အောင်မြတ်သာနှင့်သွေးစုပ်ငှက်ပျောပင်

“မပေးထားဘူး”
“အဲဒါဆိုရင် ဘာလို့လူတွေကိုသတ်နေရတာလဲ အရင်ဘဝကမင်းရဲ့မကောင်းမှုတွေကြောင့် ဒီလိုဘဝကို ရောက်ခဲ့ရတယ် အခုလဲမကောင်းမှုတွေဆက်လုပ်နေရင် ဒီဘဝက မင်းဘယ်လိုကျွတ်တော့မလဲ”
“ငါမသိဘူး ငါသိတာက ငါစားချင်တာ မစားရရင် ဒီတစ်ရွာလုံးကိုသတ်စားပစ်မယ်၊ မေးပီးရင် ငါပြန်တော့မယ်”
ထိုအခါဆရာက ပြုံးပြီး
“မင်းပြန်လို့ရရင် ပြန်ပေါ့ကွာ”
ဝင်ပူးနေတဲ့လူက ဆတ်ခနဲကောက်ထကာ
အိမ်တံခါးပေါက်ကိုအဆင်း ဗိုင်းကနဲ အနောက်ကို ပြန်လန်ကျသွားတယ်။
ဘာကြောင့်လဲဆိုတော့ သူအိမ်ပေါ်ကိုရောက်တဲ့အချိန် ကျွန်တော်စည်းချထားလိုက်ပီလေ။ဒါကြောင့် သူပြန်ဆင်းလို့မရတော့တာ။
ဆရာက
“မင်း ဆင်းလို့မရဘူးဆိုတော့ နောက်ဆုံးအကြိမ်ထပ်မေးမယ် ဒီရွာကနေထွက်သွားမလား.ငါမောင်းထုတ်ရမလား”
“ငါဒီအပင်မှာပဲနေမယ် မသွားဘူးဟေ့ နင်တို့သာ ထွက်သွားကြ”
“ကောင်းကောင်းမွန်မွန်ပြောတာမရရင်တော့ နာကျင်အောင်လုပ်ရတော့မှာပေါ့ ၊ ကဲ ကြိုးပိုင်တွေ ဒီကောင်ကို လက်ပြန်ကြိုးတုပ်လိုက်စမ်း”လို့ပြောလိုက်တယ်ဆိုရင်ဖြင့် ဝင်ပူးနေတဲ့သူရဲ့လက်က အလိုလိုအနောက်ကိုရောက်သွားတယ်။
“ကြိမ်ပိုင်က.ကြိမ်နဲ့ရိုက် နာအောင်ရိုက်”လို့အမိ်န့်ပေးလိုက်တယ်ရင်ဖြင့် ကြမ်းပြင်မှာလူးလိမ့်ကာ အော်ပါလေရော။
” အား အမလေး နာတယ် နာတယ် သေတော့မယ် မရိုက်နဲ့တော့ အားး တော်ကြပါတော့”
“ကြိမ်ပိုင်ခဏရပ်လိုက်”
“မင်း ထွက်သွားမလား ထပ်ရိုက်ရမလား”
“မသွားဘူး ငါမသွားဘူး ဒီမှာပဲနေမယ်”
“မင်းကတော်တော်ခေါင်းမာတဲ့ကောင်ပဲ
ဒါဖြင့်လည်း.ကြိမ်ပိုင်က ကြိမ်နဲ့ရိုက် ကြိုးပိုင်ကလဲ ကြိုးမဖြေပေးနဲ့ ဓားပိုင်တွေလဲလာစေ သူ့ရဲ့ခြေဆစ်တွေကို လမ်းလျောက်မရအောင် ဓားပိုင်တွေက မွှန်းစေ”
“အား သေပီ သေပါပီ နာတယ် နာတယ် ငါသေတော့မယ် မင်းကိုငါသတ်မယ် ငါနာကျင်သလိုမင်းနာကျင်ရမယ် အမလေး.သေပါပီ ”
“မင်းအစွယ်ကမသေးဘူးပဲ ဒီထက်ပိုနာအောင်ရိုက်ကြစမ်း ”
ကြိမ်ပိုင်၊.ဓားပိုင်တွေရဲ့ ရိုက်ချက်၊ ခုတ်ချက်အောက်မှာ သကောင့်သား အလူးအလဲခံနေရတယ်။ဒါပေမယ့် နာကျင်တာကို ခံရင်း ခေါင်းမာကာ တင်းခံနေတာမြင်တော့ ကျွန်တော် အံ့သြသွားတယ်။တစ်ခြားမကောင်းဆိုးဝါးတွေဆိုရင်ဒီလောက်ခံနိုင်ရည်မရှိ။ ဒီကောင်တော်တော်ခေါင်းမာပါလားလို့ တွေးလိုက်မိတယ်။
“မင်းခေါင်းကတော်တော်မာတာပဲ
ယက္ခညီနောင် ဒီကောင်ခေါင်းကို တင်းပုနဲ့ရိုက်စမ်း”လို့ပြောလိုက််ဆိုရင်ဖြင့်
တင်းပုတ်ထမ်းထားတဲ့ ယက္ခညီနောင် ဘေးနှစ်ဖက်ကနေ ပေါ်လာပြီး ပယ်ပယ်နယ်နယ် ရိုက်ပါလေရော။
“အား သေပီ ငါ့ခေါင်းကွဲပီ မင်းတို့က ဘာကောင်တွေမို့လို့ ငါ့ကိုရိုက်နေရတာလဲ ငါဒီဒေသမှာနေလာတာ.နှစ်ရာချီနေပီ ”
ယက္ခညီနောင်ကို အံကြိတ်ကာပြောလိုက်တဲ့စကားအဆုံးမှာ နောင်တော်ကြီးယက္ခရဲ့ လက်ပြန်က ပါးစောင်ပေါ်ကိုရောက်သွားတယ်။
“ဖြောင်း”ဆိုတဲ့အသံနဲ့အတူ ၄ပေလောက် လွှင့်ထွက်သွားတယ်။
“ငါမနိုင်ဘူး ငါနင်တို့ကိုမနိုင်ဘူး ငါသွားမယ် ငါသွားမယ် မရိုက်ကြပါနဲ့တော့ ငါလဲနာလှပီ ခေါင်းတွေလဲ ကွဲနေပီ”
“အဲလိုအစထဲကပြောရင် ဒီလိုနာကျင်မှာမဟုတ်ဘူး
ဒီနေ့ကစပြီး ဘယ်သူ့ကိုမှ မသတ်တော့ဘူး ဒုက္ခမပေးတော့ဘူးဆိုတဲ့ကတိကိုပေး မပေးရင် ဒီဘဝမှာပဲ နောက်တစ်ခါထပ်သေအောင် ရိုက်မယ်”
“ပေးမယ် ပေးမယ် ငါ့ကိုလွှတ်ပေးကြပါတော့”
“သက်ခိုင် ရေတစ်ခွက်ယူခဲ့”
ကျွန်တော်ရေခွက်ကိုဆရာ့လက်ထဲပေးလိုက်တော့
“ဒီသစ္စာရေ သောက်ပီးမှ လွှတ်ပေးမယ်
လူတွေကိုဒုက္ခထပ်ပေးမယ်ဆိုရင် တစ်ကိုယ်လုံးလောင်မီးကျပြီး ပြာအတိဖြစ်စေ၊ နောင်ပွင့်တဲ့ဘုရားအဆူဆူတိုင်းကို လွဲချော်ပါစေလို့ ကျိန်ဆို”
ဝင်ပူးနေတဲ့သူလဲ ကျိန်ဆိုကာ သစ္စာရေသောက်အပြီး အရုပ်ကြိုးပြတ်ကာလဲကျသွားတော့တယ်။
မကြာခင်မှာပဲ ရွာလမ်းတစ်လျောက် ခွေးအူသံတွေကို ဆူညံစွာကျွန်တော်တို့ကြားရပါလေရော။
“ကဲ.သက်ခိုင်ရေ အနှောက်အယှက်တော့မရှိတော့ဘူး
အနောက်က ငှက်ပျောပင်ကိုခုတ်ပြီး မြေမြှုပ်ခိုင်းလိုက်”
ငှက်ပျောပင်ကိုခုတ်တဲ့အချိန် ငှက်ပျောပင်စည်ထဲကနေ သွေးတွေပန်းထွက်လာတာကို ထူးဆန်းစွာတွေ့လိုက်ရတယ်။
ငှက်ပျောပင်ကို ခုတ်ပြီးအပိုင်းပိုင်းဖြတ်ကာ မြေမြျုပ်ပြီး နောက်နေ့မနက်မှာ ကျွန်တော်တို့်ရွာကနေ ပြန်လည်ထွက်လာခဲ့လိုက်တယ်။
ရွာကအထွက်မှာတော့ အမဲရောင်ဝမ်းဆက်နဲ့ ညီအမသုံးယောက်လက်ပြနှုတ်ဆက်နေတာကိုလဲမြင်ခဲ့ရတယ်။
ရွာကနေထွက်ပြီး ဇင်းကျိုက်တောင်မှာ.အဓိဌာန်ဝင်ဖို့ ခရီးဆက်ထွက်ခဲ့ကြတယ်။
ခရီးဆက်နေရင်း ထန်းခေါက်ကုန်း(အမည်လွှဲ)ဆိုတဲ့ရွာလေးတစ်ရွာမှာ တစ်ထောက်နားခဲ့ကြတယ်။
ရွာထဲစဝင်တော့ ရွာအဝမှာ ရေကန်ကြီးတစ်ကန်ကို အရင်တွေ့လိုက်ရတယ်။ ကန်ရဲ့ဘေးမှာတော့ ထုံးဖြူ နဲ့ရေးထားတဲ့ “ရေဆင်းမကူးရ အန္တရာယ်ရှိသည်”တဲ့ ။
ရေကန်ရဲ့ဘေးမှာတော့ တစ်ပိုင်းတစ်စ စေတီလေးတစ်ဆူကိုဖူးမြင်လိုက်ရတယ်။
တစ်ပိုင်းတစ်စနဲ့ထည်ထားတာတော်တော်ကြာနေပီဆိုတာ အောက်ခြေကရေညှိတွေကိုကြည့်ပြီး သိလိုက်ရတယ်။
ရွာကလူတွေကိုမေးကြည့်တော့
“ဒီစေတီတည်တော့ ရေကန်ကအစောင့်တွေမကြိုက်ဘူး
ရေကန်ကလဲနှစ်တိုင်းလူသေတယ်။ တစ်နှစ်တစ်ယောက်ပုံမှန်ရေနစ်သေတယ်။ ရွာကလူတွေရေထဲမဆင်းရင်တောင် စိတ်မမှန်တဲ့သူတွေ၊.ဝက်ရူးပြန်တဲ့လူတွေက အလိုလိုရေထဲခုန်ချပြီးသေကြတာ၊ ဒီစေတီတည်တော့လဲ အနှောင့်အယှက်တွေပေးကြတယ်၊ ဘယ်သူမှမတည်ရဲကြတော့ဘူး”လို့ပြောတာကိုကြားခဲ့ရတယ်။
အောင်မြတ်သာနဲ့သက်ခိုင်တို့ဆရာတပည့်နှစ်ယောက် စေတီကိုပြန်တည်မှာလား?
ရေကန်ကအစောင့်တွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာကို “အောင်မြတ်သာနှင့်ရေကန်စောင့်မောင်နှမ”ဆိုတဲ့ဝတ္တုလေးမှာ ဆက်လက်ဖတ်ရှုပေးကြပါဦးလို့ မေတ္တာရပ်ခံရင်း.
ဇေယန(ရာမည)