“မိစ္ဆာရေကန်မှ အတိတ်ရန်ကြွေး”

 

ညအချိန်မီးတောက်ကား အလျံတညီးညီးတောက်လောင်ခြင်းနဲ့အတူ နတ်ဆရာ ၏သေဆုံးနေပြီဖြစ်သော အလောင်းသည်လည်း အိမ် အတွင်းပါသွားခဲ့ပြီဖြစ်သည်။
ရွာနဲ့ အတန်ငယ်အလှမ်းဝေးသောကြောင့် နတ်ဆရာသေဆုံးသော ကိစ္စ အိမ်မီးလောင်သောဖြစ်ရပ်များအားမနက်မိုးလင်းမှရွာသားများသိရခြင်းနဲ့တူ အားလုံးထိတ်လန့်ကြောက်ရွံ့တုန်လူပ်သွားသည်။
ထိုအဖြစ်အပျက်များသည် တစ်ရွာလုံးထိတ်လန့်တုန်လူပ်ဖွယ်အဖြစ်အပျက်များ၏ အစပင်ဖြစ်သည်ကို ထိုစဉ်ကမည်သူမျတွေးထင်ထားခဲ့ခြင်းမရှိကြပေ။
သို့သော်ထိတ်လန့်တုန်လူပ်ဖွယ်ကောင်းသော အဖြစ်အပျက်များ ရွာအတွင်းကျရောက်လာသော ညတစ်ညရောက်လာခဲ့ပြီဖြစ်သည်။

ထိုညသည်လပြည့်ညပင်ဖြစ်သည်..

လရောင်အောက်တွင် ရွာကလေးသည်အေးချမ်းစွာဖြင့်အိပ်မောကျနေချိန်….

လမင်းကြီးအတွင်းမှ ဖောက်ထွက်ပြန်သန်းလာသယောင် အရိပ်တစ်ခုသည် လေပေါ်ဝဲပျံလျက် ရွာအနားတဖြည်းဖြည်းနီးကပ်လာခဲ့ပြီဖြစ်သည်။
ထိုလူရိပ်သည် ရွာထိပ်တောင်ကုန်းထိပ်တွင် ရပ်လျက် လက်တချက်ဝှေ့ယမ်းလိုက်ယာ လရောင်နောက်ခံဖြင့် ငှက်တစ်အုပ်သည် ပျံဝဲလာနေသည်ကိုတွေ့လိုက်ရသည်။
လင်းနို့များပင် တစုတစည်းတည်းဖြင့် ရွာဖက်ဆီပြန်လာရင်း ရွာနားရောက်သော အခါ ရွာအတွင်းထိုးစိုက် ပျံဆင်းလိုက်ကြတော့သည်။

“အား..အီး …အောင်မလေး….ကယ်ကြပါအုံး…”

တိတ်ဆိတ် ငြိမ်သက်နေသောတစ်ရွာလုံးသည် အော်ဟစ်ပြေးလွားသော အသံများနဲ့အတူ ငရဲပွက်သည့်အလားဆူညံ့သွားတော့သည်။

လင်းနို့ငှက်များသည် သာမန်ထက်အကောင်ကြီးပြီး နီရဲသော မျက်လုံးများဖြင့်သာမာန်လင်းနို့များနဲ့မတူချေ အိပ်ပျော်နေသော ရွာသားများကို ကိုက်ခဲပြီးသွေးစုပ်ခြင်းပင်ဖြစ်သည်။
လင်းနို့သွေးစုပ်ခံရသော ရွာသားများမှ တစ်ကိုယ်လုံးပြာနှမ်းလျက် သေဆုံးကုန်ကြကာ ထွက်ပြေးလွတ်မြောက်သူအနည်းငယ်သာ ရှိပြီး တစ်ရွာလုံး နီးပါးလင်းနို့များလက်ချက်ကြောင့်သေဆုံးကုန်ကြတော့သည်။

ထိုမြင်ကွင်းအားတောင်ကုန်းထိပ်မှမိန်းမပျိုသည် အစအဆုံးသေချာကြည့်လျက် တစ်ရွာလုံးအော်ဟစ်သံများ တဖြည်းဖြည်းလျော့ကျသွားသောအခါ လေပေါ်ပျံဝဲလိုက်ရင်းမိစ္ဆာရေကန်ကြီးအတွင်းဦးတည်ပျံသန်းသွားတော့သည် သူ့နောက်တွင်ကား လင်းနို့ငှက်များသည် အုပ်စုဖွဲ့ ပြန်သန်းလိုက်ပါလာခဲ့ကြတော့သည်။

……………………………………………………………..

ဒီနေရာမှာ ရွာကထွက်သွားတဲ့ မင်းခေါင်အကြောင်း ပြန်လည်ဖော်ပြပါမည်။

မင်းခေါင်သည် ရွာမှထွက်လာရင်း မြို့ပေါ်တွင်းကြုံရာကျပန်းလုပ်ကိုင်ရင်း သူငယ်ချင်းတစ်ယောက်အဆက်အသွယ်ဖြင့် ကျောက်သွားတူးရန် လိုက်သွားတော့သည်။
ကျောက်တွင်းတွင် ပင်ပန်းကြီးစွာ ငတ်တလှည့်ပြတ်တလှည့်လုပ်ကိုင်ရင်းမှ မင်းခေါင်တစ်ယောက် ငှက်ဖျားမိကာ လအတန်ကြာနလန်ထူရန် အချိန်ယူခဲ့ရသည်။
သူ့စိတ်အတွင်းမြနှင်းနဲ့ ရွာအားသတိရသော်လည်းလူကြုံမရှိသောကြောင့် သတ်ိရကြောင်းစာပင်တစ်စောင်မရေးနိုင်လောက်အောင် အခက်တွေ့လှသည်။
သူနေကောင်းပြီး သူငယ်ချင်းကရွာပြန်ရန်ဝိုင်းပြောသော်လည်း သူအပြန်လမ်းကိုစောင့်နေမည့်မြနှင်းမျက်နှာမြင်ယောင်ကာ ဒီအတိုင်းမပြန်လို၍ သူကြိုးစားခဲ့သည်။
သူကြိုးစားမူ ရလတ်အဖြစ် အတန်သင့်ကောင်းမွန်သော ကျောက်တစ်လုံးအောင်မြင်၍ ရောင်းချရသောငွေအားသူငယ်ချင်းငါးယောက်နဲ့ ခွဲဝေယူရင်း သူရွာသို့ပြန်လာခဲ့တော့သည်။

မင်းခေါင်မျော်လင့်ချက်များဖြင့် လျောက်လာသောသူ့ခြေထောက်များသည်မြေကြီးနဲ့ထိသည်ဟုပင်မထင် သူ့စိတ်ကူးထဲမြနှင်းနဲ့ လက်ထပ်ပြီး တူနှစ်ကိုယ်ဘ၀တစ်ခုတည်ဆောက်ပြီး ရိုးသားအေးချမ်းသော ဘ၀တစ်ခုတည်ဆောက်ရန် ဆုံးဖြတ်ထားသည်။
ရွာနဲ့ပင်တဖြည်းဖြည်းနီးလာချေပြီ သူ့မျက်လုံးထဲသူ့အားမျော်နေမည့်မြနှင်းအား မြင်ယောင်ကာ ရွာပြင်တွင်ရှိနေသောမြနှင်းတို့အိမ်လေးသို့သွားကာ မြနှင်းပျော်သွားစေရန် မြနှင်းဆီအရင်ဆုံးသွားတွေ့မည်ဆုံးဖြတ်လိုက်သည်။

ဟာ…..

သူ့ရင်ထဲအပျော်များသည် ချက်ခြင်း စိုးရိမ်ထိတ်လန့်စိတ်သို့ပြောင်းလဲသွားသည်။

မြနှင်းတို့ အိမ်နေရာလေးသည် မီးလောင်မြေ ဖြစ်နေချေပြီ သူမရှိတုန်း ဘာတွေဖြစ်ခဲ့မှန်းမင်းခေါင်မသိ မင်းခေါင် စိုးရိမ်စိတ်ဖြင့်ခေါင်းများထူပူလာရင်း ရွာဖက်ဆီအမောဖောက်မတ်ပြေးလာခဲ့တော့သည်။

“ဟား…ဘာတွေဖြစ်ကုန်ကြပြီလဲ ”

တစ်ရွာလုံးသည်တိတ်ဆိတ်ခြောက်ကပ်လျက် လူတစ်ယောက်မှရှိမနေခြင်းပင်ဖြစ်သည်။
မင်းခေါင်ရွာအတွင်းလျောက်လာရင်း လူတွေ့လိုတွေ့ငြားလိုက်ရှာကြည့်နေမိသည်။
တစ်ယောက်မှရှိမနေ……
.မင်းခေါင်စိတ်ပျက်လက်ပျက် ရွာလယ်လမ်းမကြီးဘေးရှိ ညောင်ပင်ကြီးတစ်ပင်အောက်စိတ်ပျက်လက်ပျက်ထိုင်ချလိုက်သည်။

” လူလေးက ဒီရွာသားလား ”

“ဗျာ…..”

သူရှေ့မှစကားပြောသံကြောင့် မင်းခေါင် ခေါင်းငိုက်စိုက်ချထားရမှအံ့အြတကြီးမော့ကြည့်လိုက်သည်။
သူတစ်ခါမှမမြင်ဖူးသောလူကြီးတစ်ယောက်ပင်…ဖြူဖွေးသော မုတ်ဆိတ်မွေးများရင်ဘတ်အထိကျဆင်းနေပြီး အဖြူရောင်ထက်အောက် အင်ကျီဖြူ ပိုဆိုးဖြူ ၀တ်ဆင်ပြီး တောင်ဝှေးတစ်လက် လွယ်အိတ်တလုံးဖြင့် ပုတီးလုံးကြီးဆွဲထားသောလူကြီးကို သူတို့ရွာမှာ အရင်က သူတစ်ခါမှမမြင်ခဲ့ဖူးချေ။

“ဟုတ်ပါတယ်အဘ ကျွန်တော် ဒီရွာသားတစ်ယောက်ပါ ခရီးကခုမှပြန်ရောက်တာပါ ဒါပေမယ့်ခုရွာသားတွေတစ်ယောက်မှမတွေ့တော့ဘူး ဘာတွေဖြစ်ကုန်ပြီလဲ အဘသိရင်တစ်ချက်ပြောပြပေးပါလား”

” အင်းဒီအကြောင်းတွေပြောရ ရင်သမိုင်းကစပြီး ပြောပြရလိမ့်မယ် မင်းခရီးထွက်နေလို့ကံကောင်းသွားတယ်မှတ်ပါ မင်းတို့တစ်ရွာလုံးနီးပါးသေကုန်ပြီ အလောင်းတွေက်ို အဘနဲ့ အဘတပြည့်နှစ်ယောက်ပဲ ေုမမြုတ်သဂြိုလ်ပေးလိုက်တာ”

“ဟာအဘ တစ်ကယ်လား ဒီကိစ္စ ဘယ်သူကများတရွာလုံး ကိုသတ်သွားတာလဲ”

မင်းခေါင်သူ့နားကိုပင်သူမယုံနိုင်စွာပြန်မေးလိုက်မိသည်။

“လာလာ အဘတို့နေတဲ့နေရာလိုက်ခဲ့.အဲဒီရောက်မှ မင်းအားလုံးနားရှင်းသွားအောင်ရှင်းပြမယ်”

လူကြီးကရွာထိပ်အိမ်ကြီးတလုံးတွင်နေထိုင်ခြင်းဖြစ်ကာသူလူနှစ်ယောက်အားလည်းတွေ့လိုက်ရသည်။

” အဘ ဧည့်သည်လည်းပါလာတာကိုး”
ထိုလူနှစ်ယောက်မှတစ်ယောက်ကမေးလိုက်ခြင်းဖြစ်သည်။

“ဟုတ်တယ်ကွ ဒီရွာသားပဲခရီးထွက်နေလို့ခုမှရောက်တာ ”

“လာလာလူလေး ဒီမှထိုင် ”

မင်းခေါင်ကလူကြီးအနီး ကွပ်ပြစ်တွင်၀င်ထိုင်လိုက်ရင်းသူသိချင်စိတ်ကိုမထိန်နိုင်ပဲ…

“အဘပြောပြတော့လေ”

“အင်း မင်းနားလည်အောင်အစက ပြောပြရရင် ဒီနယ်တဝိုက်မှာ အရင်က မိစ္ဆာနက်ဂိုဏ်း ဆိုတာရှိဖူးခဲ့တယ် မကောင်းမူအောက်လမ်းအတတ်တွေနဲ့ တိုင်းပြည်ကို သိမ်းပိုက်မယ် အကြံအစည်နဲ့ ဒီပကခေါင်းဆောင်တယ်…
တနေ့သူတ်ို့အကြံတွေ ရွေနန်းတော့ယ်အထိ ပေါက်ရောက်ပြီး မိစ္ဆာ နက်ဂိုဏ်းကိုဖြိုခွင်းဖို့ တပ်မူးလေး ဗိုလ်သူရိန် ကိုစေလွတ်တာ၀န်ပေးခဲ့တယ်…
(တပ်မူးလေး ဗိုလ်သူရိန် နဲ့ မိစ္ဆာနက်ဂိုဏ်း ခေါင်းဆောင် ဒီပတွေ့ဆုံခန်းအား အစပိုင်းတွင်ဖောပြပြီးဖြစ်ပါသည်)

“ဒါဆိုအားလုံးသေကုန်တာပေါ့နော်အဘ……


ထူးထူးခြားခြား တစ်ယောက်တော့လွတ်လာခဲ့တယ် သူဟာ ရေကန်ကြီးအတွင်းမသေပဲ ကမ်းစပ်မှာ သတိမေ့တဲ့ ဘုရင့်တပ်မတော်သားပဲ သူဟာမိစ္ဆနက်ဂိုဏ်းရဲ့ ရန်ကိုကြောက်ပြီး ဘုရင့်နေပြည်တော့မပြန်တော့ပဲလျို့ဝှက်စွာ ဇတ်မြုတ်နေရင်း သူ့သားစဉ်မြေးဆက် မှာတမ်းတစ်ခုထားခဲ့တယ် ”

“ဘာလဲ အဘ”

မင်းခေါင် သိချင်စိတ်ဖြင့်အမေးက်ိုလူကြီးကသက်ပြင်းတချက်ချလိုက်ရင်းမှ……

“ကန်ကြီးထဲဝိညဉ်တွေတချိန်မှာ လွတ်မြောက်လာမှာ သူစိုးရိမ်ခဲ့တယ် ဒါကြောင့် သူ့သားစဉ်မြေးဆက် ကန်ကြီးပတ်၀န်းကျင်လာပြီးစောင့်ကြည့်ဖို့ပါပဲ ခုတော့ကန်ကြီးကဝိညဉ်တွေလွတ်မြေက်ကုန်ပြီငါ့လက်ထက်ကျမှ ဒီလိုဖြစ်ရတယ်လို့ကွာ………..

“ဗျာ ဒါဆို အဘက. ”

“ကန်ကြီးကို စောင့်ရှောက်သူရဲ့နောက်ဆုံးမျိုးဆက်ပေါ့ကွာ”

လူကြီးရဲ့ဇတ်လမ်းကထူးခြားသလို မယုံကြည်နိုင်စရာလည်းကောင်းလှသည်။
သူနောက်ဆုံးသိချင်စိတ်ကို မထိန်းနိုင်ပဲအဓိကမေးခွန်းတစ်ခုအားမေးလိုက်မိသည်။

“ကန်ကြီးက ထိန်းချုပ်ဝိညဉ်တွေ ဘယ်လိုလွတ်မြောက်လာတာလဲအဘ”

“သူတို့အတွက်မှီတွယ်စရာ ကိုယ်ခန္ဓာ တစ်ခုရသွားလို့ဖြစ်လောက်တယ် ကြာရင်အားလုံးဒုက္ခရောက်ကုန်တော့မယ် ဒီညပဲအဘတို့ ကန်ကြီးကမိစ္ဆာကို သွားရင်ဆိုင်တော့မယ်”
“ကျွန်တော်လည်းလိုက်ခဲ့ပါရစေ အဘ”

“မလိုက်ပါနဲ့ ငါ့တူရယ် အရမ်းအန္တရယ်များလွန်းပါတယ် ”

“ကျွန်တော့ချစ်သူ ကျွန်တော့တစ်ရွာလုံး ဆုံးရူံးအောင်လုပ်တဲ့ ဒီကန်ကြီးက မကောင်းဆ်ိုးဝါးကို ကျွန်တော်လည်းတတပ်အားရင်ဆိုင်ပါရစေ ခွင့်ပြုပါအဘ”

“အင်းတားမရလည်း လိုက်ခဲ့ပေါ့ကွာ ”

မင်းခေါင်အနေနဲ့ မြနှင်းသည်ကန်ကြီးအတွင်းမှ မိစ္ဆာ ကြောင့်သေဆုံးသွားသည်ဟုထင်မှတ်လျက်သာရှိနေခြင်းဖြစ်သည်။
အကယ်၍သာကန်ကြီးအတွင်းမှမိစ္ဆာသည် မြနှင်းမှန်း သိခဲ့လျင်……….

ယနေ့သည်လပြည့်ညပင်ဖြစ်သည် ။
ကန်ကြီးအနီး
တောင်ကုန်းထိပ်တွင်သူတို့လူစုအဆင်သင့်ညနေကတည်းကလာရောက်စောင့်ဆိုင်းနေခြင်းပင်ဖြစ်သည်။

ဆရာကြီးက မင်းခေါင်အပါအ၀င် သူတပည့်နှစ်ယောက်အားသူ့နောက်တွင်နေစေလျက်သူကတော့ အုံးပွဲငှက်ပျောပွဲ များကီုစင်တစ်ခုပေါ်တွင်တင်လျက် ဖယောင်းတိုင်အမွေးတိုင်များထွန်းကာ ပါးစပ်မှတီးတိုး ဂါထာရွတ်ဆိုနေသံများကြားနေရသည်။
လသည်တဖြည်းဖြည်းမြင့်တက်လာကာ မကြာခင်လမွန်းတည့်ချေတော့မည်ဖြစ်သည်။
ယခုအထိအခြေအနေကားမထူးခြားသေး….

ကန်အတွင်တွင်ကား….
တည်ငြိမ်နေသော ကန်ရေပြင်သည် ဖြည်းဖြည်းယိမ်းထိုးလူပ်ရှားလာလျက် ရေပွက်ကြီးများထလာရင်း

၀ုန်း…

အားလုံးသတိထားကြလာပြီ….

ရှေ့မှလူကြီးအမိန့်ပေးသံအဆုံး လူရိပ်တစ်ခုသည်ကန်ရေပြင်အားခွဲထွက်လာရင်း တောင်ကုန်းထိပ် သို့တဖြည်းတက်လာကာ တောင်ထိပ်တွင် ရပ်တန့်လိုက်သည်။

အားလုံးရင်တထိတ်ထိတ်ဖြင့် အသက်ပင်မရူမိကြအောင်ရှေ့မှမြင်ကွင်းအားစိတ်၀င်တစားကြည့်နေမိကြသည်။
ဆံပင်ဖိုးယိုးဖားလျားဖြင့် ရေရွဲနေသော ကိုယ်ခန္ဓာ ဖြင့်အမျိုးသမီးတစ်ယောက်သည် လရောင်အောက်တွင် နီရဲစူးရှအရောင်တောက်နေသော မျက်လုံးများဖြင့် သူ့တို့အားစိုက်ကြည့်နေငြ်းပင်ဖြစ်သည်။

ယား….

ရှေ့မှလူကြီးက သူ့ဓားအားဆွဲယူရင်းပြေး၀င်တိုက်ခိုက်လိုက်သည်။

လူကြီးအနားမရောက်မှီမှာပင် အမျိုးသမီးက လက်တစ်ချက်ဝှေ့ယမ်းလိုက်ယာ လူကြီးသည် လွင့်စင်လျက် အနီးရှိသစ်ပင်တွင်၀င်ဆောင့်ကာ သွေးတပွက်ပွက်အံလျက်ရှိနေသည်။

ပွဲဦးထွက်မှာပင်ရူးနိမ့် ခဲ့ချေပြီ အမျိုးသမီးက မင်းခေါင်တို့ဖက်လှည့်လာချိန် လူကြီးတပည့်နှစ်ယောက်သည် ဓားတယောက်တစ်လက်ဆွဲကိုင်ရင်းပြေး၀င်တိုက်ခိုက်ကြတော့သည်။

သူတို့တိုက်ခိုက်မူသည် အမျိုးသမီးအနားသ်ို့ပင်မရောက် အမျိုးသမီးလက်တချက်အဝှေ့တွင် အားလုံးလွင့်စဉ်ကာ တစ်ယောက်မှာကျောက်တုံးနဲ့ခေါင်းဆောင့်မိ၍ နောက်တစ်ယောက်မှာ ခပ်ဝေးသို့လွင့်စဉ်ကျသွားသည်နှစ်ယောက်လုံးခေါင်ထောင်မလာတော့ပေ။

မင်းခေါင်မှာ ဓားတစ်လက်ကိုင်ရင်းယောင်ချာချာရပ်ကာ ဘာမှမလုပ်ပဲကြောင်ကြည့်နေမိသည်။ အမျိုးသမီးသည်သူ့အနားတဖြည်းဖြည်းတိုးကပ်လာကာ လက်တဖက်အား ဆန့်တန့်လျက် လည်ပင်းအားမချီကာ ခပ်ဝေးဝေးသို့လွင့်ပစ်လိုက်သည်။

အ…မင်ခေါင်ခါးရိုးကျိုးမတတ်နာကျင်သွားလျက်ရုတ်တရက်ပြန်မထနိုင်ချေ။

ထိုအချိန်…
လူကြီးသည် ကန်စပ်တောင်ထိပ်သို့ ဒယိမ်းဒယိုင်နဲ့ သွားရင်းမှ..
လက်ဖျံအား ဓားဖြင့်လှီးချလိုက် ရင်းကျလာသော သွေးများအားကန်အောက်ခြေဆီသို့ချကာ ပါးစပ်မှလည်း…..

“ဆွေတော်မျိုးတော်များ ဒီမကောင်းဆိုးဝါးမိစ္ဆာအားဝိုင်း၀န်းနှိမ်နှင်းပေးဖို့ တောင်းဆိုပါတယ်”

အား…..

ဆရာကြီးစကား အဆုံး အမျိုးသမီးလက်တဖက်သည်ရှည်ထွက်လာပြီး ကျေခိုင်းနေသော ဆရာကြီးကျောမှတဆင့် ဟိုဖက်အထိ ဖောက်ထွက်သွားသည်။
လက်ပြန်ရုတ်လိုက်ချိန်လူကြီးကား အရုပ်ကြိုးပြတ်လဲကျသွားခဲ့ပြီဖြစ်သည်။

အမျိုးသမီးကား သူ့ဆီတရွေ့ရွေ့လျောက်လာနေရာ မင်းခေါင်ကြောက်အားလန့်အား နောက်သို့ဖင်တရွတ်တိုက်ဆွဲရွေ့နေရာမှသူ့လက်က ခပ်မာမာ အရာတစ်ခုအားစမ်းမိလိုက်သည်။
ရေနစ်သူအတွက်ကောင်ရိုးတမျင်သည် အားကိုးရာကဲ့သို့ မင်းခေါင်ထိုအရာအား ကြည့်လိုက်သောအခါ ဓားတချောင်းဖြစ်နေပါတော့သည်။
ဓားကားနှစ်ကလကြာမြင့်စွာကရှိနေဟန်ဖြင့် သံချေးတက်နေလျက် အင်မတန်ကောင်းသော သံဖြင့်ထုလုပ်ထားခြင်းကြောင့်သာ ယခုအထိ တာရှည်ခံနေဟန်တူသည်။

မင်းခေါင်ဓားအားမြင်သောအခါအမျိုးသမီးသည်လျောက်လာနေရမှခြေလှမ်းတုန့်ခနဲရပ်လိုက်သည်။

ထိုအချိန်မှာ ကန်ရေပြင်အတွင်းမှ မြူခိုးအရိပ်များသည် ကန်ပေါ်တက်လာလျက် အမျိုးသမီးအား ဟိုမှဒီတိုး၀င်နေလျက်ရှိကြသည်။

အမျိုးသမီးသည် အရိပ်မဲများ၀င်တိုးမူကြောင့်ယိမ်းထိုးနေရာ စူးရှသော အသံတစ်သံပြုလိုက်ရာ လင်းနို့ကြီးများသည် ပြန်ဝဲရောက်ရှိကာ အရိပ်မဲများအား ပြန်တိုက်ကြတော့သည်။

မင်းခေါင်သည် ဓားရိုးအားကျစ်ပါအောင်ဆုတ်ကိုမိချိန် သူ့ခန္ဓာကိုယ် သည်ဓတ်လိုက်သလိုတစ်ချက်တုန်ခါသွားလျက် သူ့အသိစိတ်အား တခြားတစ်ယောက်၀င်ပူးနေသလို ခံစားနေရကာ သာရှေ့မှ မြင်ကွင်းသည် အမျိုးသမီးတစ်ယောက်မှ အနီရဲရဲတောက်၀တ်စုံဆင်မြန်းထားသော လူကြီးတစ်ယောက်အသွင်ပြောင်းလဲသွားသည်။

ယား…မင်းကိုနောက်တစ်ခါသတ်ပေးရတာပေါ့ဒီပရာ….

“ဒီတခေါက်တော့မင်းကို အသေသတ်မယ် ဗိုလ်သူရိန် ”

ဒီပသည်လက်သည်းရှည်ကြီးများထုတ်ကာ ပြေးလာရင်းတိုခိုက်တော့သည်။
ဗိုလ်သူရိန် လည်းဓားကို ကျင်လည်စွာကိုင်ရင်းပြန်လည်ခုခံလိုက်သည်။

တောင်ထိပ်အတွင်းမပြေသော ရန်ငြ်ိုးများဖြင့်ဝိညဉ်တိုက်ပွဲသည်ပြန်လည်စတင်လျက်ရှိနေပြီဖြစ်သည်။

ကောင်းကင်တွင်လည်း တကျော့ပြန်ဝိညဉ်များဖြစ်သော လင်းနို့များအရိပ်မဲကြီးများလည်းတိုက်ခိုက်နေကြပြီဖြစ်သည်။

တိုက်ပွဲသည် အရှိန်အဟုန်ကောင်းနေပြီဖြစ်သည် ။

ထိုစဉ် မင်းခေါင် သူသွားလေရာအိတ်အတွင်း မြနှင်း အမှတ်တရပေးထားသော ပဝါလေး ဘေးတစ်ချက်အစောင်းတွင်ပြုတ်ကျသွားသည်။
မြနှင်းသည် ခေါင်းအရမ်းမူးသလိုဖြစ်နေရာမှ သူရှေ့မှ ပုဝါလေးအားမြင်လိုက်ချိန် မင်းခေါင်အားတွေ့လိုက်ရသောကြောင့် ၀မ်းသာသွားကာခေါ်လိုက်ခြင်းဖြစ်သည် မကောင်းသောမိစ္ဆာ ၀င်ပူးကပ်နေသောမြနှင်းသည် အတိတ်မှ အောက်မေဘဖွယ်တစ်ချက်ကြောင့်သတိတချက်ပြန်၀င်လာခြင်းပင်ဖြစ်သည်။

အမျိုးသမီး ခနငြိမ်သက်သွားချိန်မင်းခေါင်ဓားသည် ထိုအမျိုးသမီး နှလုံးသားနေရာသို့အရှိန်ပြင်းစွာတိုး၀င်သွားပြီဖြစ်သည်။

အား …..အော်ဟစ်သံကြီးတစ်ခုကြားလိုက်ရပြီး သယရှေ့မှ လူရိပ်တစ်ရိပ်လဲကျနေမှမင်းခေါင် အသိနဲ့လူ ပြန်ကပ်တော့သည်။
ကောင်းကင်ပေါ်ရှိလင်းနို့ငှက်များလည်းမီးလောင်ကျွမ်းသလို မီးခိုးငွေ့များထွက်လျက်ပျောက်ကွယ်သွားချေပြီ……

မင်းခေါင်….အ….

ဟင်…..

သူရှေ့မှ အမျိုးသမီး ကသူနာမည်ခေါ်သံကြောင့် မင်းခေါင်အံ့အြစွာအနီးသို့တိုးကပ်ကြည့်လိုက်ချိန်……

ဟင်မြနှင်း မြနှင်း…..ဘယ်လိုဖြစ်ရတာလဲမြနှင်းရယ်…..

မြနှင်းကားနဂိုမူလရုပ်သွင်နဲ့ပြန်ဖြစ်နေချေပြီ။

မင်းခေါင်…… အ……ငါ…..နင်..အလာ….စောင့်…..စောင့်

မြနှင်းကားစကားပြောနေရင်းဇက်လည်သွားပြီဖြစ်သည်။

မြနှင်း…….မြနှင်း…..

မင်းခေါင်မှာမြနှင်းအလောင်းအားဖက်ရင်းသည်းထန်စွာငိုချလိုက်မိတော့သည်။

အချိန်အခါမဟုတ်မိုးသည် သည်းထန်စွာရွာချလိုက်သည် တောင်ကုန်းထိပ်တစ်ခုတွင်မိန်းမပျို လေးအလောင်းတစ်ခုအားပွေ့ပိုက်ကာ မိုးရွာထဲငိုနေသော လူငယ်တစ်ယောက်ရှိနေပါသည်။

ပြီးပါပြီ.. .

မြူခိုးအလင်္ကာ.