“မဆစ်ဆီ ပီယဆေး” ( အစ / အဆုံး)

 

အချိန်က ညကိုးနာရီကျော်ပြီဗျ။

ကျုပ်လှမ်းကြည့်လိုက်တော့ သိမ်ထဲမှာ မီးရောင်ကလေးမြင်

နေရတယ်။ ကိုကြက်တောကြီးတော့ သမ္ဗုဒ္ဓေဂါထာ ကို

အကြိတ်အနှယ်ရွတ်နေမှာပဲလို့တွေးလိုက်မိတယ်။

ညဆယ့်တစ်နာရီလောက်ရောက်တော့ ကျုပ်အိပ်ငိုက်သွား

တယ်ဗျ။

” ဝုန်း ၊ ဝုန်း ၊ ဝုန်း ၊ ဒုန်း ”

ကျုပ်လန့်နိုးသွားတယ်။သိမ်ထဲကို လှမ်းကြည့်တော့ မီးရောင်

မမြင်ဘူးဗျ။ကျုပ်လည်း ဘာဖြစ်တာတုံးဆိုတာ သိချင်တာနဲ့

ဆွမ်းချက်ရုံထဲကပြေးထွက်လာတယ်ဗျ။

” ဝုန်း ၊ ဝုန်း ၊ ဝုန်း ၊ ဒိုင်း ၊ ဒိုင်း ”

” အောင်မလေးဗျ ”

ဟာ….ဒါကိုကြက်တောအော်သံကြီးပဲ။ ကျုပ်သိမ်ဘက်ကို

ပြေးသွားတယ်။ ဒီမှာတင် သိမ်ထဲက လှစ်ခနဲ ပြေးထွက်လာ

တဲ့ ကိုကြက်တောကို မြင်လိုက်ရတယ်။

” ကိုကြီး ကြက်တော ၊ ကိုကြီးကြက်တော ”

ကျုပ်ခေါ်တာတောင် တစ်ချက်မှ လှည့်မကြည့်ဘူးဗျို့။ တစ်ခါ

တည်းကို စွတ်ပြေးတော့တာ။ ကျုပ်လည်း သူ့နောက်ကနေ

အပြေးလိုက်ရတာပေါ့။

” ကိုကြီးကြက်တော ”

ကျုပ်က ခေါ်လည်းခေါ် ၊ ပြေးလည်းပြေး လိုက်ရတာပေါ့။

ကိုကြီး ကြက်တော ကို သူတို့ဝိုင်းရှေ့မှပဲ မှီတော့တာဗျာ။

“ဟောဟဲ ဟောဟဲ ”

ကိုကြက်တောက ခါးကြီးကုန်းပြီး ၀င်းတံခါးကိုကိုင်ထားတယ်။

လူကလည်းဟောဟဲလိုက်အောင် မောနေတာဗျို့။

” ကိူကြ်ီး ကြက်တော့ ဘာဖြစ်တာတုံး ”

ကျုပ်မေးတာကို ကိုကြီးကြက်တော့က ချက်ချင်းမဖြေနိုင်ဘူး။

ခဏကြာမှ…

“သဘက်ကြီးကွ တာတေရ ၊နည်းတဲ့ အကောင်ကြီးမဟုတ်

ဘူး။တံခါးတွေ ဝုန်းဝုန်း ဒိုင်းဒိုင်းပိတ်သွားမှ ငါမြင်ရတာ။

ပြတင်းပေါက် မှာရပ်နေတာကွ၊ မျက်လုံးကြီးတစ်လုံးတစ်လုံး

ကိုဟင်းသောက်ပန်းကန်လောက်ရှိတယ်။နီရဲနေတာကွ။

ခေါင်းကြီးက တင်းတောင်းလောက်ရှိတယ်။ပါးစပ်ကြီး

ဖြဲထားတာလည်း အကျယ်ကြီးကွာ။ငါ့ဖယောင်းတိုင်တွေလည်း

တစ်ပြိုင်နက်တည်း ငြိမ်းသွားတာကွ။ ငါလည်း စိတ်ကို.

ဘယ်လိုမှ ထိန်းထားလို့ မရတော့ဘဲလန့်အော်လိုက်မိပြီး

ရွာထဲစွတ်ပြေးတော့တာကွ။မင်းကိုတောင် ခေါ်ချိန်မရလိုက်

ဘူးကွ ”

ကျုပ် ဒီတော့မှ သဘောပေါက်သွားတယ်ဗျို့။

မဆစ်ဆီပီယ ဆေးအစီအရင်ဟာ အောင်ဖို့မလွယ်ဘူးဆိုတာ

ဒါ့ကြောင့်ကိုးလို့ ကျုပ်တွေးလိုက်မိတယ်။

ပြီးပါပြီ ခဗျာ

စာချစ်သူများအားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ

ပြန်လည်မျှဝေသူ တာတေ