” ဘုတ်…”
အလုံးကြီးသည် မောင်သောင်း၏ ရှေ့တည့်တည့်ဆီ ကျလာပြီးတောကိ ခဏငြိမ်နေ၏။ ပြီးနောက် တဖြေးဖြေး လှုပ်ရှားလာပြီး ရုတ်တရက် ထခုန်လာကာ တစ်ပေခန့်ရှိ လူနီနီသေးသေးလေး တစ်ယောက်ပုံစံ ဖြစ်သွား၏။ သူ၏ ဦးခေါင်းထက်မှာလည်း ဂျိုသေးသေးလေး တစ်ခုပါနေ၏။
” ငါ့ကို နေ့တိုင်း လာပြီး စိန်ခေါ်နေတာ မင်းလား”
လူနီလေးက အသံစူးစူးနှင့် မေးလာ၏။ မောင်သောင်းမှာ လူနီလေးကို ကြည့်ရင်း အနည်းငယ် ကြောက်သလို၊ တုန်လှုပ်သလိုပင် ဖြစ်လာရသည်။ သို့သော် သူသည် စိတ်ကို အနည်းငယ် ပြန်တင်းလိုက်ပြီး
” ဟုတ်တယ်။ မင်းနဲ့ ငါ လောင်းငြေးထပ်ပြီး နပမ်းလုံးချင်လို့…”
“မင်းက လောင်းကြေးနဲ့ နပမ်းလုံးချင်တယ်။ ဟုတ်လား။ အေး…ငါကလည်း အဲ့ဒီလို မလုံးရတာ နှစ်ပေါင်း ငါရာလောက်ရှိပြီကွ။ အတော် ကြာပြီ။ အခုတော့ အကြိုက်ပဲ…ဟဲ…ဟဲ…ကဲ မင်းဘက်က လောင်းကြေးစပြောပေတော့…”
” ကောင်းပြီလေ။ ငါနိုင်ရင် မင်းငါ့ကို ချမ်းသာအောင် လုပ်ပေးရမယ်။ မင်းနိုင်ရင်တော့ ငါ့အသက်ပေးမယ်”
မောင်သောင်းမှာ လူနီသေးသေးလေးပေမို့ သူနိုင်မည်ဟု တစ်ထစ်ချ ယုံကြည်ကာ ပြောမိပြောရာ ပြောလိုက်သည်။
” အင်း…မဆိုးပါဘူး။ မင်းလောင်းကြေးက…။တကယ်လို့ ငါနိုင်ရင် မင်းရဲ အသက်ကိုငါယူမယ်။ ြပိးရင် ဒီနေရာမှာ ငါ့အစား စောင့်ရှောကိပေးရမယ်”
” ဟုတ်ပြီလေ…ကြိုက်ပြီ…”
သူတို့နှစ်ဦး လောင်းကြေးကို နှစ်ဦးသား သဘောတူညီမှု ရလေပြီ။ ထို့နောက်တွင်တော့ မောင်သောင်းမှာ လူနီလေးအား နပမ်းဝင်လုံးရန် ဟန်ပြင်လိုက်၏။ သိူ့သော် လူနီလေးမှ
” ဟေး….ခဏနေဦးလေ။ ငါက ဒီခန္ဓာကိုယ်လေးနဲ့ လုံးရင် မင်းကို ရှုံးမှာပေါ့ဟ။ ခဏစောင့်ဦး…”
လူနီးလေးမှာ ပြောပြောဆိုဆို ထန်းပင်ဆီ လှစ်ခနဲ ပြေးကာ တစ်ပတ်ပတ်လိုက်သည်။
” ရပြီ…”
” ဟင်…”
သူ့ရှေ့ကို လှစ်ခနဲ ပြန်ရောက်လာသော လူနီလေးကြောင့် မောင်သောင်း အံ့အားသင့်သွားရ၏။ အဘယ့်ကြောင့်ဆိုသော် အခုနက တစ်ပေခန့်သာ ရှိသော လူနီလေးသည် ယခုတော့ သူနှင့် လယ်ဗယ်တန်းရှိ လူနီကြီး ဖြစ်နေ၏။
” ဟေ့ကောင် လာလေကွာ။ လုံးကြမယ်…”
လူနီမှာ ” လုံးကြမယ်” ပြောရင်း ရုတ်တရက်ကြီး မောင်သောင်းအား ဝင်လုံးလေတော့သည်။
*****
ဘကြီးအောင်မှာ မောသွားဟန်ဖြင့် းကားစကို ဖြတ်လိုက်ပြီး ရေနွေးတစ်ခွက်ကို မှုတ်သောက်သည်။ ပြီးနောက် ဆေးပေါ့လိပ်အား မီးညှိကာ အားရပါးရ ဖွာရှိုက်၏။
” အဲ့ဒါဆို နပမ်းလုံးတာ မောင်သောင်းက နိုင်သွားလား ဘကြီး…”
ကျွန်တော်မှ ဘကြီးကို ဇာတ်လမ်းသိချင်ဇောနှင့် မေးလိုက်၏။
” အင်း နိုင်သွားတယ်ကွ..ဒါပေမယ့်နော်…သူနိုင်တယ်ဆိုတာက ဉာဏ်သုံးလိုက်လို့။ နို့ဆို မောင်သောင်းအခြေအနေမဟန်ဘူး…”
” ဟုတ်ကဲ့…”
သို့နှင့် ဘကြီးမှာ ဆက်လက်၍ ပြောပြလေပြန်၏။
*****
မောင်သောင်းနှင့် လူနီတို့ နပမ်းလုံးနေသည်မှာ တစ်နာရီ ဝန်းကျင်ခန့်ရှိလေပြီ။ အစပိုင်းမှာ လက်ရည်သည် သူမသာ၊ ကိုယ်မသာ လယ်ဗယ်ရှိနေသော်လည်း တဖြေးဖြေးအချိန်ကြာလာသည်နှင့်အမျှ မောင်သောင်းမှာ လူသားပေမို့ သက်လုံကျလာလေပြီ။ သို့စော် လူနီမှာတော့ ယခုအချိန်ထိ မောပန်းဟန်လုံးဝမရှိပေ။ တစ်ချက်တစ်ချက်တွင့ မောင်သောင်းတစ်ယောက်ညမျက်လုံးများပင် ပြာဝေလာခဲ့၏။
ကြာသော် မောင်သောင်းမှာ သူ့အတွက် စိုးရိမ်လာမိ၏။ ထိုအချိန်ဝယ် မောင်သောင်းမှာ ကြောက်စိတ်တွေ ဝင်လာမိတော့၏။ သိူ့နှင့် သူသည် လူနိလေးအား လုံးဝအရေးနိမ့်မည် အခြေအနေဖြစ်နေခဲ့လေပြီ။ ထိုအချိန်ဝယ် မောင်သောင်း၏ မျက်စိအစုံက နံဘေးမှ စေတီလေးကို မြင်မိလိုက်ပြီး ဘုရားကို အာရုံပြုလိုက်ကာ စိတ်ထဲမှ ”” သဗုဒ္ဓေဂါထာတော်ကြိး”” ကို စဉ်ဆက်မပြတ်ရွတ်ဆိုတော့၏။ သူဂါထာတော်ကြီးကို ရွတ်ဆိုချိန်မှစ၍ လူနီ၏ တိုက်ခိုက်မှုတို့သည် သူ့အပေါ် ထိရောက်မှု မရှိတော့။ သူ၏ တိုက်ခိုက်မှုသည်သာ လူနီအပေါ် ထိခိုက်မှု ရှိလာ၏။ သို့နှင့် နောက်ဆုံးတွင်တော့ မောင်သောင်းမှာ လူနီကလေးအား လုံးနေရင်းဖြင့် လုံးဝမလှုပ်နိုင်တော့အောင် အပိုင်ချုပ်ကိုင်နိုင်ခဲ့လေ၏။ လူနီ ရှုံးသွားလေပြီ။
” ဟား…ဟား…ငါနိုင်ပြီကွ…”
မောင်သောင်း ဝမ်းသာအားရ ထအော်သည်။ လူနီလေးသည် သူ့အား ပြုံး၍ ကြည့်နေ၏။ ခဏကြာသော် လူနီလေးမှ
” ငါ ရှုံးပေမယ့် ဒီနေ့အတွက် ကျေနပ်တယ်ကွာ။ အခုလို ငါ့နပမ်းမလုံးရတာ အတော်ကြာပြီကွ။ ကဲ…အခု ငါရှုံးပြီဆိုတော့ မင်းပြောထားတဲ့ လောင်းကြေးအတိုင်းလုပ်ပေးမယ်”
လူနီလေးစကားကြောင့် မောင်သောင်း အလွန်ပျော်ရွှင်သွား၏။ စိတ်ထဲတွင်လည်း သူ့ကိုသူ သူဋ္ဌေးကြီးညတစ်ဦးအဖြစ် မြင်ယောင်မိပြီး ချစ်ရသူနှင့် လက်တွဲ၊ မိခင်ဖြစ်သူကိုညဆေးကုသပေးရမည့်အပေါ် တွေးရင်း ဝမ်းသာလုံး ဆို့နေ၏။ သို့ကြောင့် လူနိလေးအား ကြည့်ကာ
” ဘာပဲပြောပြောဗျာ။ အခု ကျုပ်က နင်းပြားဘဝကနေ ခင်ဗျားကြောင့် ချမ်းသာရတော့မှာဆိုတော့ ကျုပ်က ခင်ဗျားကို ကျေးဇူးဆပ်တဲ့ အနေနဲ့ တစ်နှစ်ကို တစ်ခါ အမဲသားအဝလာကျွေးမယ်ဗျာ…”
” ဟာ…မင်းတကယ်ပြောတာနော်…”
” ကျုပ်ကတိပေးတယ်ဗျာ။ တကယ်လို့ ဒီကတိမတည်ခဲ့ရင် ကျုပ်အသက်ကို ခင်ဗျားယူဗျာ…”
သူတို့နှစ်ဦး တစ်ဦးကို တစ်ဦးကြည့်ကာ ကျေနပ်ပျော်ရွှင်နေကြလေ၏။
******
” ဒါဆို မောင်သောင်းက ချမ်းသာသွားတာပေါ့နော်။ ဟုတ်လား..ဘကြီးအောင်…”
” အေးပေါ့ကွ။ ချမ်းသာသွားတဲ့အပြင် သူဋ္ဌေးကြီးကလည်း သူတို့ချစ်သူနှစ်ဦးကို သဘောတူလိုက်တော့ မောင်သောင်းအတွက် အပျော်ပေါ် အပျော်ဆင့်ရတာပေါ့ကွာ။ အဲ့ဒီကနေစလို့ မောင်သောင်းဟာ လူနီလေးကို တစ်နှစ်တစ်ခါ အမဲသား အဝကျွေးသကွ။ ကျွေးတဲ့အခါမှာလည်း အခြားသူကို မသိစေဘဲ သူတစ်ယောက်ထဲသာ သွားကျွေးတာ။
ဒါကြောင့် သူတို့ရဲ့ အဖြစ်အပျက်ကိုတော့ ကပ္ပိယကြီးက လွဲပီး ဘယ်သူမှ မသိလေဘူး။ ဒါပေမယ့်…”
” ဒါပေမယ့် ဘာဖြစ်လဲ ဘကြီး”
” မောင်သောင်းက ချမ်းသာပြီးောနက်ပိုင်း လေးနှစ်လောက်အကြာ စစ်ပွဲတွေ ဖြစ်လာတော့ သူ့မိသားစု လုံခြုံမှုရှိအောင်ဆိုပြီး မြို့ပေါ်ကို ပြောင်းသွားခဲ့တယ်ကွ။ သူမြို့ကို ပြောင်းသွားပြီးနောက်ပိုင်း စစ်မီးက တိုင်းပြည်အနှံ့လောင်မြိုက်နေတော့ကွာ…မောင်သောင်းမှာ တစ်နှစ်တစ်ခါ ရွာကိုပြန်လာပြီး လူနီလေးကို အမဲသား မကျွေးနိုင်တော့ဘူး။ ဒါပေမယ့် သူ့အနေနဲ့ လူနီလေးကို ပေးထားတဲ့ဘကတိကိုတော့ လုံးဝမမေ့ဘူး။ အခြေအနေကြောင့်သာ သွားမကျွေးနိုင်တာ။ ဒီလိုနဲ့ နောက် ၁၀ နှစ်လောက်အကြာမှာတော့ စစ်မီးက ငြိမ်းခဲ့ပြီ။ အဲ့ဒီ့အချိန်မှာတော့ မောင်သောင်းဟာ ရွာကို ပြန်လာခဲ့ပြီး လူနီလေးကို အမဲသားကျွေးဖို့ အားချင်းစီစဉ်တယ်ကွ…”
******
မောင်သောင်းတစ်ယောက် ရွာကို မိသားစုလိုက်ပြန်လာပြီး ရွာရောက်ရောက်ချင်းမှာ ရွာထဲက နွားတစ်ကောင်ကို ဝယ်ပြီး ချက်ချင်းပေါ်စေ၏။ ရွာကိုတော့ ”အသားတွေ အလှူပေးရန်”ဟု အကြောင်းပြထားလေသည်။
နွားပေါ်ပြီးချိန်မှာတော့ မောင်သောင်းသည် ကောင်းပေ့၊ ညွှန့်ပေ့ဆိုတဲ့ အသားဆယ်ပိသာခန့်ကို သပ်သပ်ခွဲထားပြီး ကျန်အသားများကို ရွာထဲ လိုက်ဝေစေ၏။ သို့ကြောင့် သူ၏ လုပ်ရပ်ကို ရွာမှလူများ ရိပ်မိကြခြင်းမရှိပေ။
သို့နှင့် ညရောက်ပြီး လူခြေတိတ်ချိန်မှာတော့ မောင်သောင်းတစ်ယောက် အိမ်ကလူတွေ မသိအောင် အိပ်ရာက အသာထပြီး ကြိုပြီးပြင်ထားတဲ့ အမဲသားတောင်းကို ထမ်းကာ ရွာပြင်စေတီကုန်းကလေးဆီကို ထွက်ခဲ့သည်။ စေတိကုန်းပေါ် ရောက်ပြီးနောက် မောင်သောင်းလည်း ထန်းပင်ကြီးဆီကို သွားကာ လက်နှင့် ပုတ်လိုက်ပြီး လူနီလေယကို ခေါ်လိုက်၏။ သို့သော် လူနီလေးမှာ အတော်နှင့် ပေါ်မလာ။ မောင်သောင်း ထပ်ခေါ်သည်။ ထိုအချိန်ဝယ် ထန်းပင်၏ ထိပ်ဖျားဆီမှ ” ဝုန်း” ဟူသော အသံကြီးနှင့်အတူ အရပ်ဆယ်ပေခန့်ရှိတဲ့ လူနီကြီး ခုန်ဆင်းလာပြီး မောင်သောင်းကို ဒေါသမျက်လုံးတွေ နှင့် စိုက်ကြည့်ကာ
” မောင်သောင်း မင်းက မင်းရဲ့ ကတိကို ဖျက်ခဲ့တယ်။ အေး…အဲ့ဒီအတွက် ငါက မင်းပေးထားတဲ့ကတိအတိုင်း မင်းအသက်ကို ယူရလိမ့်မယ်…”
” ဟာ…မ..မဟုတ်ဘူး။ ကျုပ်..ကျုပ်..”
မောင်သောင်းမှာ လူနီလေးအား သူ့အဖြစ်အပျက်ကို ရှင်းပြ၏။ သိူ့သော် လူနီကလေးမှာ
” ဘာပဲပြောပြော အဲ့ဒါက မင်းကိစ္စပါ မောင်သောင်း။ ငါ့ကတော့ ပေးထားတဲ့ဘကတိကို တန်ဖိုးထားတဲ့ အနေနဲ့ မင်းကို သတ်ရလိမ့်မယ်”
လူနီကောင်ကြီးမှာ မောင်သောင်းဆိ တဖြေးဖြေးတိုးလာ၏။ မောင်သောင်းမှာ အခြေအနေကို ကြည့်ပြီး သူ့အတွက် လုံးဝမကောင်းတော့ပြီမို့ နောက်လှည့်ကာ ထွက်ပြေးဟန်ပြင်လိုက်စဉ် ခြေထောက်မှာ ခဲလုံးတစ်ခုကို ခလုတ်တိုက်ပြီး လဲကျသွား၏။ ထိုအချိန်ဝယ် လူနီကောင်ကြီးသည် မောင်သောင်း၏ ခန္ဓာကိုယ်အား ဆွဲယူကာ ကိုင်ပေါက်လိုက်တော့သည်။
*****
နောက်တစ်နေ့ နံနက်မှာတော့ ရွာကလူအများသည် သူဋ္ဌေးကြီ မောင်သောင်း ပျောက်ဆုံးနေသဖြင့် ရွာစဉ်လှည့်ကာ ရှာဖွေကြရင်း ဘုရားကုန်ဆီ အရောက်တွင်တော့ တစ်ကိုယ်လုံးရှိ အရိုးတို့ စိစိညက်ညက် ကျေနေကာ မျက်လုံးကြီးပြူး၊ လျှာတသ်လစ်ထွက်ကာ သေဆုံးနေသည့် မောင်သောင်းကို တွေ့ကြရတော့သည်။
သူ့နံဘေးတွင်လည်း မနေ့က သူသပ်သပ်ခွဲထားသော အမဲသားတောင်းကြီးကား ပုံစံမပျက်ရှိနေ၏။ ရွာသူရွာသားများသည် မောင်သောင်း၏ အဖြစ်အပျက်ကို ကြည့်ပြီး အချို့က ” လူသတ်မှု” ဟု ယူဆကြသလို၊ အချို့ကလည်းညမောင်သောင်းသည် သူမွေးထားသော သရဲကြီးကို အစာလာကျွေးစဉ် သရဲကြီးမှ စိတ်ဆိုးပြီးညသတ်သည်ဟု အထင်ရှိခဲ့ကြ၏။
သို့သော် ထိုအချိန်ဝယ် မောင်သောင်း၏ သေဆုံးမှုကို သိရ်ှနေသူကား တစ်ဦးတစ်ယောက်သာ ရှိနေလေသည်။ ထိုသူကတော့ မောင်သောင်း၏ အလောင်းကြီးကို သေချာစွာ စူးစိုက်ကြည့်ရင်း တစ်ဖက်မှညထန်းပင်ကြီးထက်ကို တစ်ချက်မော့ကြည့်ကာ ခေါင်းကို အသာခါရမ်းရင်း စေတီကုန်းကလေးပေါ်မှ ပြန်တင်းလာသော ကပ္ပိယကြီးမှညတစ်ပါး…။
*****
“ဟင်း…လူနီလေးကလည်း မောင်သောင်းက စစ်ကြီးကြောင့် လာမကျွေးနိုင်တာကို နားမလည်ပေးနိုင်ဘူး…အတော်ရက်စက်တာပဲ…”
” အင်း….ဒါကြောင့် ပြောတာပေါ့ကွ။ နတ်နှင့် နဂါး၊ ပရသားတို့ကို ကတိသစ္စာ ပေးပြီးပါက ဘယ်သောအခါမှ
မလည့်စားနဲ့…” လို့ ဆိုခဲ့တာပေါ့။ ဒါပေမယ့် အချို့ သဘောထားကြီးသူတို့က အကြေုင်းပြချက်ကို နားလည်ပြီး ခွင့်လွှတ်ပေးပေမယ့်လို့ အချို့ကကျတော့ ဒေါသကြီးပြီး ခွင့်မလွှတ်တတ်ဘူး။ အခုမောင်သောင်းကြုံခဲ့သလို ပရလောကသားလိုပေါ့…”
ဘကြီးအောင်မှာ ခေါင်တဆတ်ဆတ်ငြိမ့်ရင်း ပြော၏။ ကျွန်တော်မှ
” ဒါနဲ့ ဘကြီး။ ကျွန်တော် မရှင်းတာတစ်ခု ရှိနေတယ်။ အဲ့ဒါက လူနီဟာ ရွှေတွေကို ဘယ်က ဘယ်လိုရသလဲ။ ပြီတော့ ဒီဇာတ်လမ်းကို ကပ္ပိယကြီးက လွှပြီး ဘယ်သူမသိဘူးဆိုပြီး ဘကြီးက ဘယ်လိုသိနေတာလဲ…”
ကျွန်တော့၏ မေးခွန်းကြောင့် ဘကြီးအောင် ပြုံး၏။ ပြီးနောက်
” အေးကွ…ငါသိသလောက်ပြောပြရရင် အဲ့ဒီ့ လူနီလေးတွေက ရွှေတွေကို အလွန်ဝေးတဲ့ အရပ်ကနေ သွားခိုးလာပြီးပေးတာတဲ့။ အင်း…နောကိတစ်ခုကကျတော့ သူတို့တွေက မြေအောက်မှာ မြှုပ်နေတဲ့ လူမသိတဲ့ ရတနာတွေကို တူးပြီး ပေးတာဆိုပဲ။ အဲ..ဒီအကြောင်းကို ဘကြီးက ဘာလို့ သိနေရသလဲဆိုရင်တော့ ကပ္ပိယကြီးက ဘကြီးရဲ့ အဖိုးဖြစ်ပြီး။ သူက ဘကြီးရဲ့ အဖေကို ပြောပြရာကနေ ဘကြီးက ပြန်သိရတာပဲ။ ကဲ…ကဲ…ကောင်လေးတွေ။ အချိန်လည်း အတော်လင့်ပြီ။ ဒီတော့ညမင်းတို့တွေ ရွာထဲ မပြန်ကြတော့နဲ့။ ငါ့နဲ့ အတူ တလင်းထဲမှာပဲ အိပ်ကျတော့…”
ဘကြီးအောင်မှာ ကောင်းကင်ထက်က လမင်းကြီးကို မော့ကြည့်ရင်း ပြော၏။ ပြီးနောက် အားလုံး အိပ်ရန်နေရာကို ပြန်လိုက်ပြီး ကိုယ်ဆီ လှဲလျောင်းနေလိုက်ကြတော့သည်။
ထိုညက ကျန်လူများ အိပ်ပျော်နေခဲ့သော်လည်း ကျွန်တော် တစ်ယောက်မှာတော့ ဘကြီးအောင်ပြောပြသော လူနီကလေး၏ အကြောင်းကို စဉ်းစားရင်းဖြင့် မိုးလင်းခါနီးမှ ပင် အိပ်ပျော်ခဲ့ပါတော့သည်။
ပြီးပါပြီ။
နောင်ရိုး(ဆေးတပ်)