြောင့် ကြောက်လန့်
တကြား အတင်းရုန်းကန်ရင်း ပွကြီးမှာ
အားလွန်ကာ ရှေ့သို့စိုက်ပြီး လဲကျသွား
ခဲ့ရသည်။
ဗိုက်ထဲမှ စူးအောင့်နာကျင်လွန်း
သောဝေဒနာကိုခံစားလိုက်ရတာမို့သေ
ချာကြည့်မိတော့ ဒေါ်ဘုမအလောင်း
ကောင်ကြီးက ထလာပြီး သူ့ဗိုက်ထဲကို
လက်သည်းချွန်တွေနဲ့ နှိုက်သွင်းကာ
သူ့ရဲ့အူတွေ၊ အသည်းတွေကိုကိုက်စား
ဖို့ဟန်ပြင်နေတာကို တွေ့လိုက်ရသည်။
ထို့နောက် ဒူးထောက် လဲကျသွား
သည်။

“ကယ်ပါဦး- မခင်ထားရယ်”
လို့ နောက်ဆုံးညည်းတွားလိုက်မိ ရင်း သူ့ အသိစိတ်တွေ မှောင်အတိကျ သွားခဲ့ရတော့သည်။
သင်္ချိုင်းကုန်းထဲမှာပွကြီးအလောင်း
တွေ့လို့ဆိုတဲ့ သတင်းက ဂွေးတောက် ကုန်းရွာရဲ့မနက်ခင်းကို အမင်္ဂလာ ဖြစ် သွားစေခဲ့ရသည်။
တော့
အပြေးအလွှား သွားကြည့်ကြမိ
ဒေါ်ဘုမရဲ့ ပုပ်ပွနံစော်ရိ ရွဲနေတဲ့ အလောင်းကောင်ကြီးက ကျင်းနှုတ်ခမ်း
ပေါ်သို့ ရောက်လျက်ရှိနေပြီး ပွကြီး၏

ခြေထောက်တစ်ဖက်မှာတော့ ဒေါ်ဘုမ
ပါးစပ်ထဲတွင်ရှိနေကာပွကြီးဗိုက်ထဲတွင်
ပေါက်တူးကြီး စိုက်ဝင်လျက် မှောက်
လျားထိုးကြီး သေဆုံးနေတာကို အံ့ဩ
ထိတ်လန့်ဖွယ်ရာ တွေ့လိုက်ကြရလေ
သည်။
ပွကြီးနဲ့ ဒေါ်ဘုမရဲ့အဖြစ်အပျက်ကို
ဘယ်သူမှ မတွေးရ။ တစ်ယောက် တစ်
ပေါက် ထင်ကြေးတွေနဲ့ ဝေဖန်ပြောဆို
နေခဲ့ကြသည်။
အမှန်တရားကတော့ ကံကြမ္မာရဲ့ ဘေးမှာသေးငယ်မှုန်ဝါးပျောက်ကွယ်
သွားရင်းနဲ့ပေါ့။
ရွှေဝတီ