“ခေါင်းပြတ်တောင်စောင့်မဖဲဝါ”

‎ကိုကြီးစိန်သောင်းလည်းကြားလိုက်တဲ့ပုံပဲဗျ ဘုရား ဘုရားနဲ့ပါးစပ်ကဘုရားပဲတနေတော့တာဗျို့။
‎တာတေ မင်းဘာမြင် လိုက်တုန်း
‎ခေါင်းပြတ်ကြီး လက်ထဲမှာလူခေါင်းပြတ်ကြီးဆွဲလာတာဗျ
‎”ဟေ ဒီသူရဲကြီး ကလူသတ်နိုင်သလားတာတေ ရ”
‎ဪ ကိုကြီးစိန်သောင်း ကလည်းသတ်နိုင်လို့ပဲ လူခေါင်းကြီးဖြတ်ယူလာတာပေါ့ဘယ်ရွာကဘယ်သူ့ကို သတ်လိုက်တယ်ဆိုတာ မနက်ဖြန်တော့သိရမှာပေါ့ဗျာ။
ဟာတာတေ ကလည်းလူသတ်တာဖြစ်ချင်မှဖစ်မှာပေါ့ကွ သူတို့တို့အချင်းသတ်တာလည်းဖြစ်ချင်ဖြစ်မှာပေါ့ကွ
အင်း ဒါလည်း ဟုတ်တာဘဲဗျ။
“ဝုတ် ဝုတ် ဝုတ် ဝူး ဝူး အီ အီ”
ဟာ ခွေး အူသံကြီးပါလား
ခွေး အူသံဟုတ်လား ငါလည်းမကြားရပါလားတာတေ
“အသာငြိမ်နေအုံးကိုကြီးစိန်သောင်းရေ အဲ့ဒါမဖဲဝါ ရဲ့ခွေးသံကြီးဗျ မဖဲဝါနဲ့ ဒီခေါင်းပြတ်ကြီးဘယ်လိုပတ်သတ်နေလည်းမသိဘူးဗျ”
ဟာ ဟုတ်ပါ့ဗျာ လရောင်အောက်မှာရပ်နေတာမဖဲဝါရဲ့ခွေးကြီးနကိကျော်ပေါ့ ဟော သူ့နောက်ကပါလာမဖဲဝါကြီးဗျို့။ ကျုပ်ကိုကြီးစိန်သောင်းကို စကားမပြောဖို့ အချက်ပြလို က်တယ်
“ဝူး ဝူး အီ အီ”
‎ဟော အရပ်ဆယ်ပေလောက်မြင့်တဲ့မဖဲဝါကြီးပေါ့ဗျာ။
‎ဆံပင်ကြီးကဖလျားချလို့ မျက်လုံးကြီးနှစ်လုံးက နီရဲပီးလက်ဖက်ရည်ပန်းကန်လုံးနှစ်လုံးစာလောက်ရှိတယ် ထဘီရင်,လျားကြီးနဲ့ဗျ ။ဟော ဟော မင်းနဂါးအုပ်ဂူကြီးပေါ်ခုန်တက်သွား ပီဗျ နွားပေါက်တစ်ကောင်လောက်ရှိတဲ့ခွေးကြီးကအုပ်ဂူကိုပတ်ပြေးနေတာဗျ မဖဲဝါက ညောင်ပင်ကြီးကိုစိုက်ကြည့်နေတာဗျ ကျုပ်စိတ်ထင် ကွမ်းတစ်ယာ ညပ်လောက်ကြာတော့, လာတဲ့လမ်းအတိုင်းပြန်သွားရောဗျ။
‎ကျုပ်လည်း ကျုပ်မြင်တာတွေကိုကိုစိန်သောင်းကြီးကိုပြော ပြပီးတော့ခနအိပ်လိုက်ကျတယ်။ကျုပ်တို့နိုးတော့နေတောင်ထွက်နေပါပီဗျာ။ဟာ သုတ်ကိုင်းမှာကြက်တွေသုံးကောငိတောင်မိတယ်ဗျို ဝက်ထောင်ထားတဲ့ဆီသွားတော့လည်းမိတယ်ဗျို့သိပ်တော့မကြီးဘူး ခုနစ်ပိဿာ ရှစ်ပိဿာလောက်ပဲရှိမယ်ဗျ။
‎ကျုပ်တို့လည်းအထုပ်တွေယူပီးတောင်အောက်ကိုဆင်းလာခဲ့တယ် ကိုကြီးစိန်သောင်းက ကပ္ပလီစုက သူ့အသိတစ်ယောက်ကိုလှည်းနဲ့လိုက်ပို့ခိုင်းတယ်။
‎ထနောင်းကုန်း ရွာထဲဝင်လိုက်တာနဲ့ရွာထဲမှာတခုခုဖြစ်နေမှန်းကျုပ်သိလိုက်တယ် ရွာထဲကတွေ့သမျှလူတွေအကုန်လုံးမျက်နှာ ပျက်နေကျတယ်ဗျ။
‎”ကိုကြီး တာတေ”
‎ဟော ကျောက်ခဲနဲ့ သံမဏိဗျ
‎ဘယ်က ပြန်လာကျတ. တုန်းကွ
‎အနောက်ပိုင်းကဗျ၊ဒီကောင်တွေကြည့်ရတာ မျကိနှာမကောင်းဘူးဗျ
‎ဟေ့ကောင် ကျောက်ခဲ ညကရွာမှာဘာဖြစ်လို့တုန်း
‎ ‘ကိုကြီး တာတေ ညက ရွာမှာလူသတ်သွားလို့ဗျ”
“ဟေ”
“ဟေ”
ကျုပ်ရောကိုကြီးစိန်သောင်းရောဟေလိုအော်လိုက်မိတာဗျို့။
“ဘယ်သူ့ကိုသတ်တာတုန်း သတ်တဲ့လူကိုမိလား”
“ရွာနောက်ပိုင်းက ဘိုးယာခင်ကြီးကိုသတ်သွားတာဗျ”
“ဟေ.. ဘယ်လိုသတ်တာတုန်း ဓားနဲ့ထိုးသွားတာလား”
မဟုတ်ဘူး ဗျ ခေါင်းကိုဖြတ်သွား အဲ့ဒီခေါင်းကိုလိုက်ရှာနေကျတာခုထိမတွေ့သေးဘူး
“ဟေ”
ကိုကြီးစိန်သောင်းကျုပ်ကို အဓိပ္ပာယ်ပါတဲ့အကြည့်တွေ့နဲ့ကြည့်တယ်ဗျ
“အဲ့ဒီ ဘိုးတော်ကြီးငူငူငိုင်ငိုင်ဖြစ်နေတာနှစ်ရက်လောက်ရှိပီတဲ့ဗျ ကယောင်ကတမ်းတွေပြောပီးတော့၊”
“ဘာတွေ ကယောင်ကတမ်းပြောလို့တုန်းကွ”
“နဂါးငါမှားပါတယ်ကွာ ငါ့ကြောင့်မင်းဒီလိုဖြစ်ရတာပါလို့ပြောတယ်တဲ့ဗျ”
“ဟာ”
ကျုပ်အံဩလွန်းလို့အော်လိုက်မိတာဗျို့
နို့ သတ်တဲ့လူကိုရော မိပီလားကွ
“ညကတစ်အိမ်လုံးအိပ်မောကျနေကျတာတဲ့ဗျ ဘိုးတော်ကြီးဘယ်လိုအိမ်ပေါ်ကတခါးဖွင့်ပီး ဆင်းသွားမှန်းမသိဘူးတဲ့ဗျ။ မနက်မိုးလင်းတော့မှ ဝိုင်းထဖဲမှာခေါင်းပြတ်ကြီးနဲ့သေနေတာကိုတွေ့ကျတာတဲ့ဗျို့။ဝိုင်း ထဲမှာမြင်း ခွာရာတွေလည်းပေပွနေတာ ခြံတခါးကြီးလည်းပွင့်လို့ လို့ပြောကျတယ် ကိုကြီးတာတေ”
ကျုပ်သက်ပြင်းချလိုက်တယ်။မျက်လုံးထဲမှာတော့ခေါင်းပြတ်ကြီးကိုမြှော က်ကြည့်နေတဲ့ခေါင်း ပြတ်သရဲကြီးကိုပဲ မြင်တနေတေ့ာတာပေါ့ဗျာ
“ဒီ ညနေ လေးနာရီ သင်္ဂြိုလ်မယ်ပြောတယ် ကိုကြီးတာတေ သူကြီးရော ဌာနကလူတွေရော အာလုံးရောက်ပီးပီးတဲ့။”
နို့ ခေါင်းရှာတွေ့လို့လားကွ
“မတွေ့ပါဘူးဗျာခေါင်းမပါပဲ သင်္ဂြိုလ်ရမှာလေ”
ညနေလေးနာရီထိုးတော့ အဘရောကျုပ်ရောကျောက်ခဲရောသံမဏိရောအသုဘလိုက်ပို့ကြတယ်လေကျုပ်တို့ရဲ ရာဇဝင်မှာတော့ခေါင်းမပါပဲ သင်္ဂြိုလ်ရတဲ့အသုဘပေါ့ဗျာ။
ဒီ ကိစ္စကိုမဖဲဝါ သိလိမ့်မယ်ဆိုတာ ကျုပ်တွေးမိတာပေါ့ ဗျာ။
ဒီလိုနဲ့ နောက်ခြောက်လလောက်ကြာတော့
“တာတေ ရေ ဟေ့ တာတေ”
ဗျို့ကိုကြီးစိန်သောင်း ကျုပ်ဒီမှာ ရှိပါတယ်ဗျ၊
ဒီလူက ကသောကမျောနဲ့ အိမ်ပေါ်ကိုတက်လာတာဗျ။
ကိုကြီးစိန်သောင်းလာ ဘာဖြစ်လို့တုန်းဗျ။
“တာတေ ငါ့အဘသိပ်အခြေနေမကောင်းဘူးကွ”
ဗျာ ဘိုးကြာဥဘာဖြစ်လို့တုန်းဗျ ဟိုတစ်ပတ်ကကျုပ်နဲ့တွေလို့စကားပြောခဲ့သေးတယ်ဗျ
“နေမကောင်းတာမဟုတ်ဘူးကွ တာတေရ”
ဗျာ ကိုကြီးစိန်သောင်းရဘယ် လိုဖြစ်လို့တုန်းဗျ
“ဟို.. ဘိုးယာခင်ကြီးဖြစ်တုန်းကလို့ ဖြစ်တာကွ”
ဟင်ဘယ်လိုဖြစ်တာတုန်းဗျ၊
“နဂါးငါမှား ပါတယ်ကွာ ဒိဗ္ဗပြောတာကိုငါနားယောင်သွားတာပါကွာ။မင်းမို့လားဒိဗ္ဗခေါင်းကိုဖြတ်သတ်သွားတာ ငါ့ကိုခွင့်လွှတ်ပါနဂါးရယ်ရန်သူ့ခံစစ်အတွင်းကိုမငိးဝင်သွားတာဒိဗ္ဗအကွက်ဆင်ပေးလိုက်တာပါကွာ ငါမဟုတ်ပါဘူး နဂါးရာတဲ့ကွာ”
“ဟာ ဘယ်ချိန်ပြောတာတုန်းဗျ”
ညက အိပ်ရင်းယောင်ပီးပြောတာကွ မနေ့ကနေ့ခင်းတည်း ကြောင်တောင်တောင်နဲ့တစ်ခွန်းစနှစ်ခွန်းစပြောနေတာကွ။
“ကိုကြီးစိန်သောင်း ကျုပ်တို့ခေါင်းပြတ်တောင်မှာညအိပ်တုန်းက ခေါင်းပြတ်သရဲကြီးထွက်လာတာရယ် မဖဲဝါလာတာရယ်စပ်စပ်နေလိမ့်မယ်ဗျ၊ဒီတော့ဒီ ဒီညမဖဲဝါကိုပင့်ပီးမေးကြည့်ရမယ်ဗျ။
“လုပ်ကွာတာတေရာ ငါ့အဘဒီလိုဖြစ်တာရွာထဲကဘယ်သူမှမသိသေးဘူးကွ မြန်နိုင်သမျှမြန်မြန်လုပ်ကွာ”
ဒီ ညလုပ်မယ်လေဗျာ
‎”ဒါဆို ဘာလို့လည်း”
‎”အမဲသားလိုလား”
‎”ဗျာ.. အမဲသားရရင်တော့ပိုကောင်းတာပေါ့ဗျာ”
‎ဒါဆိုငါသွားယူလိုက်မယ် ဘန့်ဘွေးကုန်းကဆင်ပေါက်တို့အမဲပေါ်တယ်ကွ
‎ကိုကြီးစိန်သောင်းပြန်လာတော့ကျုပ်ချက်ပြုတ်ပီးတော့ ညကိုးနာရီထိုးတော့ ကိုကြီးစိန်သောင်းနဲ့ကျုပ်ထနောင်းကုန်းသင်္ချိင်းကို လာခဲ့ကြတယ်။ထုံးစံအတိုင်းပေါ့ဗျာကျောင်းအမကြီးဒေါ်မယ်ခရဲ့အုပ်ဂူကြီးပေါ်မှာ တင်ပီးမဖဲဝါကိုပက့်လိုက်တယ်ညနေထဲကမျက်ကွင်းဆေးကို မျက်စိတင်မကပဲနားကိုပါပွတ်ပီး ဒိဗ္ဗသေတမာန်တန်ကိုရွတ်ပီးဖွင့်ထားလိုက်တယ် မြင်လည်းမြင်ကြားလည်းကြားရမှာပေါ့ဗျာ။
‎’အရှေ့နေထွက်၊အနောက်နေဝင်၊တောင်တံငါ့ကွန်၊မြောက်ဓူဝံအတွင်းရောက်ရှိရာအရပ်ကအမြန်ဆုံးကြွရောက်ခဲ့ပါ သချုႋင်းရှင်မကြီးမဖဲဝါဗျား ထနောင်းကုန်းက တာတေ ပင့်ဖိတ်ပါတယ်ဗျား”
‎”ဝူး. ဝူး. ဝူး. အီ အီ အီ”
‎ဒီတစ်ခါမြန်တယ်ဗျို့။မဖဲဝါချက်ချင်းရောက်လာတယ် ကျုပ်ပြင်ထားတဲ့ဂူကြီးပေါ် ဒူးကြီးနှစ်လုံးထောင်ပီးစားတော့တာပဲဗျို့ သူစားလိုက် နက်ကျော်ကြီးအမဲသားတုန်းတွေချကျွေးလိုက်နဲ့ဗျ ခနနေတော့ကျုပ်ကိုမောကြည့်ပီးခေါင်းညိတ်ပြတယ်။
‎”တာတေ နားထောင်အဲ့ဒီခေါင်းပြတောင်ဆိုတာ မင်းနဂါးခေါင်းဖြတ်ပီးအသတ်ခံရတဲ့တောင်ပဲ၊မင်းနဂါးကလကျ်ာတပ်မှုးစစ်သူကြီးတစ်ယောက်ပဲ သူမှာသူငယ်ချင်းနှစ်ယောက်ရှိတယ် သူတို့လည်းဗိုလ်မင်းတွေပဲသူ သူ့သူငယ်ချင်းတွေကိုသိပ်ယုံကြည်တာ စစ်ရေးလျှိ့ဝှက်ချက်တွေကိုအကုန်ပြောပြတာ ဒါကိုဒိဗ္ဗနဲ့ဝံသကိုရွှေတွေအများကြီးပုံပေးပီးသတင်းတွေဝယ်ယူနေတာ
‎ဒါကိုမင်းနဂါးကမသိတော့ အရေးကြီးတဲ့စစ် စင်ရေးကြီးတစ်ခုကိုသူငယ်ချင်းတွေကိုပြောပြလိုက်တယ် ဒါကိုရန်သူ့ဘက်ကသိသွားပီးမင်းနဂါးထောင်ချောက်ဆင်အဖမ်းခံလိုက်ရတယ် ။ဒါကိုမင်းနဂါးမသေခင်မှာသိသွားတော့အကြီးအကျယ်ဒေါသဖြစ်သွားတယ်။ ဒီစိတ်နဲ့သေတော့ သူ့ကိုခေါင်းဖြတ်တဲ့တောင်မှာပဲနေရတယ် အတိတ်ကစိတ်စေတနာကောင်းတော့ သူ့အတွက်နေစရာ ညောင်ပင်ဗိမ္မာန်ပေါက်လာတယ် ခေါင်းမရှိပေမာ့်သူမှာမြင်နိုင်ကြားနိုင်တဲ့အစွမ်းသူ့မှာရှိတယ်။ ထနောင်းကုန်းမှာ ဒိဗ္ဗကယာခင်ဆိုပီးတော့ဖြစ်လာတယ် ဝံသကကြာဥဆိုပီးဖြစ်လာတယ်။ဒါကိုမင်းနဂါးသိသွားတော့ ဒိဗ္ဗကိုခေါင်းဖြတ်သတ်သွားတယ် ခုဝံသအလှည့်ဖြစ်လာတာပေါ့။
‎ “ဟုတ်… ဟုတ် ပါတယ်ဗျာမဖဲဝါရယ် အဲ့ကိစ္စဘယ်လိုလုပ်ရမလည်း လာမေးတာပါ”
‎,ဒီကိစ္စတွေကို ဦးဆောင်ပီးလုပ်တာသစ္စာဖောက်ဒိဗ္ဗ ဝံသကိုဒိဗ္ဗကနှုတ်ပိတ်ခိုင်းခဲ့တာပဲရှိတာ ဒါကိုမင်းနဂါးလည်းသိတယ် ဒီတော့နင်သူ့ကို ကျွတ်လွတ်အောင်လုပ် ပေးလိုက်ရင်သူဘယ်သူ့ကိုမှ သတ်တော့မှာမဟုတ်တော့ဘူး။
‎”ကျုပ် ဘယ်လိုလုပ်ပေးရမယ်ဆိုတာပြေပါမဖဲဝါ”
‎သူ့ခေါင်းကိုပြန်ရရင် သူချက်ချင်းကျွတ်သွားမှာ သူ့ခေါင်းရှိတဲ့နေရာငါသိတယ် ဆေးစိမ်ထားတာအခုထိ အကောင်းကြီးရှိသေးတယ်
‎”ဟာ.. ဟုတ်လား မဖဲဝါဘယ်မှာရှိတယ်ဆိုတာသာ ကျုပ်ကိုပြောပါကျုပ်ရအောင်ယူပေးပါ့မယ် ”
‎အဲ့ဒီ ခေါင်းပြတ်တောင်ရဲ့ မြောက်ဘက်မှာ ဆင်မတောင်ဆိုတာရှိတယ် အဒီတောင်ရဲ့ခါးပန်းမှာဂူပေါက်တစ်ခုရှိတယ် အဲ့ဒီဂူပေါက်တစ်ခုကဝင်သွားသွားရင် ကျောက်တလားတစ်ခုတွေ့လိမ့်မယ်အဲ့ဒီကျောက်တစ်လားထဲမှာ မင်းနဂါးရဲ့ခေါင်းရှိတယ်၊အဲ့ဒီခေါင်းကိုတလားပါယူလာပီး သူ့ဂူပေါ်တင်ပေးထားလိုက်၊ငါလည်းလာခဲ့မယ်အဲ့ဒီတောင်မှာမင်းနဂါးရဲ့သင်္ချိင်းရှိလို့ငါ့အဲ့တောင်ကို စောင့်နေရတာဟဲ့တာတေရဲ့နင်လဆန်း(၁၃) ရက်မတိုင်မီ လုပ်ကမယ်အဲ့ဒီည ဝံသခေါင်းကိုဖြတ်မှာ ထွက်အလာသူခေါင်းကိုမြင်သွားရင်အားလုံး ပီးသွားမယ်။
‎”ပြောပီးစားပီးစားပီးတာနဲ့မဖဲဝါပြန်ထွက်သွားတယ်”
‎”ဝူး. ဝူး. ဝူး အီ အီ အီ”
‎နက်ကျေ်ာကြီးအူသံ တော်တော်ဝေးသွားတော့မှ ကျုပ်နဲ့ကိုကြီးစိန်သောင်းပြန်လာခဲ့ကြတယ်။
‎ဒီလိုနဲ့ လဆန်း(၁၂) ရက်နေ့စောစောမှာကျုပ်နဲ့ကိုကြီးစိန်သောင်းဆင်မတောင်ကိုထွက်ခဲ့ကျ တယ် ကျုပ်တို့ဆင်မတောင်မှာ ဂူပေါ က်ရှာတာတစ်ခုမကဘူးလေးငါးခုလောက်ရှိတာဗျ မဖဲဝါပြောတဲ့ကျောက်တလားဆိုတာလုံးဝရှာမတွေ့ဘူး ဒီလိုနဲ့မိုချုပ်သွားပီးနောက်နေ့မနက်မိုးလင်းတော့ ဒီနေ့(၁၃) ရက်လေဗျာကိုကြီးစိန်သောင်းလည်း သူ့အဘအတွက်စိတ်ပူတာပေါ့ ဒီလိုနဲ့ဆက်ရှာကြပီထမင်းစားချိန်ရောက်တော့ ပါလာတဲ့ကောက်ညှင်းကျည်တောက်ကလေးနဲ့ငါးခြောက်ဖုတ်ကလေး စားကျရင်ကျုပ်တို့နောက်ကမြယာပင်တွေကြားမှာဂူပေါက်တစ်ခုကျုပ်သွား တွေ့တယ်။ ကျုပ်တို့လည်းစားနေရာက ဂူထဲကိုချက်ချင်းဝင်သွားလိုက်တယ် ။
‎ဟာ ဟိုမှာဗျ ကိုကြီးစိန်သောင်း ကျောက်တလား ကျုပ်ကကျောက်တလားအဖုံးကိုဆွဲဖွင့်လိုက်တော့
‎”ဟာ”
‎ဆေးစိမ်ထားတဲ့မင်းနဂါးခေါင်းပြတ်ကြီး ဗျာ ဆေးရည်တွေကတော့ မရှိတော့ဘူး ဒါပေမယ့် ဆေးအစွမ်းကြောင့်, ခေါင်းကြီးမပုတ်ဘူးဗျ ကျုပိဖြင်အံဩလိုက်တာဗျာ ဒါနဲကျုပ်တို့လည်းကျောက်တလား ကိုယူပီးတော့ ဆင်မတောင်ကနေ ခေါင်းပြတ်တောင်ကိုတက်ခဲ့ကြတယ် ညနေလေးနာရီလောက်ကျရောက်တယ်ဗျ ကျောက်တလားကိုမင်းနဂါးအုပ်ဂူကြီးပေါ်တင်ထား လိုက်လိုက်တယ်။
‎ ကျုပ်နဲ့ကိုကြီးစိန်သောင်းလည်း ဟိုတခါသစ်ပင်ကြီးပေါ်ပဲ တက်နေလိုက်တာပေါ့ဗျာ ဒီလိုနဲ့မိုးစချုပ်တာပေါ့
‎”ညသန်းခေါင်ကျော်တော့”
‎”ဝုန်း”
‎မင်းနဂါးထွက်လာပီ ကျုပ်ကညနေထဲ့မျက်ကွင်းဆေးကွင်းထားတော့ မြင်နေရတာပေါဗျာ
‎”ဝူး. ဝူး. ဝူး. အီ အီ အီ”
‎ဟာနက်ကျော်ကြီးအူသံဗျ။ ကျုပ်တို့နဲ့နီးနီးလေးကလာတာဗျ
‎”ဟော မဖဲဝါ လည်းလာပီ”
‎ကျုပ်ပြောတော့ကိုကြီးစိန်သောင်းကဟိုကြည့် ဒီကြည့်နဲ့ သူဘယ်မြင်ရမလည်းဗျာ
‎မင်းနဂါး ခေါင်းပြတ်သရဲကြီကဟိုတစ်ခါတုန်းကလိုပဲ ချပ်ဝတ်တန်ဆာတွေနဲ့ဗျ ဟောမဖဲဝါရောက်လာပီဗျို့ မဖဲဝါက မင်းနဂါးအုပ်ဂူဘေးမှာရပ်ပီး ကျောက်တလားကိုလက်ညှိုးထိုးပြတယ်။ဟောမင်းနဂါးကြီးဂူနားကပ် လာပီတွေ့သွားပီ
‎”အသင် လကျ်ာတပ်မှူးကြီး မင်းနဂါး သင်အလိုရှိတဲ့သင့်ရဲ့ခေါင်းပါ”
‎မဖဲဝါပြောလိုက်တော့ မင်နဂါးကြီးကကျောက်တလားကြီးကိုဖွင့် ကြည့်လိုက်တယ်”
‎”ဟား ဟား ဟား ဟား ဟား”
‎မင်းနဂါးကအားရဝမ်းသာရယ်လိုက် တာဗျ။ပီးတော့ကျောက်တလားထဲက ခေါင်းကြီးကိုယူပီးသူ့လည်ပင်းငုတ်မှာတပ်လိုက်တယ် ။
‎”ဟာ”
အံဩစရာပါဗျာ ခေါင်းပြတ်ကြီးကလည်ပင်းငုတ်တိုပေါ်တင်လိုက်တာနဲ့ဆက်သွားရောဗျို့
‎ကျုပ်မဖဲဝါကို ကျေးဇူးတင်ပါတယ်ဗျာ ။ကျုပ်မရှိတဲ့နောက်မှာ ဒီသင်္ချိးကိုမဖဲဝါအစောင့်လည်းရသွားပီပေါ့ ကျုပ်သွားတော့မယ် မဖဲဝါကိုနှုတ်ဆက်ခဲ့ပါတယ်ဗျာ။
” ‎ဟာ”
မင်းနဂါးကြီးကျွတ်သွားပီ
ဝူး ဝူး အီ အီ
နက်ကျော်ကြီးအူလိုက်တဲ့အသံကတောကြီးတစ်ခုလုံး ကိုဟိန်းသွားတာဗျ မဖဲဝါကြီးပြန်သွားပီ။ဒါနဲ့ ကျုပ်တို့လည်းညတွင်းချင်းပြန်လာခဲ့ကျတယ်။
ကျုပ်ကိုကိုကြီးစိန်သောင်းတို့အိမ်ကိုလိုက်သွား ပီးဘိုးကြာဥအခြေနေကိုကြည့်လိုက်တယ်
‎”ဩကာသ.. ဩကာသ.. ဩကာသ.. ကာယကံ..ဝစီကံ.. မနောကံ”
‎ဘိုးကြာဥကဘုရားစင်အရှေ့မှာဘုရားရှစ်ခိုလို့းဗျ ဒီတော့မှ ကျုပ်ရောကိုကြီးစိန်သောင်းရော ရင်ထဲကအပူလုံးကြီးကျသွားတာပေါ့ဗျာ
‎”ကျေးဇူးတင်လိုက်တာ တာတေရာ”
‎ကျုပ်လည်းကိုကြီစိန်သောင်းရဲ့ရင်ထဲကစကားသံကိုနား ထောင်ပီးအိပ်ပြန်လာခဲ့တယ်။ကျုပ်ပြန်ရောက်တော့အဘနဲ့အမေတောင်နိုးနေပီဗျ။
‎”ဟဲ့. ငွေစိန် ကောက်ညှင်းပေါင်းကျက်ပီလား ဒီမှာနင့်သားတာတေပြန်ရောက်လို့ ”
‎အမေယူလာတဲ့ကောက်ညှင်း ပေါင်းကိုစားရင်း ခေါင်းပြတ်တောင်ကအကြောင်းတွေကို အဘနဲ့အမေကိုပြောပြလိုက်တာပေါ့ဗျာ။