အဘိုးကြီး၏ ဆံပင်၊ မုတ်ဆိတ်၊ နှုတ်ခမ်းမွေးတို့မှာ ဗျိုင်းတောင်ကဲ့သို့ ဆွတ်ဆွတ်ဖြူနေပြီး မုတ်ဆိတ်ဖြူတို့ကရင်ဘတ်အထိ ကော့ကျနေသည်။ မဟာနဖူးနှင့် လိုက်ဖက်သော မျက်ခုံးမွေးဖြူဖြူ ထူထူအောက်မှ နက်မှောင် တောက်ပသော်လည်း ကြည်လင်နေသည့် မျက်လုံးအစုံ၏ အကြည့်က မိုးသီး၏ တစ်ကိုယ်လုံးကို ဖောက်ထွင်း ကြည့်လိုက်သည့် အလား ခံစားလိုက်ရသည်။
အဘိုးကြီးကမိုးသီးအားစေ့စေ့စပ်စပ်ကြည့်ကာတည်ငြိမ်၍ဩဇာရှိလှ
သောအသံဖြင့် –
လိမ့်”
“ထိုင်ပါ… မောင် – ထိုင်ပါ၊ ဘယ်ပုံဘယ်နည်းနဲ့များ မျက်စိလည်လာပါ
အဘိုးကြီးကမေးရင်းမှမြေကရားအိုးထဲမှရေနွေးကြမ်းများကိုအကြမ်း ပန်းကန်တွင်ထည့်၊ မိုးသီးရှေ့တိုးပေးပြီးမေးလိုက်သည်။
မိုးသီးကလည်း အဖေတစ်ခုသားတစ်ခုဘဝနှင့် ကြိမ်လုံး (မြစ်)နှင့် ဝါး မြစ်များတူးဖော်စားသောက်ပုံ၊ယနေ့ညမှဤသို့မျက်စိလည်နေစဉ်တဲတွင်းမှ မီးရောင်လက်လက်မြင်တွေ့၍အရဲစွန့်လာခဲ့ရကြောင်းပြောပြဖြစ်သည်။
သူ့ရှင်းပြချက်အဆုံးတွင် အဘိုးကြီးက-
“အင်း…လူတွေ..လူတွေသမုဒ္ဒရာဝမ်းတစ်ထွာအတွက်ဆင်မကြောက် ကျားမကြောက် လုပ်ကိုင် စားသောက်ကြရတာပဲ။ မောင်ရင်လေးလည်း ဆာလှရောပေါ့။ ဘာမှမပူနဲ့နော်။ ဒီတစ်ညအိပ်ပြီးမနက်ကျလမ်းပြလိုက်ပြ ပါ့မယ်ကွယ်။ သမီးရေ… မောင်ရင်လေးကို ထမင်းကျွေးလိုက်ပါဦးကွယ်” အဘိုးအိုက တဲတွင်း ထရံတစ်ချပ်သာ ခြားထားသော အခန်းတွင်းသို့ တစ်ဆက်တည်း အသံပြုလိုက်သည်။
တဲအတွင်း အဘိုးကြီးတစ်ယောက်သာ ရှိနေသည်ဟု ထင်ခဲ့ခြင်းမှာ မှားယွင်းကြောင်း မိုးသီးသိလိုက်ရသည်။
“ဟုတ်ကဲ့… အဘ”
အခန်းတွင်းမှ ညင်သာလှသော ခြေသံနှင့်အတူ မိန်းမချောကလေး တစ်ဦးထွက်လာသည်။
ဘဝကြမ်း၊ အလုပ်ကြမ်း၊ ပင်ပန်းသောခရီးကြမ်းလျှောက်ခဲ့ရ၍မိန်းမလှ
လေးများ၏အလှကိုဂဃနဏမမြင်ဘူးသော်လည်း၎င်းတို့အားလုံး၏အလှ
က ဤမိန်းမပျိုနှင့်စာလျှင် အကျည်းတန် အရုပ်ဆိုးများ ဖြစ်ကုန်ကြမည်ဟု မိုးသီးထင်သည်။
အသက်နှစ်ဆယ်ခန့်ရှိ၍ခန္ဓာကိုယ်နှင့်လိုက်ဖက်သည့်အရပ်အမောင်း ခြေမျက်စိထိ ကျနေသည့် ဆံကေသာ၊ နက်မှောင်သည့်မျက်ခုံး၊ နီရဲသော နှုတ်ခမ်း၊ သမင်မငယ်၏မျက်စိအစုံနှင့်မိန်းမပျိုလေးတစ်ဦး။
အချောအလှ၊ အနုအယဉ်ကိုစာမဖွဲ့တတ်သောမိုးသီး။ လှသည်။ ချော သည်။ ယဉ်ကျေးသိမ်မွေ့သည် ဆိုခြင်းထက် ဘာမှ မပြောတတ်။
မိုးသီး စိတ်ဝင်စားသည်ကမိန်းမပျိုလေး၏ အချောအလှ၊ အနုအယဉ် ထက် ဝတ်စားဆင်ယင်မှု။ မိန်းမပျိုလေး ဝတ်စားဆင်ယင်မှုက သူတို့ရွာနှင့် လှည်းကူးမြို့ပေါ်က မိန်းမပျိုလေးများနှယ်မဟုတ်။
အငြိမ့်၊ ဇာတ်စသည်တို့တွင်း – နတ်ကတော်ယိမ်းလား၊ နတ်သမီးယိမ်း လားမသိ။ ဝတ်ဆင်ထားပုံအတိုင်း။
အဖြူရောင်အင်္ကျီလက်ရှည် မထူမပါးတွင် ကတောင်ကဲ့သို့ အကော့ အပျံများနှင့် ထမီကလည်းထိုင်မသိမ်းထမီကဲ့သို့ တဲကြမ်းပေါ်တွင်ပုံကျနေ
သည်။
အလွယ်ဆုံးပမာပြရပါလျှင် ရာဇဝင်ရုပ်ရှင်ဇာတ်ကားမှ သရုပ်ဆောင် ရှေးနန်းတွင်းသူတစ်ဦးအလား။
မိန်းမပျိုလေးကဧည့်သည် (မိုးသီး) ထမင်းစားရန် ပြင်ဆင်နေသည်။ မိုးသီး စိတ်ရှုပ်လာသည်။
ကမ္ဘာလောကကြီးဘာတွေဖြစ်နေသနည်း။
ဤနေရာတစ်ဝိုက် မဆိုထားနှင့်ပဲခူးရိုးမအတွင်း၌ လမ်းပြလုပ်စားခဲ့
သောမိုးသီး။
ယနေ့မှမကြုံစဘူးမျက်စိလည်သည့်။
ထူးဆန်းသော မြေးအဘိုး။ ချောမောလှပသည့် မိန်းမပျို။ လူသူမနီးတောကြီးတွင်းမှ တဲတစ်လုံး။
မြောက်မြားစွာသော ဂမုန်းပင်များ။
အတွေးလွန်နေသည့်မိုးသီး။ တွေးနေရင်းမှမျက်စိအစုံကတဲခေါင်းရင်း ဘုရားခန်း ရောက်သွားသည်။ ဘုရားခန်းတွင် ကြည်ညိုဖွယ် ရုပ်ပွားတော် တစ်ဆူ။ ပန်းရေ ဆီမီးတို့မပြတ်။ ရုပ်ပွားတော်မဏိတော်မှ ရောင်ခြည် ခြောက်သွယ်ကကွန့်မြူးနေသည်။ သူ့အားဤတဲသို့လာစေရန်ဤရောင်ခြည် တော်များကလမ်းညွန်ခဲ့ခြင်းဖြစ်ကြောင်း တွေးတောမိ၍ရိုသေလေးမြတ်စွာ ဦးသုံးကြိမ်ချ ရှိခိုးပူဇော်လိုက်မိသည်။
ကွယ်”
“သာဓု…သာဓု…သာဓု-လူကလေး”
“သမီးရေ … ရှင်နှောင်း သမီးအစ်ကိုအတွက် အာဟာရလုပ်လေ
“ဟုတ်ကဲ့… အဘ အသင့်ဖြစ်နေပါပြီ။ အစ်ကိုကြီး – ထမင်းသုံးဆောင် ဖို့ ကြွပါရှင်”
နတ်မိမယ်လေး၏ ကရဝိက်သံကြောင့် မိုးသီးသတိပြန်ဝင်လာသည်။ ဆာလွန်း၍ ဣန္ဒြေပင် မဆည်နိုင်တော့။ အသားဟင်း မဟုတ်မှန်းသိသော် လည်း နူးညံ့ပျော့ပျောင်းသောဟင်းလျာတို့က ခံတွင်းကို မြိန်စေသည်။
“အစ်ကိုကြီး … အားမနာနဲ့နော်။ အဝသာသုံးဆောင်ပါရှင်” နတ်မိမယ်လေး၏အလှရသကို ခံစားရင်း ထမင်းမြိန်နေသောမိုးသီး။ တဲပြင်သို့ထွက်လိုက်၊ကောင်းကင်သို့မော့ကြည့်လိုက်၊ ပြန်ဝင်လာလိုက်
နှင့် ဂနာမငြိမ်သော အဘိုးကို သတိပြုမိသည်။
ထမင်းစားပြီး၍ ထိုင်ကာ၊ နတ်မိမယ်လေးနှင့် စကားပြောရန် ဟန်ပြင် နေခိုက် အဘိုးတဲတွင်းပြန်ဝင်လာပြန်သည်။
လရောင်ဆမ်း၍ပွင့်လန်းနေသောဂမုန်းပန်းတို့၏ရနံ့ကရင်ကိုအေးမြ
လန်းဆန်းသွားစေသည်က အမှန်။
အတန်ကြာတိတ်ဆိတ်သွားမှုကိုမိုးသီးကစတင်အသံပြုလိုက်သည်။ “ဒီက…နှမလေးတို့ခြံထဲမှာဂမုန်းပင်တွေအများကြီးပဲနော်။ နောက်ပြီး နာမည်မကြားဘူး။ မမြင်ဘူးတဲ့ဂမုန်းတွေကပိုများတယ်နော်” “ဪ … လူကလေးလည်း ဂမုန်းပင်တွေ စိတ်ဝင်စားသလားကွယ့်၊ အဘဆီမှာတော့ ဂမုန်းပိုစုံသပေါ့၊ တန်ဖိုးကြီးမားသိဒ္ဓိနဲ့ပြည့်စုံတဲ့ ဂမုန်းပင် ဆိုတာတွေ့ခဲ့ရပါသော်ကော-လူလေးရယ်”
နတ်မိမယ်လေး၏စကားသံကိုစောင့်ဆိုင်းနေစဉ်အဘိုးကကြားဖြတ် ဝင်ပြောလာ၍မိုးသီးနားထောင်နေပြီး အလိုက်သင့်ပင် –
“ကျွန်တော်ကတော့ သစ်ပင်ဆိုတာ မြေကြီးပေါ်မှာစိုက်ရင် ရှင်တယ် ဆိုတာလောက်ပဲသိပါတယ်။ အဘ – ထူးဆန်းတဲ့ဂမုန်းနဲ့ပတ်သက်တဲ့ဗဟု သုတဖြစ်စရာများရှိရင်ပြောပြစေချင်ပါတယ်အဘ”
အဘိုးက … ရေနွေးကြမ်းတစ်ခွက်မော့လိုက်ပြီးမှ –
“သက်ကြီးစကား သက်ငယ်ကြားဆိုသလိုပေါ့ လူလေးရယ်။ ခုနစ်ရက်
သားသမီးတွေဟာမိမိနဲ့လိုက်ဖက်တဲ့ရတနာတွေကိုဝတ်ဆင်ရတယ်ကွယ့်။ ဒါကိုဓာတ်ကျတယ်လို့ခေါ်တယ်။ မိမိနဲ့ မတည့်တဲ့ ရတနာ ဝတ်ဆင်တဲ့အခါ ခိုက်တတ်သကွယ့်။ ခိုက်တယ်ဆိုတာ ဆုတ်ယုတ်လျောကျ၊ ပျက်စီးတာ ပေါ့ကွယ့်”
“ထို့အတူ ဂမုန်းပင်ဆိုတာကလည်း လူလေး ပြောသလို ဖြစ်ကတတ်
ဆန်းနေရာမရွေးစိုက်လို့ရတဲ့အပင်မျိုးမဟုတ်ဘူး။လူလေးသေသေချာချာ မှတ်ထားနော်။ ဂမုန်းစိုက်မယ့် တနင်္ဂနွေ သား၊သမီးများဟာ ပုလဲရတနာကို ခံပြီး တနင်္လာဂမုန်းပင်ကို စိုက်ရသကွယ့်။ တနင်္လာသားသမီးများလည်း အတူတူပဲပေါ့။ အင်္ဂါသားသမီးအတွက်ဆိုရင် သန္တာရတနာခံပြီး အင်္ဂါနံဂမုန်း ကိုစိုက်။ ဗုဒ္ဓဟူးသားသမီးဆိုရင် မြရတနာခံပြီး ဗုဒ္ဓဟူးနံဂမုန်းကိုစိုက်။ ကြာသာပတေး သားသမီးများကတော့ ဥဿဖရား ဒါမှမဟုတ် ကြောင် ကျောက်ခံပြီး ကြာသပတေးနံ ဂမုန်းကိုစိုက်၊ သောကြာသားသမီးဆိုရင် စိန်ရတနာခံပြီး သောကြာနံဂမုန်းကိုစိုက်။ စနေသားသမီးများကတော့ နီလာရတနာခံပြီး စနေနံဂမုန်းပင်တွေစိုက်ရသကွယ့်”
“အဲသလို … ခုနစ်ရက်သားသမီးများ ခုနစ်နေ့မှာ ရတနာ ခုနစ်သွယ် ဂမုန်းချယ်ဆိုသလိုရွေးချယ်စိုက်ပျိုးပါမှဘေးအန္တရာယ်ကင်း၊ ကျန်းမာရေး ကောင်း၊ငွေကြေးပြည့်စုံ၊အကြံအစည်တွေအောင်မြင်တတ်တယ်လို့ပညာ ရှိများမိန့်ဆိုခဲ့သကွယ့်။ တို့နိုင်ငံမှာတော့ ပုပ္ပားဒေသဟာ ဂမုန်းပင်စုံလင်တဲ့ နေရာကြီးပေါ့။ မိမိလေ့လာလိုက်စားတဲ့ ဂန္ဓာရီပညာရပ်များမှာလည်း ထိုက်သင့်ရာ ဂမုန်းကို အသုံးပြုကြရသကွယ့်”
“ကနေ့အဘိုးတော့ လူလေးဟာ မရည်ရွယ်ဘဲ အဘိုးတို့ဆီကို ရောက်လာသူဆိုတော့ လူလေးနဲ့ ထိုက်တန်တဲ့ ဂမုန်းပင်တော့ အဘက လက်ဆောင်ပေးရမှာပေါ့။ အဲဒါကတော့ သိပ်ရှားပါးပြီး ကာယသိဒ္ဓိ၊ ပီယ သိဒ္ဓိပြီးစေတဲ့ “ကညာဂမုန်း”ပဲကွယ့်။ လူလေးဉာဏ်ရှိသလို အသုံးပြုပါ။ အောင်မြင်ကြီးပွားရစေမယ်ကွယ့်။ အဲ-လူကလေးကလည်းဒီတစ်ညတော့ အဘိုးတို့ကို တစ်ခု ပြန်ကူညီစေချင်သကွယ့်၊ ဒါကလည်း လူလေး ကူညီမှ ဖြစ်မယ့် ကိစ္စမို့ပါ။ ကနေ့ညမှာ လူလေးရဲ့နက္ခတ်ဟာ စန်းယှဉ်ပြီး အထွတ် အထိပ်ရောက်၊ စန်းရောလဂ်ပါ တက်နေတဲ့အမြင့်ဆုံးအချိန်အခါပဲ”
ထမင်းလည်း စားပြီးပြီ။ မိုးလုံလေလုံ တစ်ညသာအိပ်စက် အနားယူ မည့်နေရာလည်းရှိ၊နတ်မိမယ်လေး၏အလှကွန်ယက်တွင်မိန်းမောနေသည် ကတစ်ကြောင်းတို့ကြောင့်မျက်နှာလိုမျက်နှာရဖြစ်နေချင်သောမိုးသီး- “ပြောပါအဘိုး.. ကျွန်တော် ဘယ်လိုကူညီပေးစေချင်ပါသလဲ”
သူ့စကားအဆုံးတွင်အဘိုးကခေါင်းရင်းခန်းရှိမြတ်ဗုဒ္ဓရုပ်ပွားတော်မြတ်
အားဦးသုံးကြိမ်ချလိုက်ပြီး မြတ်ဗုဒ္ဓရုပ်ပွားတော်၏ရှေ့ဘက်မှလက်မခန့်သာ
ရှိသောပုလင်းငယ်လေးတစ်လုံးကိုယူလိုက်ပြီးမိုးသီးလက်ထဲသို့ထည့်ပေး
ကာ –
“ဒီ – ခြံဝိုင်းထဲလိုက်ပက်ပေးရမှာလား အဘိုး”
“မဟုတ်သေးဘူး … လူလေးရဲ့ ၊ ဒီတဲရဲ့နောက်က မြင်းဇောင်းထဲမှာ အဘိုးတို့မြင်းငညိုရှိတယ်။ ငညိုကိုတက်ခွပြီး ပုလင်းထဲကရေကို တစ်စက် ချင်းချပေးပါ။ပုလင်းထဲကရေကုန်သွားရင်လူလေးတာဝန်ပြီးပြီပေါ့။မြင်းရော
စီးတတ်သလားကွယ့်” “စီးတတ်ပါတယ်…အဘိုး”
“အေးလေ… အတိုင်းထက်အလွန်ပေါ့”
“လာ…လူလေး မြင်းဇောင်းထဲက ငညို့ဆီသွားရအောင်” အဘိုးနောက်မှမိုးသီးထလိုက်သွားသည်။
တဲဝရောက်မှ ခြင်္သေ့လည်ပြန်လှည့်ကြည့်မိသည်။
နတ်မိမယ်လေးက သူ့ကိုကြည့်၍ ရယ်ရွှင်ပြုံးတုံ့၊ မပြုံးတုံ့။ တဲနောက် မြင်းဇောင်းထဲတွင် အားကောင်းမောင်းသန် ဒေါက်မြင့်မြင်းကြီး တစ် ကောင်။
အဘိုးက စုတ်တစ်ချက်သတ်၍ မိုးသီးကို ငညိုကျောပေါ်တက်စေ သည်။ ဇက်ကြိုး၊ ပါးချပ်ကြိုးများဝတ်ဆင်ကာ မိုးသီး၏ လက်ထဲထည့်ပေး ပြီး…
“မြင်းနဲ့ဆိုတော့ မြန်တာပေါ့ လူလေးရယ်၊ အဘိုးပြောတာကို မမေ့နဲ့ ပုလင်းထဲက ရေကို တစ်စက်ချင်းသာ ချသွားနော်။ ရေကုန်သွားရင် ငညို ပြန်လှည့်လာလိမ့်မယ်”
“ကိုင်း … သွားပေတော့ လူလေးရေ၊ အောင်မြင်ပါစေကွယ်” အဘိုးကငညိုတင်ပါးကိုတစ်ချက်ပုတ်ပေးလိုက်သည်။မြင်းဇက်ကြိုးကို ထိန်းရင်းမှ မိုးသီးတစ်ယောက် ငညို သယ်ဆောင်ရာသို့ ပါသွားတော့ သည်။
အစတွင် ငညိုက အသားကျလေးဖက်သွားရာမှ တစ်စတစ်စ ဒုန်းစိုင်း ပြေးတော့သည်။ရိပ်ခနဲကျန်ခဲ့သောတော၊တောင်၊သစ်ပင်တို့ကဝေး၍ဝေး၍
ကျန်ခဲ့သည်။
စီးစက တခွပ်ခွပ် ခွာသံများကို ကြားရသော်လည်း တစ်စစခွာသံတို့က ပျောက်ကွယ်သွားသည်။
ငညိုခြေထောက်နှင့်မြေကြီးထိမှ ထိပါလေစဟု မိုးသီးထင်မိသည်။ လူရောမြင်းပါတစ်စတစ်စမြင့်တက်လာသည်။ သည်တော့မှမိုးသီးငုံ့ကြည့်
မိသည်။
အကယ်ပင်ငညိုခြေထောက်သည်မြေကြီးနှင့်မထိတော့။လူရောမြင်းပါ
ကောင်းကင်တိမ်လွှာကြားတွင် ရောက်နေသည်။
မိုးသီးတစ်ချက်အောက်သို့ ငုံ့ကြည့်လိုက်သည်။
ချောင်းငယ်များ တောနှင့်တောင်များသည် လရောင်အောက်တွင် မွဲ ခြောက်စွာ ကျန်ရစ်ခဲ့သည်။ ခြောက်သွေ့သော လွင်ပြင်များကို တွေ့ရမှ လက်တွင်းရှိ ပုလင်းငယ်၏ အဖုံးကိုဖွင့် ရေကိုတစ်စက်ချင်းချ၊ လက်စနှင့် အဝကို ပြန်ပိတ်၊ ရေစက်တစ်စက်မျှ ပြန်ပိတ်။ ကြောက်ရွံ့အားငယ်စိတ်လုံးဝမရှိ။
လိုတရမင်းသားတစ်ပါးနှယ် မြင်းငညိုနှင့် ဝေဟင်ထဲဝဲပျံလျက်။ သည်လိုပုံနှင့်သာ ပုလင်းထဲက ရေစက်ကို တစ်စက်ချင်းချနေပါက
တော်တော်နှင့် ပြီးမည်မဟုတ်။
မြန်မြန်ကုန်ပါမှမြန်မြန်ရောက်၊နတ်မိမယ်လေး၏မျက်နှာကိုအကြာကြီး ကြည့် စကားတွေ တစ်ဝကြီးပြောချင်လာမိသည်။ အချစ်နတ်ဘုရားမလေးရှင်နှောင်း၏မျက်နှာကိုအမြန်ဆုံးမြင်တွေ့ချင်လာမိသည်။
ထို့ကြောင့် ပုလင်းလေးထဲရှိ ရေများကို တရဟော သွန်ချလိုက်တော့
နှစ်ကြိမ် သုံးကြိမ်ခန့် သွန်ချလိုက်ပြီး ပုလင်းထဲ ကြည့်လိုက်သည်။
ပုလင်းထဲတွင် ရေတစ်စက်မှ မရှိတော့။
စောစောက ကြည်လင်နေသော ကောင်းကင်ပြာကြီးက မိုးမည်းတို့ တရိပ်ရိပ် တက်လာသည်။ အပူဒဏ်ထက် အအေးဓာတ်က လွှမ်းခြုံလာသည်။
ငညိုက မည်းမှောင်နေသော မိုးတိမ်လိပ်များပေါ်မှ ဖြတ်ကျော်နေ
တစ်စထက်တစ်စ နိမ့်ဆင်းလာသော မိုးသီးနှင့်ငညိုကိုပင် မိုးရေစက် တို့စွတ်စိုလာသည်။
စောစောကခြောက်သွေ့နေသောနေရာတိုင်းတွင်မိုးကန့်လန့်ကာတို့က
နေရာအနှံ့ လွှမ်းခြုံထားသည်။
ရေခမ်းခြောက်နေသော အင်းအိုင်ချောင်းမြောင်းတို့တွင် ရေတို့ တရဟော စီးဆင်းနေသည်။ မျက်စိကျိန်းမတတ် ဝင်းလက်သည့်လျှပ်စီး၊ နားပွင့်မတတ်ပစ်ချသည့်မိုးကြိုးသံ၊တဝေါဝေါတဝုန်းဝုန်းနှင့် သည်းထန်လ
ဇွန်းသည့်မိုးနှင့်လေနှင့်မုန်တိုင်းနှင့်ကြားမှ မိုးသီးနှင့်ငညိုတို့တဲဝသို့ပြန်လည်
ရောက်ရှိလာကြပြီ။
တဲဝတွင် ခက်ထန်သော မျက်နှာနှင့်အဘိုးက စောင့်ကြိုနေသည်။ နတ်မိမယ်လေးရှင်နှောင်း၏ ပဝင်းသော မျက်နှာ၊ ငွေလ ရွှင်ပျပျက ပြိုတော့မည့်မိုး အဘိုးက စကားတစ်ခွန်းမှ မပြောတော့ဘဲ ငညို့ကိုဆွဲ၍ မြင်းဇောင်းဆီသို့ ထွက်သွားသည်။ ရှင်နှောင်းကလည်း တဲထဲ ပြန်ဝင်သွား သည်။
မိုးသီး… ဘာလုပ်ရတော့မှန်းမသိ။
အဘိုး…နောက်လိုက်ရမည်လား။ နတ်မိမယ်လေးနောက်လိုက်ရမည် လားမသိ။ ဝေခွဲမရ။
ထိုစဉ်အဘိုးပြန်ရောက်လာပြီး သူ့မျက်နှာအား မကြည့်တော့ပဲ။
“လူလေး….အဘိုး စကား နားမထောင်ပဲကိုး” ဟု ပြောသည်။ “အို..ပြီးတာတွေပြီးသွားပါပြီ။ ပြန်ဖျက်လို့မှမရတော့ပဲလေ။ အဘိုးနဲ့ မြေးလေးတို့တော့ ဒဏ်ပေးခံရတော့မယ်၊ ရှင်နှောင်း .. သမီး လူလေးကို အိပ်ရာခင်းပေးလိုက်ပါ။လူလေး…အိပ်ပါစေတော့ကွယ်။အဘိုး..ခဏနေရင်
ပြန်လာမယ်”
အဘိုးက ပြောပြောဆိုဆို ကုန်းဆင်းလမ်းအတိုင်း အောက်ဘက်ဆီ ဆင်းသွားသည်။
“အစ်ကို့ကြောင့် … ရှင်နှောင်းတို့ အပြစ်ပေးခံရတော့မယ်။ ဒါပေမဲ့ ဘယ်တတ်နိုင်မလဲ အစ်ကိုရယ်၊ ကံတရားပေါ့၊ ကံစီမံရာခံကြရတာပါပဲလေ”
အိပ်ရာခင်းပေးနေသော နတ်မိမယ်လေးကတတွတ်တွတ်။
“ဘယ်သူတွေက ရှင်နှောင်းတို့ကို အပြစ်ပေးမှာလဲ … အစ်ကိုကြောင့် ဆိုရင် အစ်ကို ခံပါ့မယ်။ ရှင်နှောင်းတို့မခံစေရပါဘူး”
“အစ်ကို … ဘာမှ မသိပါဘူး။ အစ်ကို့မှာလည်း အပြစ်မရှိပါဘူးလေ။ ဘယ်သူမပြုမိမိမှုပါ။ ကံတရားကိုလှည့်စားလို့မရပါဘူးလေ” နတ်မိမယ်လေးက စကားပြောပြီးအထ မိုးသီးက ရုတ်တရက် စိတ်ကို မထိန်းနိုင်တော့ပဲရှင်နှောင်း၏လက်တစ်ဖက်ကိုဆွဲလှည့်ကာသွယ်လျသော
ခါးလေးကိုဖက်လိုက်ပြီးနူးညံ့လှသည့် ပါးမို့မို့လေးအားအနမ်းမိုးရွာချလိုက်
တော့သည်။
မျက်စိထဲ မီးဝင်းဝင်းတောက်ကာ ဝုန်းခနဲ အသံကြီးကြီး ကြားလိုက် ရပြီးမိုးသီးဘာမှမသိတော့။
မိုးရေစက်များကြောင့် မိုးသီး ပြန်သတိရလာသည်။ လဲနေရာမှအထ သူ့လက်ထဲတွင်အဘိုးပေးမည်ဆိုသောကညာဂမုန်းတစ်ပင် ဆုပ်ကိုင်ထား
ကြောင်း သတိထားမိသည်။
တဲကလေး မြင်းကြီးငညို အဘိုးနှင့် ရှင်နှောင်းတို့ မည်သူမျှမရှိ။ မရှိ
တပေါင်းလပြည့်ကျော် (၁)ရက်နေ့ မိုးကားသဲသဲမဲမဲ။ နေရာတိုင်းတွင် ရေတို့ဖွေးလျက်။
သူသည် ဆန်းကြယ်လှသော ဂမ္ဘီရအိပ်မက်ကို မြင်မက်ခဲ့သည်လား။ ဖြစ်ရပ်မှန်လေလား။
သူ့လက်ထဲမှ ကညာဂမုန်းပင်ကမူ စိမ်းလန်းလျက်။
→ ကျော်မင်းညွန့် (လှည်းကူး)