အောင်မြတ်သာနှင့်ဇော်ဂနီငတိ ( စ / ဆုံး )

သက်ခိုင်…
အခုရင်ဆိုင်ရမှက ဇော်ကနီငတိဆိုတဲ့ ပုဂ္ဂိုလ်ပဲ.
ဇော်ကနီဆိုတာ အတွင်း ၃၇မင်း အပြင် ၃၇ မင်းလုံးကို လိုသလိုစေခိုင်းလို့ရတဲ့ အစွမ်းရှိတယ်
တစ်ချို့တွေက ဆိုးသွမ်းသလို တစ်ချို့တွေက အေးဆေးနေကြတယ် ။
ခုကြုံရမယ့် ဇော်ကနီငတိဆိုတာက အပျိုစင်တွေရဲ့ ကိုယ်ငွေ့ကိုယူပြီး သူရဲ့အစွမ်း တိုးသထက်တိုးအောင် လုပ်နေတဲ့သူပဲ ။

မိန်းမပျို ဘယ်နှစ်ယောက်ကို သိမ်းပြီးပြီလဲမသိဘူး
သူက မိန်းပပျိုတွေကို ခေါ်ပြီး သူအနားမှာ ထားစေတယ် ။
သူခေါ်တဲ့မိန်းကလေးတိုင်းဟာ အပျိုစင်ဖြစ်ရမယ်
မိန်းကလေးတိုင်းမှာ ကိုယ်သင်းနံ့ဆိုတာရှိတယ် ။ သူကအဲဒီကိုယ်သင်းနဲ့ကို စုပ်ယူပြီး သူအစွမ်းတွေ တိုးအောင်လုပ်တာ ။

ဒါပေမယ့် သူခေါ်သွားတဲ့ မိန်းကလေးတိုင်းကို ပြန်ပို့ပေးတယ် ။
ဒါပေမယ့် အဲဒီမိန်းကလေးတွေက ပုံမှန်မဟုတ်တော့ဘူး ။
အသိဉာဏ်တွေပျောက်ဆုံးကုန်တယ် ။
ဒါဆိုသူက ဘာကျင့်စဉ်ကျင့်တာလဲဆရာ..
သူက ကာမသိဒ္ဓိ ကျင့်စဉ်ကျင့်နေတာပဲ ။
သူကျင့်စဉ်အောင်ရင် အမျိုးကောင်းသမီးတွေအတွက် စိုးရိမ်စရာပဲ ။
ဒီတစ်ညထဲ သူကို နှိမ်နင်းမှရမယ် ။
သက်ခိုင် မင်းက ငါပြောတဲ့အတိုင်းသာ ကူညီပေး
အခု လွယ်အိတ်ထဲမှာ ချည်မျှင်ကြိုးတွေပါတယ် ။
ငါခေါ်လိုက်လို့ အဲဒီပုဂ္ဂိုလ်၀င်လာတာနဲ့ ၀င်လာတဲ့သူရဲ့ ကိုယ်ကို ဒီကြိုးတွေနဲ့ ပတ်လိုက်.

ဇော်ကနီဆိုတာ ငါတို့ကျင့်စဉ်နဲ့ ယှဉ်လိုက်ရင် ၃နှစ်သားနဲ့ ၂၅နှစ်အရွယ်လောက် ကွာတယ် ။
ကဲ.. လုပ်စရာရှိတာ.လုပ်တော့ ဆိုပြီး လိုအပ်တာတွေ ပြင်ဆင်လိုက်တယ် ။

အချိန်ကား သန်းခေါင်ယံရောက်လာပီ…
ဘုရားစင်ရှေ့ တင်ပလ္လင်ခွေထိုင်နေတဲ့ အောင်မြတ်သာက..
မိန်းကလေးများအား.ပြုစားတတ်သူ
ဇော်ကနီဆိုသူ ငါအောင်မြတ်သာရှေ့ ဒူးထောက်ရောက်စေ…ဆိုပြီး ကြမ်းပြင်ကို လက်ဝါးနဲ့ပုတ်လိုက်တယ်ဆိုရင်ဖြင့် ..
ဦးသာနုတစ်ယောက် အိမ်ရှေ့မှာ..
ထိုင်နေရာက..
ဗြုန်းးး ဆို ဒူးထောက်လျက်ကြီး အောင်မြတ်သာ ရှေ့ရောက်ချလာတယ် ။
သက်ခိုင်လဲ ၀င်လာတယ်ဆိုတာနဲ့ လွယ်အိတ်ထဲမှာ အသင့်ဆောင်ထားတဲ့ ချည်မျှင်ကြိုးတွေကို ဦးသာနု တစ်ကိုယ်လုံး ပတ်လိုက်တယ် ။
ပတ်လိုက်တယ်ဆိုရင်ဖြင့် ချည်မျှင်ကြိုးတွေက ရွှေရောင်ကြိုးတွေဖြစ်သွားပြီး တစ်ကိုယ်လုံး လှုပ်မရအောင် တုတ်ထားသလို ဖြစ်သွားတယ် ။

အောင်မြတ်သာက .. အခုရောက်လာတာ ဘယ်သူလဲ …လို့မေးတော့.
မျက်ထောင့်နီးကြီးနဲ့ ကြည့်ပြီး ..
ငါအလုပ်ကို ဖျက်လိုဖျက်ဆီး လုပ်တဲ့သူ အသေဆိုးနဲ့သေအောင် လုပ်ပြမယ် ။
အောင်မြတ်သာက တစ်ချက်ပြုံးလိုက်ပြီး ..
ဟုတ်ပါပီ.. အရင်ဆုံး ဒီကြိုးထဲက လွတ်အောင် ရုန်းကြည့်ပါဦး ။
မင်းခေါင်းပေါ်ကို ကြည့်စမ်းး
ဘာမြင်လဲလို့ပြောတော့…
၀င်ပူးနေတဲ့သူက အပေါ်လဲမော့အကြည့်..
…..
ဟာ…. ရက္ကန်းစင်တောင် ဆရာတော်နဲ့ အဘ ဘိုးဘိုးအောင်တို့ပါလား ။
ဒါဆို ဒါဆို … မင်းက..
အေး.. ဟုတ်တယ် ။
မင်းရဲ့လုပ်ရပ်တွေကို နှိမ်နင်းဖို့ တာ၀န်ပေးလိုက်တဲ့ အောင်မြတ်သာဆိုတာငါပဲ ။
မင်းအပြစ် မင်းသိလား ..
ဟုတ်.. ဟုတ်ကဲ့ သိပါတယ် ။
မင်း အပြစ်တွေကို.မင်းဘယ်လိုတာ၀န်ယူမလဲ ။
လူသူမရှိတဲ့ တောထဲမှာ အနှစ် ၃၀၀ တရားကျင့်ကြံပါ့မယ် ။
ဒီကျင့်စဉ်ကိုလဲ မကျင့်တော့ပါဘူးလို့ ကျိန်ဆိုပါတယ် ။
ကျင့်ကြံခဲ့ပါက မဟာအ၀ီစိငရဲကျပါစေ ။
ဘုရားအဆူဆူပွင့်တာကို မမှီပါရစေနဲ့ ။
……
ကဲ… မင်းအပြစ် မင်းသိပီဆိုတော့ ဒီသစ္စာရေကို သောက်ပြီး မင်းပြောတဲ့အတိုင်း ကျင့်ကြံပေတော့.
မင်းရဲ့တန်ခိုးတွေကိုတော့ အနည်းငယ်နှုတ်မယ်လို့ မင်းတို့ရဲ့အချုပ် ေ၀ဿ၀ဏ်နတ်မင်းထံ ခွင့်တောင်းထားပြီးပြီ .
မင်းက ကိုယ့်ရဲ့ တန်ခိုးအာဏာကို မလိုအပ်ပဲ သုံးတယ် ။
သူတစ်ပါးကို မကောင်းတဲ့လုပ်ရပ်လုပ်ဖို့ ခိုင်းစေတယ် ။
ဒီနေ့ကစပြီး မင်း လူတွေရှိတဲ့နေရာကို ဘယ်တော့မှမလာနဲ့တော့ ။
သက်ခိုင် ကြိုးဖြေပေးလိုက်..
….
သက်ခိုင်လဲ ချည်ထားတဲ့ ကြိုးတွေကို ဖြုတ်ပေး လိုက်တော့ ဦးသာနု သတိပြန်ရလာတယ် ။
အောင်မြတ်သာကတော့ အန္တရာယ်ကင်းသွားပီ ဖြစ်လို့ စိတ်ချမ်းသာစွာနေလို့ရပြီလို့ ပြောပြီး ရွာဦးကျောင်းကို.ပြန်လာလိုက်တယ် ။
…..
ရွာကျောင်းရောက်တော့ ဆရာတော်ကို ကန်တော့ပြီး အကျိုးအကြောင်း ရှင်းပြလိုက်တယ်.
အချိန်လဲ လင့်နေပီမို့ သက်ခိုင်လဲ ဆရာအောင်မြတ်သာကို ကန်တော့ပြီး အိပ်ယာထဲ၀င်ခဲ့လိုက်တယ် ။
အောင်မြတ်သာကတော့ အိပ်ယာထဲမ၀င်ပဲ ဘုရားခန်း၀င်သွားတာကို.ခြင်ထောင်ထဲကနေ လှမ်းကြည့်နေလိုက်မိတယ် ။
. ဇေယန ( ရာမည )