အောင်မြတ်သာနှင့်ဆံဖြူ ကဝေမ (စ/ဆုံး)

….

အဲဒီအချိန်ကစပြီး ရွာထဲကလူတွေ

အမယ်အိုကြီးဆီ ဟင်းတွေ စားစရာတွေ နေ့တိုင်းပို့ပေးကြတော့သည်။

အမေအိုကြီးကို.ရွာထဲပြန်ခေါ်တော့ သူကမလိုက်ဘူး။

ရွာပြင်မှာနေတာ စိတ်ချမ်းသာတယ်ဆိုပြီး ရွာပြင်မှာပဲ နေတယ်။

…..

ရွာထဲက ကလေးတွေ ကယောင်ကတမ်းဖြစ်ပီဆိုတာနဲ့ အမေအိုကြီးဆီ ပြေးပြီး အကူညီတောင်းရတယ်။

သူကဟိန်းဟောက်ရုံနဲ့ ကလေးတွေ ဖြစ်နေတာ ပျောက်တယ်။

တစ်နေ့တော့ ..

အမေကြီး အမေကြီး..

ရွာထဲက ထွန်းကျော် သားလေးကို.သရဲဝင်ပူးနေတယ်ထင်တယ်။

ကယ်ပါဦး.အမေကြီးရယ်။

အေးအေး.ငါလိုက်လာမယ်။ ပြန်တော့ဆိုပြီး မောင်းထုတ်တယ်။

ခဏနေတော့ အမေအိုကြီး ရွာထဲရောက်လာတယ်။

အိမ်ရှေ့ရောက်တော့..

ဘယ်သူများလဲလို့ လက်စသတ်တော့ နယ်ကျော်လာတဲ့ ကောင်ကိုး..

ဟဲ့အကောင် နင်ဘာလိုချင်လို့ ဒီကလေးကို ဒုက္ခပေးတာလဲ။

ငါ. ငါ အမဲစားစားချင်တယ်

အမဲအူတွေစားချင်တယ်

မစားရရင် ဒီကလေးရဲ့ ကလီစာတွေကို စားမယ်။

တယ်. ရာရာစစ

ငါအခုလုပ်လိုက်ရင် နင်တော့သေတော့မယ်။

….

ဒီကလူတွေက ဆင်းရဲသားတွေဟဲ့

နင်ပြောတာ ဘယ်လိုကျွေးနိုင်မလဲ

ငါကောင်းကောင်းပြောနေတယ်

ပြန်မလား.မပြန်ဘူးလား

အဟီးအဟီး .

မပြန်ဘူး မပြန်ဘူး စားရမှပြန်မယ်

အဲလိုလား နင်က.

ရတယ်.

ကဲ သားရေ

သားကြီးရေ.

ဒီနယ်ကျော်တဲ့ကောင်ကို ဆုံးမလိုက်စမ်းလို့ ပြောလိုက်တာနဲ့ ..

ရပ်ကြည့်နေတဲ့ လူတွေထဲက တစ်ယောက် အိမ်ပေါ်ပြေးတက်သွားတယ်။

….

ထိုလူကိုတွေ့တော့ ဝင်ပူးနေတဲ့သရဲက

ထိန်.. ထိန်ပင်စောင့်ကြီး..

ထိန်ပင်စောင့်ငထီးကွဆိုပြီး ဝင်ပူးနေတဲ့ လူကို. ဂုတ်တက်ခွပြီး လည်ပင်းညစ်ပါလေရော။

ဟားဟားဟားဟား နယ်ကျော်လာတဲ့ကောင်

ထွက်မလား.မထွက်ဘူးလား

…..

ထွက်မယ် ထွက်မယ်

ငါသူ့ကိုမနိုင်ဘူး

ထွက်မယ်

….

ခဏနေတော့ ထိန်ပင်စောင့်ဝင်တဲ့လူကို အမေအိုကြီးက တောင်ဝှေးနဲ့ထိုးပြီး .

သားကြီး သွားတော့လို့ပြောလိုက်တာ

ဝင်ပူးနေတဲ့သူ မေ့လဲကျသွားတယ်။

အဲဒီတော့မှ ဝင်ပူးနေတဲ့ သရဲလဲ ကလေးကိုယ်ကနေ ထွက်သွားတော့တယ်။

…..

…..

အောင်မြတ်သာအကြောင်း နည်းနည်းလေးဆက်ရအောင်။

ထိုအချိန်တွင်.အောင်မြတ်သာက သူ့ဆရာကြီးတိက္ခနဲ့ အထက်လမ်းအင်းပညာတွေကို.ဆည်းပူးနေချိန်..

ပညာလဲ အဆင့်မြင့်မြင့် ရောက်နေတဲ့အချိန်

ခရီးတစ်ခုသွားရင်း အနန်းရွာလေးကနေ ဖြတ်ရတယ်။

အချိန်ကလင့်နေပီမို့ ရွာထဲမှာ ခဏဝင်နားမလို့ ရွာထဲအဝင်..

အလို. ငါ့ကျောတွေ စိမ့်ပြီးအေးလာပါလား

လေတိုက်တာလဲမဟုတ် ထူးတော့ထူးပြီ

….

အချိန်ကားနေဝင်ရီတရော.

နွားရိုင်းသွင်းချိန်..

ဆရာကြီးတက္ခကိုကြည့်တော့

ခေါင်းဆတ်ပြတယ်။

အဓိပ္ပါယ်က ပညာသည်ရှိနေပြီဆိုတဲ့.သဘော

ထိုအချိန်.

အလိုလေး.ဆရာကြီးနဲ့ဆရာလေးတို့ပါလား

ရွာထဲအလည်လာတာလားဆိုပြီး ရွာပြင်တဲအိမ်လေးထဲကနေ ဆံပင်ဖြူဖွေးနေတဲ့အဖွားအိုတစ်ယောက်ထွက်လာတယ်။

ဒီညတော့ အေးဆေး နားလိုက်ဦးပေါ့..

မနက်ဖြန် အခွင့်သင့်ရင် ပညာလေးတော့.စမ်းချင်သား အဟီးအဟီးအဟက်အဟက်..

အောင်မြတ်သာနဲ့ ဦးတက္ခက တစမယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ..

ရပါတယ်ဗျာ..

မနက်ဖြန် အမေကြီးနဲ့ပညာဖလှယ်ရတာပေါ့။

အသက်တော့ချမ်းသာပေးနော်.အမေကြီးဆိုတော့ ဟိုက ကျိုးနေတဲ့သွားတွေပေါ်အောင် ရီတယ်။

ပြီးတော့ ဒါက မပြောတတ်ဘူးကွယ့်လို်ပြောပြီး အိမ်ထဲပြန်ဝင်သွားလိုက်တယ်။

အောင်မြတ်သာတို့လဲ အနန်းရွာမှာ တစ်ညအိပ်ပြီး မနက်ကျတော့ အမေအိုကြီးရှိရာ ထွက်လာခဲ့ လိုက်တော့သည်။

…..

အမေအိုကြီးက အဆင်သင့်စောင့်နေလေရဲ့

ကဲ စလိုက်တော့မလား.

ဦးတိက္ခက အောင်မြတ်သာ.မင်းပညာတွေ စမ်းကြည့်ပေါ့။

ဒီအမေအိုကိုနိုင်ရင် မင်းပညာတစ်ဖက်ကမ်းခတ်ပြီ သူက ကဝေအဆင့်ရဲ့အမြင့်ဆုံးလောက်မှာ ရှိတယ်

….

အောင်မြတ်သာက ခေါင်းညိမ့်ပြပြီး

အမေကြီး သက်သက်ညှာညှာလေး လုပ်ပါလို့ ပြောပြီး။

သစ်ပင်အောက်ဝင်ထိုင်လိုက်တယ်။

ထိုစဉ် အမေအိုကြီးက တောင်ဝှေးကို လေပေါ်ဝှေ့ယမ်းလိုက်တာ..

ရွှီး ရွှီး ရွှီး ရွီှး..

မြွေတွေ ဘယ်ကဘယ်လိုရောက်လာမှန်း.မသိ

အောင်မြတ်သာ.ဒါတိုက်မြွေနော် သတိထား

ဆရာကြီးသတိပေးသံကထွက်လာတယ်။

အောင်မြတ်သာလဲ မြေကြီးပေါ်စည်းတား လိုက်တယ်။

မြွေအကောင်ပေါင်းများစွာက ထိုစည်းကိုကျော်လိုက်တာနဲ့ ကောက်ရိုးမျှင်လေးတွေ ဖြစ်ဖြစ်.သွားတယ်။

အမေကြီး ကျွန်တော်အတွက် ထိုင်ဖို့ ကောက်ရိုးလက်ဆောင်ပေးတာ ကျေးဇူးပါလို့ ပြောလိုက်တော့.

ဟိုကရှူးရှူးရှဲရှဲဖစ်သွားတယ်။

ပြီးတာနဲ့ တောင်ဝှေးကို အောက်မြတ်သာဘက် ထိုးပြီး ..နှုတ်ကတစ်စုံတစ်ခုရွတ်လိုက်တယ်ဆိုရင်ဖြင့်

တောင်းဝှေးထိပ်က အနက်ရောင်အခိုးငွေ့တွေ ထွက်လာတယ်။

သူပညာကုန်ထုတ်နေပီ အောင်မြတ်သာကို အသေတိုက်နေပီ။

ထိုအငွေ့တွေက နဂါးအဆိပ်ငွေ့လို့ခေါ်ပြီး ထိမိ တာနဲ့ အရည်ကြည်ဖုတွေ ထလာပြီး မီးလောင်သလို သေမှာ။

အောင်မြတ်သာလဲ မညှာတော့ပဲ လက်ဖဝါးပေါ် ၈ကွက်အင်းဆွဲပီး လက်ဖဝါးနဲ့ကာလိုက်ရုံဖြင့်

ထို၈ကွက်အင်းက အောင်မြတ်သာကို ကာကွယ်ထားသလိုဖြစ်သွားတယ်။

အဆိပ်ငွေ့တွေက ၈ကွက်အင်းနဲ့ထိပြီး.ပျောက်ပျောက်သွားတယ်။

အမယ်အိုလဲ ..

သူရဲ့ပညာအကုန်ထုတ်ပြီး တိုက်လေပြီ။

နွားအတိုက်

ကျွဲအတိုက်

ဘီလူးအတိုက်

အစိမ်းအတိုက်

သို်ပေသော်ငြား အောင်မြတ်သာရဲ့ ငယ်ထိပ်မှာ ဆရာသခင်ဆွဲထားပေးတဲ့ အင်းကြောင့် အတိုက်မှန်သမျှအနားမရောက်ကုန်။

အောင်မြတ်သာတောင်.အံ့သြစေရတဲ့ အတိုက်တစ်ခုကို အမယ်အိုကြီးသုံးလေပီ။

ထိုအတိုက်ကား

သူမနိုင်ရင် သူသေရမည့်အတိုက်

ပညာစမ်းပွဲကား.တစ်ဖြေးဖြေးပြင်းထန်လာတယ်။

အသက်ကိုပါလောင်းကြေးထပ်လိုက်လေပြီ။

အမယ်အိုကြီးရဲ့ တစ်ကိုယ်လုံးအခိုးငွေ့တွေထွက်လာတယ်။

မျက်လုံးတွေနီရဲပီး မျက်လုံးထဲကပါ.အငွေ့တွေ ထွက်လာနေတယ်။

အောင်မြတ်သာ ဒါ လောင်မီးကျင့်စဉ်ပဲ..

အရမ်းအန္တရာယ်များတယ်။ အမေအိုကြီး ဒုက္ခရောက်တော့မယ်။

အောင်မြတ်သာလဲ နောက်ဆုံးအခြေအနေအရ အမေအိုကြီးအသက်အန္တရာယ်ကို.မထိခိုက်အောင် လုပ်ရတော့မယ်။

အောင်မြတ်သာ အချုပ်အင်းကို စရေးပြီ

ထိုအင်းကား မည်သူမျှ လှုပ်မရအောင် ချုပ်သည့် အင်း

အမေအိုကြီး အဝတ်စတွေတောင် မီးလောင်လုဆဲဆဲ

အောင်မြတ်သာလဲ ထိုင်ရာမှထပြီး အမေအိုကြီး ရှိရာ အင်းချပ်ကို.ပစ်လွှတ်လိုက်တယ်။

အင်းချပ်ကား ပိုက်ကွန်သဖွယ်ထွက်လာပြီး အမေအိုကြီးကို.ချုပ်လိုက်လေပီ။

ရုန်းတယ် ချုပ်တယ်

ရုန်းလေ လှုပ်မရလေ

အမေအိုကြီး.ပါးစပ်ကနေထွက်နေတဲ့.အခိုးငွေ့တွေ တစ်ဖြေးဖြေးပျောက်သွားတယ်။

ထိုအင်းမသုံးပါက အမယ်အိုကြီးကိုယ်ကထွက်တဲ့ အခိုးငွေ့တွေ ထိုမှတစ်ဆင့်မီးတွေလောင်တော့မှာ သူကိုယ်သူသေကြောင်းကြံစည်သလို တကယ်လို့ အောင်မြတ်သာကို အဲဒီမီးထိပါက အောင်မြတ်သာ ပြာကျပီ။

လောင်မီးကျင့်စဉ်တောင် ကျင့်ထားတယ်ဆိုထဲက တော်ရုံအစွမ်းမဟုတ်

ထို့ကြောင့် အမယ်အိုအသက်မထိခိုက်အောင် အချုပ်အင်းသုံးပြီး.ထိန်းထားရခြင်းဖြစ်တယ်။

အမေအိုကြီးကတော့ သူ့ကိုချုပ်နိုင်ခဲ့တဲ့ အောင်မြတ်သာကို အံံ့သြတဲ့အကြည့်နဲ့ ကြည့်ပြီး မျက်ရည်တွေ ကျလာခဲ့တယ်။

လူလေး အမေ မှားပီ

လူလေးကိုနိုင်ချင်တဲ့စိတ်ကြောင့် အမေစဉ်းစားဉာဏ်မဲ့လုပ်ခဲ့တယ်။

လူလေးက လူငယ်ပေမယ့် ပညာမငယ်ဘူးဆိုတာ အမေသိသွားပါပီ။

ဒီပညာတွေကိုလဲ အမေမကောင်းတဲ့နေရာမှာ မသုံးတော့ပါဘူး။

ကတိပေးပါတယ်ကွယ်။

ရပါတယ်အမေကြီးရယ်ဆိုပြီး ချုပ်ထားတာ.ပြန်ဖြေပေးလိုက်တော့ အောင်မြတ်သာကို ရှိခိုးဖို့အလုပ်

အမေကြီး ကျွန်တော်ငရဲကြီးပါ့မယ်။

အမေကြီးရွာကို တတ်တဲ့ပညာနဲ့ ကူညီပေးပါလို့ တောင်းဆိုပါတယ်လို့ဆိုတော့ ..

အမယ်အိုကြီးက.ခေါင်းလေးညိမ့်ပြတယ်။

ဆရာကြီးတက္ခကတော့ ပြုံးပြီးကြည့်နေလေရဲ့..

ထို့နောက်.အမေကြီးကိုနှုတ်ဆက်ပြီး လိုရာခရီးကို.ဆက်လက်ထွက်ခွာသွားလေတော့သည်။

လေးစားစွာဖြင့်

ဇေယန (ရာမည)

#ညမဖတ်ရ