မဖဲဝါက သူ့ ကတိအတိုင်း ခင်ဗျားကို လုပ်ပေးခဲ့ ပြီးပြီလေဗျာ။
ခင်ဗျားဘက်ကလည်း စကားတည်မှပေါ့ဗျ ”
” ဟကောင် တာတေ။ ငါညက တစ်ညလုံး ဖဲနိင်တာကို
မင်းက မဖဲဝါ အစွမ်းချည်းထင်နေတာ။ ငါ့အစွမ်းလည်း
အများကြီ ပါပါတယ်ကွ။ ငါ့ခေါင်းတွေလည်း ထူပူနေအောင်
စဉ်းစားရတာကွ ”
” ဟာ မဟုတ်သေးပါဘူး ကိုအောင်ချစ်ရာ။ ခင်များ အစွမ်း
မပါဘူးလို့ ကျုပ် မပြောပါဘူးဗျာ။ ဖဲဝိုင်းဘဲဗျာ တစ်လှည့်စီ
တော့ နိင်ကြမှာပေါ့။ အခုဟာက ခင်ဗျားချည်း နိင်တာဆိုတော့
ခင်ဗျားအစွမ်း မဟုတ်ဘူးလို့ ကျုပ်ထင်တယ်ဗျာ ”
” ဟား ဟား ဒါဆို မင်းဒီည ကြည့်လိုက်လေ။ ဘယ်သူ့
အစွမ်းလဲ မင်းသိစေရမယ် ”
ကျုုပ်ကတော့ စကားကို မလေးစားတဲ့ ကိုအောင်ချစ်ကို
တော်တော် စိတ်ပျက်သွားမိတာ အမှန်ဘဲဗျာ။ ဖဲနိင်ချင်တော့
မဖဲဝါနဲ့ အပေးအယူ လုပ်တယ်။ တကယ်နိင်တော့ သူ့အစွမ်း
လို့ နိင်သလို ပြောတယ်။ တကယ်ကို ဖဲသမားစကားပါဘဲ
ဗျာ။ အမိန်းတို့ အိမ်ရောက်တော့ တရုတ်တွေက ကိုအောင်ချစ်
ကို စောင့်နေကြတယ်ဗျ။ ညကအဖြစ်အပျက်ကိုတော့
သိပ်ကျေနပ်ကြပုံ မပေါ်ဘူး။ ကျုပ်လူ ကိုအောင်ချစ်ကတော့
အောင်ပွဲရ စစ်သူကြီး ပုံစံနဲ့ပေါ့ဗျာ။ ခနလောက် စကားစမည်
ပြောဆိုကြပြီးတော့ ဖဲဝိုင်းစပြီး ဆင်တော့တာဘဲဗျို့။
ပထမတစ်လှည့် ကိုအောင်ချစ် နိင်တယ်။ တရုတ်တွေ
မျက်နှာနည်းနည်း ပျက်သွားတယ်ဗျ။ ဒုတိယအလှည့်လည်း
ကိုအောင်ချစ်ဘဲ နိင်ပြန်ရောဗျ။ ကိုအောင်ချစ်ကြီး
မျက်နှာကတော့ ပြုံးပြုံးကြီးပေါ့ဗျာ။
တတိယအလှည့် ရှုံးပြီဗျို့။ ကိုအောင်ချစ် ရှုံးပြီ။ စတုတ္ထအလှည့်
ရှုံးပြန်ပြီ။ နောက်တစ်လှည့် ရှုံး။ သန်းခေါင်ကျော်တော့
ကိုအောင်ချစ်ကြီး ပါသမျှ ကုန်ပြီဗျို့။ ဒါပေမဲ့ကိုအောင်ချစ်က
လူပါးဗျ။ ညကနိင်ထားတဲ့ ငွေတွေ အကုန်ပြန်ယူခဲ့တာမှ
မဟုတ်တာ။ နည်းနည်းဘဲ ပြန်ယူလာတာဗျ။ နောက်ဆုံး
ကိုအောင်ချစ် တင်းသွားပြီးတော့
” ဝိုင်းမဖျက်နဲ ။ ကျုပ်နေရာမှာ တစ်ယောက် ခနဝင်ထား။
ကျုပ်ရွာပြန်ပြီး ငွေတွေ ပြန်ယူပြီး ချက်ချင်းပြန်လာမယ်။
မနက်ဖြန် တစ်နေ့လုံး ဆက်ရိုက်မယ် ”
တရုတ်တွေ လက်ခုပ်တီးပြီး သြဘာပေးကြတယ်။
” ဖဲဆိုတာ စီလိုဘဲ ဝိဇ္ဇာရယ်။ ငွေတွေ ပြန်ယူခဲ့မယ် ဆိုလော့
ကောင်းလာပေါ့။ ဝလို့ ညက ရူံးထားတဲ့ ပိုက်ဆံတွေ
ပြန်ရလာပေါ့ ”
ကိုအောင်ချစ် ပိုတင်းသွားပြီး ချက်ချင်းကို ပြန်တာဗျို့။
အိမ်ပြင်ရောက်တော့
” တာတေ ခနနေဦး။ မီးလောင်ကုန်း ရွာဖျားမှာ
အရက်ဖိုရှိတယ်ကွ။ ငါနည်းနည်း သောက်ချင်တယ် ”
” လာပါဗျာ။ သောက်ချင်ရင်လည်း ကိုယ့်ရွာရောက်မှ သောက်
စမ်းပါ။ ငပိန့်ကို အချိန်မရွေး နှိုးလို့ရပါတယ် ”
” ဟာ မနေနိင်တော့ဘုူးကွာ။ ငါနည်းနည်းတော့
သောက်မှ ဖြစ်မယ်ကွ ”
တကယ်ကို ဇွတ်တရွတ် လူဗျ။ မီးလောင်ကုန်း ရွာအဖျားကို
တက်သွားတယ်။ ပြီးတော့ သူပြောတဲ့ အရက်ဖိုက
လူကို အရက်တစ်ပုလင်း ရောင်းဖို့ပြောတယ်။
” ဟာ ကိုကြီးအောင်ချစ်ပါလား ။ ရော့ဗျာ ရော့။
ညကကိုကြီးအောင်ချစ် နိင်သွားတဲ့ သတင်း ကျုပ်တို့
အားလုံးကြားပါတယ်ဗျာ..”
ကိုအောင်ချစ် နောက်ထပ် ပိုတင်းသွားတယ်။ ညက နိင်တဲ့
သတင်းကြားရင် ဒီည ရှုံးတဲ့သတင်းလည်း ကြားမှာဘဲ။
ရွာပြင်ရောက်တော့ တမာပင်ကြီးရောက်မှာ ထိုင်ပြီး မော့တယ်
ဗျ။ အမြည်းမပါ ဘာမပါနဲ့ ။ ဒီအတိုင်းကို မော့နေတာ။
တော်တော်လေး သောက်ပြီးမှ
” ကဲ တာတေ။ ရပြီဟေ့။ လာ သွားကြစို့ မင်းရှေ့ကသွား ”
သွားစို့သာ ပြောတယ်။ ခြေထောက်က သိပ်မမှန်ချင်ဘူးဗျ။
နည်းနည်း ယိုင်ချင်နေပြီ။ ကျုပ်တို့ ထနောင်းကုန်းဘက်ကို
ဦးတည်လိုက်ကြတယ်။ ဘယ်လိုသွားသွား မီးလောင်ကုန်း
သချိုင်းကို ဖြတ်ရမှာဘဲလေ။
ကျုပ်က ရှေ့က ဦးဆောင်ပြီး သွားရတယ်။
” အလကားဟာမ။ အမဲသားမရလို့ မကျွေးတာကို မကျေနပ်
ဖူးထင်တယ်။ ဒီည ပါသမျှ ပြန်ကုန်အောင် လုပ်တယ်။
သောက်ကမြင်းမကြီး မဖဲဝါ ”
” ဟာ ဟေ့လူ။ ခင်ဗျားပါးစပ် ပိတ်ထား။ ခင်ဗျား ဘာတွေ
ပြော နေတာတုံး ”
” ဟာ တာတေ မင်းကလည်း ကြောက်တတ် လိုက်တာ
လွန်ရောကွာ။ ဒီဟာမကြီး မဟုတ်တာ လုပ်လို့
ငါပြောနေတာကွ။
ငါ့ကို ဒီလိုလုပ်စရာလား ။ အမဲသားမရလို့ မကျွေးတာလေ။
ငါ့ကို ဘာလုပ်လို့ ရသလဲ။ ဟဲ့ကောင်မစုတ် မဖဲဝါ။
နင်က သရဲမ။ ငါကလူလေ။ နင်ဘာလုပ်လို့ ရသလဲ ”
ကိုအောင်ချစ်က ကျုပ်ပြောပေမဲ့ မရဘုူးဗျ။ အကျီၤ ရင်လွယ်ကြီး
နဲ့ဗျ။ ပုဆိုးကြီးကလည်း တိုတို ဝတ်ထားသေးရဲ့။
မတ်တပ်ရပ်ပြီး အရက်ပုလင်းကို မော့နေပြန်တယ်ဗျို့။
ကျုပ်လည်း တော်တော်ကို စိတ်ကုန်သွားတာဗျာ။ ညက
ုနိုင်တုံးကတော့ မျက်နှာတစ်မျိုးဗျ။ ဒီည ရှုံးတော့ ကျတော့
မူးရူးလို့။ လောကမှာ အရှုံးဒဏ် မခံနိင်တဲ့ လူဟာ
ယောကျာ်းပီသတဲ့သူ မဟုတ်ဘူးလို့ ကျုပ်ထင်တယ်။
” ကိုအောင်ချစ်လာပါဗျာ။ ရွာရောက်မှဘဲ
ခင်ဗျားကြိုက်သလောက် သောက်ဗျာ”
ကျုပ်ပြောတော့ အရက်ပုလင်းကို အဖုံးပိတ်ပြီး
ဆက်လျှောက်ပြန်တယ်။ ဟော ရောက်ပြီ့။ မီးလောင်ကုန်း
သချိုင်းကို ရောက်ပြီ။ ကျုပ်က ရှေ့က ခပ်သုတ်သုတ် လျှောက်
တယ်။ သူကြီးဦးသူတော်ရဲ့ဂူ ။ မနေ့က မဖဲဝါ တင်မြှောက်တဲ့
ဂူရှေ့ကို ရောက်တော့ ကျုပ်က ပိုပြီး ခပ်သုတ်သုတ်
လျှောက်တယ်။
” တာတေ ဒီဂူမို့လား။ မနေ့က ငါတို့ ဒီကောင်မကြီးကို
တင်မြှောက်တာ ခေါက်ဆွဲကြော် တွေ စားသွားတာလေ။
ဒီနေ့ အမဲသား မသားရတော့ ငါ့ကို ရှုံးအောင်လုပ်တယ်။
ဟ မဖဲဝါ။
နင်က ဘာကောင်မလဲ။ အောင်ချစ်ကို နင်ဘာလုပ်လို့
ရမှာမို့လို့လဲ့။ ငါက လူလေ သရဲမရဲ့။
ဟား ဟား ဟား ဟား ”
” ဘုန်း ”
” အင့်”
ဟာ ကျုပ်သွားတဲ့ ခြေလှမ်းတွေ တုံ့ခနဲ ရပ်သွားတယ်။
ချက်ချင်း နောက်လှည့် ကြည့်မိတယ်။ ကိုအောင်ချစ်ကြီး
လက်ထဲက အရက်ပုလင်း လွတ်ကျသွားတယ်။
ကျောကြီးကော့ပြီး ခေါင်းကြီးက အပေါ် လန်နေတယ်။
” ဘုန်း”
ဟာ နောက်တစ်ချက်။
” အင့် ”
ကိုအောင်ချစ် မချိမဆန့် အော်တဲ့ အသံဗျ။
ဟာ သွေးတွေဗျ။ ကိုအောင်ချစ် ပါးစပ်က စီးကြလာတဲ့
သွေးတွေဗျ။ ကိုအောင်ချစ် ဒူးထောက် ကျသွားတယ်။
အကျီၤရင်ဘတ် ဟကွဲနဲ့ ပါးစပ်က သွေးတွေ စီးကျနေတယ်။
မျက်လုံးကြီး တွေ ပြူးထွက်နေတာ မြင်လို့ကို မကောင်းပါဘူး
ဗျာ။ ကျုပ်က ရှေ့တော်တော် လှမ်းလှမ်းကို ရောက်နေပြီဗျ။
ချက်ချင်းပြေးမယ် အလုပ်မှာ
” တာတေ ပြေး ”
ကိုအောင်ချစ် ပါးစပ်က နောက်ဆုံးထွက်လာတဲ့ အသံနက်ကြီး
ဗျ။ ဒီတုံးမှာကိုအောင်ချစ် နောက်ကနေ ဘွားခနဲပေါ်လာတဲ့
ဖြူဖြူကြီးဗျ။ အရပ်ကိုးပေ ဆယ်ပေတော့ အသာလေးဘဲ။
ဆံပင်ဖားလားကြီးနဲ့
” ဟာ” ကျုပ် ပြေးပြီ။ တစ်ချိုးတည်းဘဲ။ နောက်ကို
လှည့်ကို မကြည့်တော့ဘူးဗျို့။ မီးလောင်ကုန်းသချိုင်း
ပြီးတော့ဆပ်သမြောင်လျှို့၊
ပြီးတော့ယာကြီးကုန်း ၊ ပြီးတော့ သဲချောင်း ပြီးတော့မှ
ကျုပ်တို့ရွာထနောင်းကုန်း။ ရွာရောက်တော့ ကျုပ် သတိလစ်ပြီး
ခွေခနဲ လဲကျသွားတယ်။ ကျုပ်နားထဲမှာ ဆူဆူညံညံ အသံတွေ
ကို မသဲမကွဲ ကြားရတယ်ဗျ။ ခဏပါဘဲ။ နောက်တော့ အားလုံး
လစ်ထွက်သွားကာ။
ကျုပ် သတိရတော့ ကျုပ်တို့ အိမ်ဝိုင်းထဲ ပြန်ရောက်နေပြီဗျ။
အိမ်ထောင့်က မန်ကျည်းပင်ကြီးအောက်က ကွပ်ပျစ်ပေါ်မှာ
ကျုပ်ကို နှာနှပ်တဲ့ သူက နှပ်နေလေရဲ့။ ဒီအထဲမှာ
ကိုအောင်ချစ်ရဲ့ ညီ ကိုအောင်သစ်လည်းပါတယ်ဗျ။ ကျုပ်
ကောင်းကောင်း သတိရတော့မှ ဝိုင်းမေးကြတယ်။
ကျုပ်ကလည်း ဖြစ်သမျှတွေကို အားလုံး ပြောပြလိုက်တယ်။
” ဟာ့ကိုအောင်ချစ် ပေါက်ကရတွေ လျှောက်လုပ်တာကို
နင်က မတားဘူးလား တာတေ ”
ကျုပ်အမေတာင် ကျုပ်ကို အပြစ်ပြောနေတာဗျ။ ချက်ခြင်းဘဲ
ရွာထဲမှာ လူစုကြတယ်။ ည (2)နာရီ ထိုးနေပြီဗျ။
ဓာတ်မီးတွေ ဒုတ်တွေ ဓားတွေနဲ့ ရွာပြင်ထွက်တယ်။
ကျုပ်က လမ်းပြပေါ့ဗျာ။ မီးလောင်ကုန်းကို ရောက်တော့
မီးလောင်ကုန်းရွာသားတွေလည်း အလန့်တကြား
ထွက်လာကြတာပေါ့။
” ဟဲ့ ဘယ်သူတွေ ဘယ်လို ဖြစ်လာကြတာတုံး ”
ကျုပ်က အဖြစ်အပျက်တွေ ပြောပြတော့ သူတို့ရွာသားတွေပါ
လိုက်လာကြတယ်ဗျ။ မီးလောင်ကုန်း သချိုင်းရောက်တော့
့ သူကြီးဦးသူတော်ရဲ့ ဂူနားမှာ မှောက်ခုံကြီး လဲနေတဲ့
ကိုအောင်ချစ်ကြီးရဲ့ အလောင်းကိုဘဲ တွေ့ကြရ တော့တာပေါ့
ဗျာ။ အသက်မရှိတော့တဲ့ ကိုအောင်ချစ် ခန္ဓာကိုယ်ကြီးက
မှောက်ခုံကြီး သေနေတာဗျ။ ဓာတ်မီးနဲ့ ဝိုင်းထိုးကြည့်ကြ
တာပေါ့ဗျာ့။ အလောင်းကို ကိုအောင်သစ်နဲ့ ကျုပ်
ဆွဲလှန်လိုက်တော့…
” အောင်မလေး ”
မကြောက်တတ် အလန့်တတ်တဲ့ ထနောင်းကုန်းက
လူငယ်တွေတောင် လန့်အော်ကြတယ်ဗျို့။ ကိုအောင်ချစ်
အလောင်းမှာ မျက်စိကြီးတွေ အပြင်ကို ပြူးထွက် နေပြီးတော့
ပါးစပ်ကြီးကလည်း ဟနေတယ်ဗျ။ ဝေဒနာကို မချိမဆန့်
ခံစားပြီး သေသွားရတာ သူ့မျက်နှာမှာ အထင်းသား
ပေါ်နေတယ်ဗျ။ အလောင်းကို တစ်ခါပြန်မှောက်ပြီး
ကျောကုန်းကို ကြည့်လိုက်တော့..
” ဟာ”
ကြည့်နေတဲ့ လူတွေ လန့်ပြီး အော်ကြပြန်တယ်။
ကိုအောင်ချစ်ကြီးရဲ့ ကျောကုန်းမှာ လက်ဝါးရာကြီး နှစ်ခုဗျ။
နည်းတဲ့ လက်ဝါးကြီး မဟုတ်ဘူးဗျို့။ စောင်တစ်ထည်
ပြန်ယူပြီး ပုခက်လုပ်အလောင်းကို ရွာအရောက်
သယ်ခဲ့ကြတယ်။ထုံးစံအတိုင်း လူသေမှု့ဖြစ်နေတော့ ရဲစခန်း
အကြောင်းကြားပြီး ဆေးရုံပို့ရတာပေါ့ဗျာ။
ကျုပ်ကိုလည်းစစ်ကြတာပေါ့။ အမိန်းအိမ်က ဖဲရိုက်တဲ့
တရုတ်တွေ အရက်ဖိုက လူ။ ပြီးတော့ ကျုပ်တို့နဲ့ အဲ့ဒီညက
ဖဲအတူရိုက်တဲ့ လူတွေ အသုဘမှာ ကပ်လိုက်တဲ့ လူတွေ
အားလုံး အစစ်ဆေး ခံကြရတယ်။ ကျုပ်ကိုတော့ အပြန်ပြန်
အလှန်လှန် စစ်တာပေါ့။ ကျုပ်ကလည်း အမှန်အတိုင်းထက်
ပိုပြီး ဘာမှကို မပြောတတ်ဘုူးလေ။ အားလုံးကို အမှန်ဘဲ
ထွက်ဆိုခဲ့တာပေါ့။ နောက်တော့လည်း အမှု့ကိစ္စ ပိတ်ခဲ့ရ
တာပေါ့ဗျာ။ ကိုအောင်ချစ် သေတဲ့ညက ကျုပ်ပါတယ်ဆိုတာ
အားလုံးသိကြတာပေါ့ဗျာ။ ဒီတစ်ခါတော့ ခင်ဗျားတစ်ယောက်
တည်း သိတာမဟုတ်တော့ ဘူးဗျို့……
ပြီးပါပြီ