သမန်းကျား၏ ချစ်ပုံပြင် [စ\ဆုံး]

ကဲ…ဘာမှ ပြောမနေနဲ့ …မနက်ဖြန် ကျောင်းသာရောက်အောင်လာ….”
“ဟုတ်..ဟုတ်ကဲ့…ကျေးဇူးပါပဲ ဆရာမ”
“အော် ဒါနဲ့ ရှင့်နာမည် ဘယ်လိုခေါ်လဲ…”
“နောင်ရိုး…ပါ…”
“အော်…နောင်ရိုး ကျွန်မ
နာမည်ကိုလည်းမှတ်ထားပေါ့…..
မြပန်းဖြူ… တဲ့”
နောက်တစ်နေ့မှာပင်နောင်ရိုးကျောင်းသို့ရောက်လာကာကာ မြပန်းဖြူသင်ပေးသမျစာများကို
အားတက်သရောသင်ယူနေရှာ၏ ။
နောင်ရိုးသည်စာသင်ချိန်အတွင်း ပီဘီခလေးငယ်တစ်ဦးပမာမြပန်းဖြူသင်ပေးသမျ
မျက်လုံးအဝိုင်းသားဖြင့်စိတ်ဝင်တစားနားထောင်တတ်၏ ။
နေ့စဉ်ရက်ဆက်မပျက်မကွက်မြပန်းဖြူ၊
အတွက်မရိုးနိုင်သော သစ်ခွလေးများနောင်ရိုးယူလာပေးတတ်၏ ။
ယခုကားခိုးကြောင်ခိုးဝှက်ထားခြင်းမျိုးမဟုတ်ပဲ
ကိုယ်တိုင်ကိုယ်ကျပေးခြင်းပင်ဖြစ်၏ ။
ရက်မှလပြောင်းလာသောအခါရင်းနှီးမူ သံယောဇဉ်လေးများ နောင်ရိုးနဲ့ မြပန်းဖြူကြား
ခိုင်မာလာခဲ့မိကြတော့၏ ။
စိတ်သဘောထားကောင်းလွန်းလှသောနောင်ရိုး
အကြောင်းကိုလည်းတစ၊တစဖြင့် မြပန်းဖြူ
ပိုသိလာ၏ ။
ရပ်ရေးရွာရေးတွင် မခိုမကပ်ပဲရှေ့ဆုံးမှပင်ပန်းခံ
လုပ်ဆောင်တတ်သလို၊အကူအညီလာတောင်း
ပါကလည်းငြင်းဆိုသည်မရှိသလောက်ပင်။
ကျောင်းမှခလေးများမှာလည်းနောင်ရိုးအား
အတော်ပင်ချစ်ခင်ကြ၏ ။
ခလေးများအလိုကျအတူတူဆော့ပေးခြင်း၊
တောထဲမှအသီးအနှံလေးများမကြာခနယူလာကာ
ခလေးများကိုခွဲဝေကျွေးတတ်၏ ။
နောင်ရိုးမှာတကယ့်ပိဘိအဖြူထည်လေးတစ်
ယောက်မှန်းမြပန်းဖြူ မျက်စိရှေ့မြင်တွေ့နေရ၏ ။
မိန်းကလေးသဘာဝအရ နောင်ရိုး သူမကိုစိတ်ဝင်
စားနေကြောင်း ရိပ်စားမိ၏ ။
နောင်ရိုးမှာသူမအားချစ်နေကြောင်းဖွင့်ပြောမည်
မဟုတ်မှန်းလည်းရင်နာစွာသိနေပြန်၏ ။
တစ်ရွာလုံးခလေးများကိုစာသင်ပေးနေသော
မြပန်းဖြူ အပေါ်လေးစားမူနဲ့အတူ ကျေးဇူးရှင်
အဖြစ်ပါသတ်မှတ်ထားပြီး သူ့စိတ်ဝင်စားမူကို
ပြသလိုက်ပါက ကျေးဇူးရှင်ကိုစော်ကားရာ
ရောက်မည်ဟုနောင်ရိုးအတွေးကို မြပန်းဖြူ
သိနေခြင်းဖြစ်၏ ။
စာသင်နေချိန်အတွင်းသူမကိုတခါတလေ သတိလက်လွတ်ငေးကြည့်နေတတ်သော နောင်ရိုးအကြည့်များကြောင့်အသက်ရူမှားခဲ့ရသည်ကအခါခါမကရင်ဖိုရှက်သွေးဖျာမိရ၏ ။
သူမပြန်ကြည့်သောအခါတွင်ကား နောင်ရိုးမှာသူမဟုတ်သလို၊
ခေါင်းကြီးငုံထားခြင်းကြောင့် စိတ်တိုမိရသူက
မြပန်းဖြူ သာဖြစ်ပါတော့၏ ။
အချိန်များတရွေ့ရွေ့ကုန်ဆုံးလာခြင်းနဲ့အတူ
စာသင်နှစ်ကုန်ဆုံး၍မြပန်းဖြူနေရပ်ပြန်ရမည့်
အချိန်ရောက်ရှိလာ၏ ။
မနက်ဖြန်ဆိုလျှင် ဒီရွာလေးနဲ့ခနခွဲရအုံးမှာမို့
တစ်ရွာလုံးစ်ိတ်မကောင်းဖြစ်ရသလိုမြပန်းဖြူ
အတွက်လည်း စိတ်မချမ်းမြေ့ဖြစ်နေရ၏ ။
ရိုးသားအေးချမ်းလှသောရွာသားများနဲ့တပည့်
လေးများကိုခွဲရမည့်အရေးကမြပန်းဖြူအတွက်
လည်းစိတ်မကောင်းဖြစ်နေရတော့၏ ။
“ဆရာမ…မနက်ပြန်တော့မယ်ဆို..ဟုတ်လား…”
“ဟုတ်တယ်နောင်ရိုး..မနက်ဖြန်ပန်း ပြန်တော့မယ်…”
နောင်ရိုးကား စိတ်မကောင်းဖြစ်နေဟန်၊
နွမ်းလျသောမျက်နှာဖြင့် မြပန်းဖြူထံရောက်လာ
ကာပြန်မည့်အကြောင်းမေးမြန်းလာ၏ ။
“နောက်ပြန်မလာတော့ဘူးလားဟင်…ဆရာမ”
“အော် …ကိုနောင်ရိုးရေ.
.နောက်နှစ်စာသင်ချိန်ရောက်ရင်.ပြန်လာမှာပေါ့..
ခုကကျောင်းပိတ်ထားလို့ ပြန်တာလေ…”
“ဟူး …ဝမ်းသာလိုက်တာ ဆရာမရေ…
တော်သေးတာပေါ့ …
ကျွန်တော်က ဆရာမလာတော့ဘူးထင်လို့
စိတ်မကောင်းဖြစ်နေတာ…..”
“အော်လာမှာပေါ့ ကိုနောင်ရိုးရေ ပန်း လည်းဒီရွာလေးကို သံယောဇဉ် ဖြစ်နေပါပြီရှင်….”
.”အော်ဒါနဲ့ ဆရာမ မနက်ပြန်ရင် ကားဂိတ်ရှိတဲ့အနီးဆုံးရွာထိ ကျွန်တော်လိုက်ပို့ပေးပါရစေ…..”
“အော်..နောင်ရိုး လိုက်ပို့မှာလား
ကောင်းတာပေါ့….”
မနက်ရှစ်နာရီ မြပန်းဖြူ ရွာမှထွက်ခွာချိန် ရွာသား
များနဲ့ မြပန်းဖြူစာသင်ပေးသောတပည့်လေးများက
ရွာထိပ်ထိတစ်ရွာလုံးလိုက်ပို့ကြ၏ ။
မြပန်းဖြူ ပြန်ခြင်းကြောင့် ခလေးများမှာမြပန်းဖြူ
ကိုဖက်၍ငိုယိုကြရာ၊မြပန်းဖြူမှာလည်းမျက်ရည်
ကျမိ၏ ။ပြန်လာမည့်အကြောင်းခလေးများကို
ချော့မောပြောဆိုရင်းစိတ်မကောင်းဖြစ်ကျန်နေရစ်
သောရွာသားများကိုနောက်ဆုံးအကြိမ်လက်ဝှေ့
ယမ်းနူတ်ဆက်လိုက်တော့၏ ။
မြပန်းဖြူအတွက်ရွာမှလက်ဆောင်ပေးလိုက်ကြသော တောထွက်ပစ္စည်းများဖြစ်သော ပျားရည်၊
သစ်ခွ၊သဇင်ပန်းအုံများကို ခြင်းကြီးတစ်လုံးတွင်ထည့်ကာခပ်လှမ်းလှမ်းမှ
ရပ်စောင့်၍ ရွာသားများနဲ့မြပန်းဖြူ နူတ်ဆက်
နေကြသောမြင်ကွင်းကိုနောင်ရိုးကြည့်၍ စိတ်အတွင်းဆုံးဖြတ်ချက်တစ်ခုချလိုက်တော့၏။
ဆရာမလေးအတွက်ဆိုပါကသူ့အသက်ကိုပါ
ပေးအပ်မည်ဟူသော ဆုံးဖြတ်ချက်ပင်ဖြစ်ပါ
တော့၏ ။
နောင်ရိုးကျောတွင်ကား ရွာသားများလက်ဆောင်ပေးသော ပစ္စည်းခြင်းကြီးကအပြည့်အမောက်ကနေရာ
ယူထား၏ ။သို့သော်လည်းမြပန်းဖြူမှာနောင်
ရိုးခြေလှမ်းကိုလိုက်မမှီနိူင်သောကြောင့်
နောင်ရိုးမှာမကြာခနရပ်စောင့်ပေးရ၏ ။
“နောင်ရိုး… မောနေပြီလား ပစ္စည်းတွေကအလေးကြီးတွေ…”
“ကျွန်တော်..တို့တောသားတွေအတွက်
ဒါလောက်ကတော့အပျော့ပါ ဆရာမသာ
မောရင်နားချင်နားရအောင်လေ…..”
“အော်…ရပါတယ်နေမမြင့်ခင်အနီးဆုံး
ရွာရောက်ဖို့လိုတယ်လေမနားတော့ဘူး…”
နောင်ရိုးပြောလည်းပြောစရာပင် တောလမ်းတောင်လမ်း
သွားလာကျင့်မရှိသောသူမချွေးတွေပျံနေကာစ္စည်း ခြင်းကြီးထမ်းထားသောနောင်ရိုးကိုပင်မှီအောင်လိုက်နေရသည်မဟုတ်လား။
တောင်ကြားတောလမ်းလေးများကားကျောက်စရစ်
ခဲသေးများဖြင့် သွားလာနေကျမဟုတ်သော
မြပန်းဖြူ အတွက်သွားလာရမလွယ်ကူချေ …။
တဖြည်းဖြည်းလျောက်လာကြရင်း
ရွာနဲ့ အနည်းငယ်လှမ်းသောနေရာသို့နှစ်ယောက်
သားရောက်လာကြ၏ ။
တောင်နှစ်လုံးကြားလျိုမြောင်လေးတစ်ခုအားဖြတ်လျောက်ရန်လျိုမြောင်လမ်းအတိုင်းလျောက်အလာ
တွင်မမျော်လင့်ထားသောအန္တရယ်တစ်ခုက
နောင်ရိုးနဲ့မြပန်းဖြူအား စောင့်ကြိုနေ၏ ။
…ဟင်…ရပ်…ရပ်…ဆရာမ…ရှေ့ဆက်မတိုးနဲ့…
“ဘာဖြစ်လို့လဲ……နောင်ရိုး….အောင်မလေး
ကျား….ကျားကြီး….”
နောင်ရိုးမှာလျောက်နေသောခြေလှမ်းချက်ခြင်း
ရပ်လိုက်ပြီးလက်တစ်ဖက်ဆန့်ကာ နောက်သို့
လှည့်မကြည့်ပဲ မြပန်းဖြူ အားစိုးရိမ်တကြီး
ရပ်ခိုင်းနေ၏ ။
နောက်မှလျှောက်လာသော မြပန်းဖြူမှာ
နောင်ရိုးအနီးရောက်သောအခါ ရှေ့မှမြင်ကွင်းအား
သေချာတွေ့လိုက်ရတော့၏ ။
သူမတို့ရှေ့တွင်ကျားကြီးတကောင်ရှိနေခြင်းပင်
ကျားကား ကျားနာတစ်ကောင်ဖြစ်ဟန်တူ၏ ။
နောက်ခြေတချောင်း ကထော့နဲ့ ထောနဲ့ဖြင့်
တလှမ်းခြင်းအေးဆေး မျက်နှာခြင်းဆိုင်မှ
လျောက်လာနေ၏ ။
ရှေင်လွဲမရသော အခြေအနေတစ်ခုတွင်ကျားနဲ့လူထိပ်တိုက်တွေ့
ဆုံနေရပြီဖြစ်၏ ။
ယခုကျားသည်ရှောင်သွားမည့်ကျားမျိုးမဟုတ်မှန်း
နောင်ရိုးသိနေ၏ ။
အကြောင်းတခုခုကြောင့်ဒဏ်ရာ ရသွားသော
ကျားနာမှာ တောတိရိစ္ဆန်များအားအမဲလိုက်ရန်မ
လွယ်ကူသောကြောင့် လူသားများနေထိုင်ရာ ရွာအနီးသို့ လာရောက်ကာ နွားများ ဆိတ်များ အားအလွယ်တကူ ဖမ်းယူစားသောက်တတ်သလို
လူကိုလည်းအလွတ်ပေးလေ့မရှိပေ။
ထို့ကြောင့်အခြေအနေကို တွက်ဆမိသော နောင်ရိုးသည် ပခုံးထက်မှ ခြင်းကြီးအားဘေးသို့အသာချလိုက်၏ ။
ကျားနာကြီးမှာ လူသားနှစ်ယောက်နဲ့အတန်ငယ်
နီးလာသောအခါ ရှေ့ဆက်လျောက်မလာပဲရပ်လျက်
ငြိမ်သက်စွာဖြင့် နောင်ရိုးတို့နှစ်ယောက်အား မမှိတ်မသုန်စိုက်ကြည့်လျက်ရှိ၏ ။
ကျားသဘာဝကား ဘယ်တော့မှ လူသားအားမျက်နှာချင်းဆိုင်ဝင်မဆွဲရဲနောက်မှ ဝင်ဆွဲတတ်သလို၊
လူသားအားစားသောက်လျှင်ပင် မှောက်လျက်အနေအထားဖြင့်မျက်နှာ
အားကွယ်ဖျောက် စားသောက်တတ်ကြမှန်း
နောင်ရိုးမှာ သိနေ၏ ။
“ဆရာမ ရွာကို….အမြန်ပြေးတော့…..”
“နောင်ရိုးကော….အတူတူပြေးရအောင်လေ”
“ဆရာမ..အမြန်ပြေးတော့ ဒီကျားက ချောင်းနေပြီ
နှစ်ယောက်ပြေးဖို့ မဖြစ်နိုင်ဘူး….
အမြန်ပြေးဆရာမ… ကျွန်တော်အတွက်မပူနဲ့
ဆရာမသာ ဘေးကင်းဖို့လိုတယ်…”
မြပန်းဖြူ
စိတ်မှာလည်းအင်မတန်မှကြောက်လန့်နေပြီး
ဒီနေရာမှ ထွက်ပြေးချင်နေမိ၏ ။
ကျားအားမျက်နှာခြင်းဆ်ိုင်အနေအထားနဖူးတွေ့ဒူးတွေ့တွေ့နေရသောကြောင့်
နောင်ရိုးစကားဆုံးသည်နဲ့ ထိုနေရာမှကြောက်လန့်တကြားရွာဆီသို့ ပြေးလာခဲ့တော့၏ ။
မြပန်းဖြူပြေးသွားသည်နဲ့ကျားနာကြီးမှာ
လူပ်လူပ်ရွရွဖြင့်နောက်ဆုံးကျန်နေသော
နောင်ရိုးသာ လှည့်ပြေးပါက ဝင်ဆွဲရန်ပုံစံ
မျိုးဖြင့်ရှိနေ၏ ။
နောင်ရိုးမှာမျက်လုံးမှိတ်ငြိမ်သက်ရင်းပါးစပ်လူပ်ရုံမျ သမန်းကျားဂါထာ တီးတိုးရွတ်နေလျက်
မိမိသည်ကျားတစ်ကောအဖြစ်ရှိနေပြီဆိုသောစိတ်ကိုယုံကြည်မူအမြင့်ဆုံးသို့ပို့ဆောင်ထား၏ ။
“ဖြောင်း….ဖြောင်း…..ကျား…..”
လက်ခမောင်းခတ်သံကျယ်လောင်စွာပြုရင်း
ကျား..ဟုကျယ်လောင်စွာအော်ဟစ်ရင်း နောက်ဂျွမ်းတပတ်ပြန်အကျလာတွင် ကျားတစ်ကောင်အဖြစ် ပေါ့ပါးစွာမြေပေါ်ကျလာတော့သည်။
ကျားနာကား မြပန်းဖြူ ထွက်ပြေးချိန်ကပင်လူပ်ရှားမူစတင်ကာရှေ့သို့တိုးလာရာ
သူရှေ့တွင်ကျားတစ်ကောင်ရှိနေခြင်းကြောင့် အံ့အြသင့်သွားဟန်ရှိနေ၏ ။
“ဝေါင်း….ဝေါင်း…ဝေါင်း”
တောင်ကြားလျိုမြောင်အတွင်း ကျားနာတစ်ကောင်နဲ့
လူသားသမန်းကျားတစ်ကောင်၏ တိုက်ပွဲမှာ
ပြင်းထန်စွာဖြင့်ကိုက်ခဲတိုက်ခိုက်နေကြတော့၏။
နောင်ရိုးအတွက်မူကား ဒီတိုက်ပွဲတွင်အနိုင်ယူနိုင်လျှင်ပင် လူသားအဖြစ်သို့ပြန်ရနိုင်တော့မည်မဟုတ်ပေ။
သူစိတ်ထဲတွင်နှစ်နှစ်ကာကာချစ်ရသောချစ်သူ။
တစ်ရွာလုံး၏လေးစားချစ်ခင်မူကိုရထားသော
ဆရာမလေးအတွက် သေလျင်သေမသေလျင်
ကျားအဖြစ်ကူးပြောင်းရမည့်ဆုံးဖြတ်ချက်ကိုကျေနပ်စွာရွေးချယ်ခဲ့ခြင်းပင်ဖြစ်၏။
မြပန်းဖြူ တစ်ယောက်အမောဖောက်မတတ် ရွာဆီသို့ပြေးလာရင်း ရွာသားများအားအကြိုးအကြောင်းပြောပြလိုက်၏။
ရွာသားများမှာလက်နက်များကိုင်၍ မြပန်းဖြူ
ပြောသောနေရာသို့အပြေးအလွားရောက်ရှိ
လာကြသောအခါ
သွေးအိုင်အတွင်းလဲကျ သေဆုံးနေသော
ကျားနာတစ်ကောင်ကိုတွေ့လိုက်ရတော့၏ ။
နောင်ရိုးအားလိုက်ရှာကြရာလူကိုမတွေ့ပဲ
နောင်ရိုးဝတ်သွားသော စုတ်ပြဲနေသော
အဝတ်အစားများကိုသာတွေ့ရကာလူကို
လိုက်ရှာသော်လည်းလုံးဝရှာမတွေ့ပဲရှိနေ၏ ။
နောင်ရိုးတစ်ယောက်ကားထူးဆန်းစွာပျောက်ဆုံး
သွားတော့၏ ။
မြပန်းဖြူမှာနောင်ရိုးတစ်ယောက်ပျောက်ဆုံးနေခြင်းကိုနားမလည်ပေ။ အကယ်၍ကျားကိုက်
၍သေသွားပါကလည်းအလောင်းကိုတွေ့ရမည်။
အကယ်၍မသေဆုံးပါကလည်းလူကိုတွေ့ရမည်
ယခုကားအစရှာမရ ပျောက်ခြင်းမလှပျောက်နေ
သောကြောင့်ဝမ်းနည်းစိတ်နဲ့အတူ အံ့လည်း
အံ့အြသင့်လျက်ရှိနေ၏ ။
နောင်ရိုးနဲ့စတင်ဆုံစည်းခဲ့သောနေ့ရက်များ၊
သူမအတွက်ကျားကြီးကိုရင်ဆိုင်ရန်ချန်နေရစ်ခဲ့
သောနောင်ရိုးနဲ့ပတ်သက်သောသတိရစရာ
အကြောင်းအရာများ မြပန်းဖြူ စိတ်အတွင်း
ရုပ်ရှင်အနှေးပြကွက်ကဲ့သို့တစ်ခုခြင်းပေါ်လာ
သောကြောင့် မြပန်းဖြူ မှာနောင်ရိုးအတွက်
ဝမ်းနည်းစိတ်ဖြင့် ရင်ကွဲမတတ်ငိုကြွေးလျက်ရှိနေ
တော့၏ ။
ထိုအချိန်မှစ၍ နောင်ရိုးဆိုသောလူတစ်ယောက်
မြပန်းဖြူ ရှေ့မှပျောက်ကွယ်သွားတော့၏ ။
မြပန်းဖြူမှာ ဖိုးခေါင်တောင်ကျေးရွာတွင် ကျောင်းဆရာမအဖြစ်ဆက်လက်လုပ်ကိုင်ခဲ့၏။
မြန်ပန်းဖြူအတွက်နောင်ရိုးမှာမမေ့နိူင်စရာ
လူအဖြစ်နှလုံးသားတွင် ကဗ္ဗည်းတင်ထားပြီး
ဖြစ်နေ၏ ။
ထိုအဖြစ်အပျက်အပြီးတစ်နှစ်အတွင်းညအချိန်
ရောက်တိုင်း ရွာကိုလှည့်ပတ်၍ ဟိန်းနေသော
ကျားတစ်ကောင်ဟိန်းသံအားညတိုင်းရွာသားများကြားနေရ၏ ။
ကျားဟိန်းသံကြားရတိုင်း ဦးငပွေးတစ်ယောက်မျက်ရည်ကျနေတတ်သည်
ကိုရွာသားများမည်သူမျ မသိပေ။
ကျားနာနဲ့ဆုံသောနေ့အကြောင်းအရာကို
ကြားပြီးချိန်ကတည်းမှ နောင်ရိုးအခြေအနေကို
ဦးငပွေးသိလိုက်၏ ။
နောက်ရိုးအဖြစ်မှန်ကိုသိသူဆို၍တစ်ရွာလုံးတွင်
ဦးငပွေးတစ်ယောက်သာရှိနေ၏ ။
အကယ်၍များသာလျင် ယခုဟိန်းနေသော ကျားမှာ လူသားတဖြစ်လဲ သမန်းကျား နောင်ရိုးဆိုသည်ကိုသာ
ရွာသားများနဲ့ မြပန်းဖြူ သိခဲ့လျှင်မူ…….။
==========================
ပြီးပါပြီ
မြူခိုးအလင်္ကာ