သေရွာပြန် ဦးရေခဲ (ဖြစ်ရပ်မှန်)

မေးကြည့်တော့ ဘိန်းစား သူတို့နဲ့ အရက်သောက်သူတွေလို့
ပြောတယ်။ နောက် ထိုးလိုက်။ ရိုက်လိုက် ။ ခုတ်လိုက်
အမျိုးမျိုးနေရသူတွေလဲ တွေ့တယ်။
တစ်နေရာမှာတော့ ကျနော်အသိ လူငယ်လေးတစ်ဦးဟာ
ဆူးတွေနဲ့ အပင်ပေါ်ကို လူကြီးတစ်ဦးက ကြိမ်နဲ့ ရိုက်ပြီး
တက်ခိုင်းတာ တွေ့ရတယ်။ သူကလဲ အိမ်မှာ
သူဝွက္ထားတဲ့ ဖောင်တိန်။ သူ့သင်္ချာစာအုပ်နှင့် မြန်မာစာ
စာအုပ်ငှားထားတဲ့ သူတွေကို နာမည်နဲ့ ပြောတယ်။
ကုသိုလ်ပြုပေးပါလို့လဲ မှာလိုက်တယ်။
သူတို့ အတူ ခံနေရသူတွေဟာ လူ့ပြည်တွင် နေစဉ်က
သူတော်ကောင်းတွေကို နောက်ပြောင်ဆဲရေးသူများလို့
ပြောတယ်။ ကျနော်ရောက်ခဲ့တဲ့ နေရာများမှာ
ငရဲအိုး သုံးနေရာတွေ့တယ်
ပထမအိုးမွာ ခံနေရသူများက ရေနွေးအိုးထဲမှာ
အလိမ့်လိုက် လှိမ့်နေကြတယ်။
ဒုတိယအိုးမွာ ဆူပွတ်နေတဲ့ သေဘာ
ခံနေရသူတွေဟာ ပြတ္ပြတ္ဆူတဲ့
ရေနွေးအိုးထဲမှာ လက်ဖက်ခြောက်တွေလို
ဖြားခနဲ ပေါ်လိုက် ။ မြုပ်သွားလိုက်
ကျွမ်းထိုးမှောက်ခုံ မြန်လို့ အော်နေချိန်မရဘူး
တတိယ နောက်ဆုံးအိုးမှာ ထူးခြားတာက
အသားဖြူသူရော ။ အသားမည်းသူရော။
သူတော်စင်အဝတ်နဲ့ရော လူမျိုးစုံ တွေ့တာပဲ။
ဒါတွေတွေ့ပြီး ဆက္သြားတဲ့အခါ စိတ်မချမ်းမြေ့စရာတွေကို
မတွေ့ရတော့ဘဲ အလြန္သာယာတဲ့ ဟင်းလင်းပြင်ကြီး။
အဖိုးတန် ကျောက်မျက်ရတနာများနဲ့ စီခြယ်ထားတဲ့
ဗိမာန္သုံးခု ။ ကျယ်ပြန့်ပြီး သစ္သီးဝလံမ်ား
ပန်းပွင့်ပန်းနွယ်များ ယှက်သန်းသာယာတဲ့
ကြည်နူးဖွယ် ဥယျာဉ်ကြီးကို တွေ့ရပါတယ်
အဲသလို ပြန်လာတဲ့ လမ်းမှာ တစ္ဘက္က
လွယ်အိတ်ကြီးလွယ် တစ္ဖက္က အနွယ်ပင်တွေပွေ့ပြီး
လျှောက်လာတဲ့ ဆေးဆရာလို အဘိုးအိုတစ်ဦးကို တွေ့တယ်။
ဒီတစ်ခါ ကျနော်ရှေ့က လူကြီးက လှမ်းပြီး
“ဒီကောင့်ရောဂါ ဘာနဲ့ ကုရမလဲကြ”
လို့ မေးတယ် ။
ဟိုဆရာကြီးက
“အလြယ္ကေလး သက်ရင်းကြီးလေးငါးရွက်
သုံးခွက်တစ်ခွက်ကျို ။ ထန်းလျက်သုံးခဲလောက် ပစ်ထည့်။
ဆားမီးဖုတ်နဲ့သောက်။ ပျောက်ပေါ့ကွ”
လို့ ပြောပြီး ဆက္သြားတာပဲ။ ကျနော်လည်း
ဒီဆေးကို မေ့မသွားအောင် အကြိမ်ကြိမ်ရွတ်လာခဲ့တယ်
ဒီနောက်တော့ လူကြီးက ရှေ့ကသွား ကျနော်ထိုင်နေတဲ့
အုန်းတုံးကလေးသုံခုက နောက်ကလိုက်နဲ့ အလာကထက်တောင်
မြန်သေးတယ်။ ရိပ်ရိပ်တန်းပြီး နားရွက်ကို
လေတိုးတာ မခံနိုင်အောင်ကို ဖြစ်တယ်
သုံးခွပြန်ရောက်တဲ့အခါ ရုံးကို ပထမ မြင်ရတယ်
နောက်တဖြည်းဖြည်း ကျနော်မူလက ထိုင်တဲ့
မြောင်းကူးကို ရောက်တယ် ။ ဟိုလူကြီးက
ခပ်ထန်ထန်ပဲ
“ဟေ့ကောင် ဆင်းသွားတော့ ”
လို့ပြောတာ ကျနော်လဲ ကပ်ာကယာ ဆင်းပြီး
မြောင်းကူးတံတားလေးပေါ် လျှောက်ခဲ့တယ်
တစ်ဝက်ရောက်လို့ နောက်လှည့်ကြည့်တဲ့အခါ
အုန်းတုံးရော လူကြီးပါ မတွေ့ရတော့ဘူး
တကယ်တော့ ကျနော်ပြောတာက ဘာမွမမ်ား။
မကြာလိုက်ဘူးလို့ ထင်ရတယ်
တန်ဆောင်းမုန်း လဆန်း (၁)ရက် နေ့ ည(၈)နာရီ
သတိမေ့မြောသွားတာ။ ခု ကျနော် ပြန်တဲ့နေ့က
တန်ဆောင်းလဆန်း (၃ )ရက်နေ့ နံနက် (၄)နာရီ ဖြစ်ပါတယ်
ဒီမွာ ဖြစ်နေကြတာ သေပြီ ။ ဒါကြောင့်
ကျနော်ခန္ဓာကိုယ်ကို ခြေမ လက်မ ပူးပြီး ကြိုးချည်ပြီး
သေတ္တာပျက် သုံးလုံးပေါ်မှာ ပျဉ်ခင်းကာ
အလောင်းစင် ပြင်ထားကြတယ်
တစ်ရက်အကြာမှာ ခေါင်းသွင်းရေး မသွင်းရေး
အငြင်းပွားတဲ့အခါ သ္မီးအကြီးမက
“က်မအေဖဟာ ပုပ်လဲ မပုပ် ။
အသားအေရလဲ တောင့်တင်းမနေတဲ့အတွက်
သင်္ဂြိုဟ်ခါနီးမှာ သွင်းပါ’
လို့ အတိုက်အခံ ပြောထားတဲ့
အတွက် အလောင်းစင်ဘေးမှာ ခေါင်းအဆင့်သင့်
ချထားတယ် ။ နေ့လယ် (၁၂ )နာရီ ဆိုရင်
မသာပို့ကြမယ်။
အသုဘယာဉ်လဲ ငှားပြီးပြီ။
မနက် အသုဘလာသူများကျွေးဖို့ ဆန်နှစ်တင်း
ဝက်သားအချိန် ( ၇၀ ) ဟင်းချို ။ ငံပြာရည်ချက်။
တို့စရာ အားလုံး အဆင်သင့် ဖြစ်နေပြီး
ကျွေးမွေးဖို့ ပန်းကန် ခွက်ယောက်များ
ငှားရမ်းထားလို့ အိမ်ပေါ်တောင် ရောက်နေပြီ။
ဒီပစ္စည်းတွေအားလုံးက ကြွေးယူပြီး
လုပ်ကိုင်ထားတာ ဖြစ်တယ်
အဲ ဖဲဝိုင်းကလဲ အိမ်ပေါ်မှာ သုံးဝိုင်းလောက်ရှိတယ်
ဒီလို ဖြစ်နေတဲ့အချိန် ကျနော် သတိပြန်ဝင်လာပြီး
“ရေရေပေးပါ”
လို့ အော်ရင်း ငုတ်တုတ်ထထိုင်လိုက်တဲ့အခါ
ဘာပြောကောင်းမလဲ ဖဲဝိုင်းက လူတွေ လန့်ပြီး
တိုးဝှေ့ ပြေးလိုက်ကြတာ ပန်းကန်ပြား
ဆယ်နှစ်ချပ် ဟင်းသောက်ပန်းကန် ခြောက်လုံး
ကြဲကုန္တာပဲ ။ သတ္တိကောင်းတဲ့ ကျတော်သမီးက
ပြေးလာပြီး ခြေလက်က ကြိုးတွေ ဖြတ်ပေးတယ်
ကျနော်ကိုယ်တိုင်ကတော့ မျက်လုံးတွေပြာပြီး
ဘာမျှသဲကွဲစွာ မမွငျရဘူး
ရေတစ်ဝသောက်ပြီး ပြန်အိပ်လိုက်တာ နံနက်(၁၁)
နာရီထိုးချိန်ကျမှ နိုးတယ်
ဒီတော့ ခေါင်းတွေ အလောင်းစင်တွေကို
သူတို့က ဖျောက်ထားပြီး လူတွေတက်လိုက်
ဆင်းလိုက် တစ်အုပ်ကြီးလာလိုက် ပြန်သွားလိုက်နဲ့
ကျနော်စိတ်ထဲ ဘာများဖြစ်နေကြပါလိမ့်လို့
အောက်မေ့မိတယ်
နောက်တော့ အထက္က အဖြစ်အပျက်ကို
သိရပါတော့တယ်။
အဲခေါင်းပျဉ်ကို ဘုန်းကြီးကျောင်း
ရေကပြင်အဖြစ်လှူ
ဝက်သားဟင်းတွေ နောက်တစ်နေ့
ဘုန်းတော်ကြီးကျောင်းများသို့
လှူလိုက်တယ်
(၇)ရက်လည်တဲ့နေ့ကျတော့ ကြွေးရှင်တွေ
စာရင်းစာရွက်ကိုယ်စီနဲ့ လာကြတော့တာပါပဲ
နဂိုက အစီအစဉ်မှာ ကူငွေဆပ်ဖို့ လူမေသေတာ့
ကူငွေမရဖြစ်လို့ ကျနော်ပိုင် ပစ္စည်းမှန်သမျှ
ဆိုက္ကားကအစ အိမ်ရှိ ပရိဘောဂပစ္စည်း
တစ်ခုမကျန် ချရောင်းတာငွေ (၇၀၀၀)လောက်ရတယ်
ကြွေးက အသုဘတင်ဖို့ယာဉ် အပါအဝင်
(၆၂၀၀)ကျတယ် လက်ထဲမှာ ငွေ (၈၀၀)ပဲ ကျန်တယ်
ကျတော့်ရောဂါလဲ ဟိုကပြောလိုက်နဲ့ ဆေးနဲ့
ပျောက်ပြီး ခုလို ကျန်းမာလာတာပါပဲ။
အဲ တစ္ခု ထူးတာက နှာခေါင်းအဖျားလေးပုပ်လို့
ကုယူရတယ်။
မှာလိုက်တဲ့ ကိစ္စတွေလဲ အားလုံး ကျနော်ကိုယ်တိုင်
လိုက်ပြော ရှာဖွေ။ ကုသိုလ်ပြုကြတဲ့အခါ အမျှဝေပေးပါဆိုလို့
အိမ်ပြင်ထွက်ပြီး ကျတော်က အမျှပေးဝေခဲ့ပါတယ်
ခုတော့ ကျနော်အနေနဲ့ တတ်နိုင်သမျှ ကုသိုလ်ကောင်းမှုကိုပဲ
ဂရုစိုက်ဆောင်ရွက်နေပါတယ်။
မ်က္စိထဲမွာ ကြောက်မက်ဖွယ် ကောင်းတဲ့
ခံစားမှုတွေက စဉ်းစားလိုက်တိုင်း ပေါ်လာပါတယ်
ကုသိုလ်ကောင်းမှုပြုကြပါ တိုက်တွန်းပြောကြခြင်းပါတယ်
ဤသို့ဖြင့် သေရွာပြန် ဦးရေခဲ၏ သူ့ရဲ့အတွေ့အကြုံ
တွေကို သံဝေဂယူနိုင်ကြရန် စိတ်ရှည်လက်ရှည် ပြောပြလိုက်ပါသည်
(ဦးရေခဲအဖြစ်အပျက်တို့ကို စာရေးဆရာကျိုက်လတ်မိုးမြင့်က
ကိုယ်တိုင်သွားရောက်ပြီး သုတစြယ္စုံ မဂ္ဂဇင်း၌ အထက်ပါ
အတိုင်း ရေးသားဖော်ပြ ပေးထားပါသည်။
ဆရာကျိုက်လတ်မိုးမြင့်ဆောင်းပါးတွင် ဦးရေခဲဓါတ်ပုံပါပါသည်။
ယခု ဤအဖြစ်အပျက်ကိုဆရာကျိုက်လတ်မိုးမြင့်
ရေးသားထားသော မူရင်းအတိုင်း
လက္ခ စာဖတ္သူကို ပြန်လည် ဝေမျှလိုက်သည်)