ပုဏ္ဏက အတိုက်ခံရတဲ့ရွာ(စ/ဆုံး)

ငါတို့ရွာသားတွေက မင်းကို အမဲသား တစ်
ပိဿာ ကျွေးမယ်၊ ဘယ္လိုလဲ ကျေနပ်ရဲ့
လား”
“ကျေနပ်ပါတယ်”
“ကျေနပ်တယ်ဆိုရင် မင်းခဏထွက်ပြီးရင် မင်းကို ပြန်ခေါ်မယ်”
ဆရာဦးထွန်းမောင်လည်း စီရင်စရာရှိသည်ကို
စီရင်ပြီး ငှက်ပျောသီးမှည့်တစ်လုံး တောင်းယူ
ပြီး ပုဏ္ဏကဘီလူးအား ပြန်ဝင်စေလိုက်သည်။
ဆရာဦးထွန်းမောင်က ငှက်ပျော်သီးကို အခြံသုံး
ခု ခွာလိုက်သည်။ ရေတစ်ခွက်ကို ပေးကိုင်ထား
ပြီး
“ကဲ လိုက္ဆို”
“ကျွန်ပ်သည် နောက်ကို ဤရွာနှင့် ဤလူတွေ
ကို ဘယ်သောအခါမှ မခြောက်မလှန့် မနှောက်
ယှက်တော့ပါ။ အခြားရွာ အခြားလူများကိုလည်း
မခြောက်မလှန့်ပါဟု သစ္စာဆိုပါသည်၊ သစ္စာပျက်
ယွင်း၍ သစ္စာမတည်ကြည်ပါက အခွံခွာပြီး ငှက်
ပျောခွံ သုံးစိတ်သုံးမြွှာကဲ့သို့ ကျွနိုပ်ရဲ့ခန္ဓာကိုယ်
ကြဲရပါလို၏။ သစ္စာတည်ကြည်ပါက ဤငှက်ပျော
သီးနှင့် ရေတို့သည် ကျွန်ပ်အား ခွန်အားပြည့်ဝစွာ
ပေးနိုင်ပါစေသား”
သစ္စာဆိုခိုင်း၍ ဆိုပြီးသောအခါ ငှက်ပျောသီး
ခွာပြီးသားကို စားစေပြီး ရေကို သောက်ခိုင်းသည်။
“ပြီးရင် မင်းပြန်တော့၊ မင်းအခု ဘယ္သူဆီ
ပြန်မှာလဲ”
“ဆရာထံ ပြန်ပါမယ်”
“မင်း အခု ပူးကပ်သူထံက ထွက်မည်ဆိုရင် မင်း
တကယ် ထွက်သွားပြီဆိုတာ သိရအောင် အိမ်
ခြံဝင်းအတွင်းက သစ်ပင်ရဲ့သစ်ကိုင်းတစ်ကိုင်း
ကို ချိုးချသွား၊ မနက်ဖြန် ညေန ခြောက်နာရီ
အမဲသား တစ်ပိဿာချက် ရွာအဝင်မှာ လာစား”
ခဏအကြာ ပုဏ္ဏက ဘီလူးဝင်စီးခံရသူလည်း
ထိုင်နေရာမှ တုန်တုန်ရီရီဖြစ်ပြီး လဲကျသွားသည်။
ထိုအချိန်နှင့် မရှေးမနှောင်း အိမ်ရှေ့ခြံဝရှိ သရက်
ကိုင်း တစ်ကိုင်း ဖြောင်းခနဲ ရိုက်ချိုးလိုက်သံမျိုး
ကြားလိုက်ရပြီး သစ်ကိုင်းအောက်သို့ ကျလာသည်။
“ကဲ ပုဏ္ဏကတိုက်တဲ့ ဘီလူးတော့ ထွက်သွားပြီ၊
နောက်ကို ဒီရွာကို လာပြီး အနှောင့်အယှက် ပြု
ဝံ့တော့မှာ မဟုတ္ဘူး အခုဖြစ်တဲ့အကြောင်းက
စ္စကိုလည်း သိပြီးပြီ၊ ဘီလူးကိုယ်တိုင်ကလည်း
နောက်ကို မခြောက်မလှန့်တော့ဘူးလို့ ဂတိပေး
သွားတယ်၊ ဒါကြောင့် လုပ်ခိုင်းတဲ့ပညာသည်ကို
မသိချင်ပါနဲ့တော့ ”
” အဲဒီပညာသည်ကို သိထားချင်ပါတယ်ဆရာ
ကြီး။ ရွာကို အခုလို လုပ္တာ ဘာမကျေနပ်လဲ
ဆိုတာ သိချင်ပါသေးတယ်”
“အင်းခင်ဗျားတို့ ပြောတာလည်း မွန္တာပါပဲ။
ဒါပေမဲ့ သိတော့ ဘာတတ်နိုင်မှာလဲ။ သူလက်
သက်မွေးထားတဲ့ ဘီလူးကိုယ်တိုင်က နောက်
ကို ဆရာခိုင်းသမျှ မလုပ်တော့ပါဘူးလို့ သစ္စာ
ဆိုသွားပြီးပဲ။ အခုသ့ူတပည့်ကို ချုပ်ကိုင်
လိုက်ပြီဆိုမှတော့ သူလည်း သူ့တပည့်အား
ကိုးနဲ့ မလုပ်ဝံ့တော့ပါဘူး။ စိတ္ခ်လက္ခ်
သာ နေပါတော့”
ဆရာဦးထွန်းမောင်၏ တောင်းပန်စကားကြောင့်
ရွာသူရွာသားတို့လည်း မိမိတို့ရွာကို ပုဏ္ဏက ဘီ
လူးလွှတ်၍ တိုက်သောပညာရှင်ကို သိချင်စိတ်
မရှိတော့ပါ။ သို့ကြောင့် ဆရာဦးထွန်းမောင်အား
လှည်းနှင့် ပြန်ပို့ရန် စီစဉ်ကြေတော့သည်။
ဆရာဦးထွန်းမောင်က ရွာသားတို့အား နောက်နေ့ အမဲသားချက်နှင့် ဆန်လေးလုံးချက်သော ထမင်း
တို့ကို ဇကောအပေါ် ငှက်ပျောရွက်ခင်းထည့်ပြီး
ရွာပြင် အစပ်မှာ ၆ နာရီ သွားကျွေးရန် မှာသည်။
နောက်နောင် ရွာနှင့် မည်သူ့ကိုမှ မခြောက်မလှန့်
ပါနဲ့လို့ ပြောဆိုခဲ့ရန်လည်း မှာသေးသည်။ အေသ
အခ်ာ မှာပြီးမှ လိုက်ပို့သော လှည်းနှင့် ပြန်သွား
တော့သည်။
XXXXX
နောက်နေ့ ညေန ငါးနာရီခွဲကျော်သည်နှင့် ဆရာမွာ
သည့်အတိုင်း အမဲသားဟင်းနှင့် ထမင်းတို့ကို ရွာပြင်
ရွာထိပ်သို့ ယူသွားပါသည်။ ရွာထိပ်ရောက်တော့
ဇကောကို ချလိုက်ပြီး လူကြီးတစ်ယောက်က ဆ
ရာမှာသည့်အတိုင်း ရွာနှင့်လူများကို မနှောင့်မယှက်
ရန် ပြောဆိုလိုက်သည်။
ထို့နောက် ဇကောကို ထားခဲ့ကာ ရွာသို့ ပြန်ခဲ့ကြ
သည်။ ရွာထဲသည့်နှင့် နောက်မှ ကျန်ခဲ့သော
ဇကောကိုကြည့်လိုက်သော ကိုတင့်လွင်လည်း
ကြီးမားသော ခွေးကြီးတစ်ကောင် လာရောက်စား
သောက် နေသည်ကို တွေ့လိုက်ရသည်။
ထိုညခုနှစ်နာရီသို့ရောက်သောအခါ ရွာသား
တို့လည်း စိုးရိမ်မှု မပျောက်သေး၍ အိမ်ထဲက
အိမ်ပြင်မထွက်ဘဲ အခြေအနေကို အကဲခတ်
နေကြသည်။
ခုနှစ်နာရီကျော်သွားပြီး ခဲမက်။ ဆရာပြန်သွား
သည့်ညကလည်း ခဲမက်။ ယနေ့ညလည်း ခဲ
မကျတော့။
ထိုအခါမှပင် အောက်စုရွာသားတို့လည်း ဆရာ
၏ ပညာစွမ်းကို သိကြတော့သည်။
ထို့နောက်မှာတော့ အောက်စုရွာတွင် စုန်းတိုက်၊
နတ်တိုက်၊ ပုဏ္ဏကတိုက်ခြင်းကို မကြုံရတော့ပေ။
မူရင်းရေးသူ ဆရာ ဧကန်မင်း
စာဖတ်သူကို ကူးယူဝေမျှသူ လက္ခ(ရွှေပေါက်ကံ)