“ဒီည ရွာလယ်ပိုင်းကင်းမှာ ငါ့ကင်းလှည့်ကွ ၊ ညကျမှ
သေသေချာချာ စောင့်ကြည့်ပါ့မယ်ကွာ”
“ဟာ…ဒီည ကိုကြီးတာတေ ကင်းလှည့်ဟုတ်လား၊
ဒါဆိုရင် ကျုပ်လာခဲ့မယ် ၊ ကိုကြီးတာတေနဲ့တစ်ညလုံး
နေမယ်”
“ဟ ကျောက်ခဲရ ၊ မင်းအိမ်ကလူကြီးတွေစိတ်ပူမှာပေါ့ ၊
ခဏတဖြုတ်ပဲ နေပြီးတော့ပြန်ပါကွာ ”
“ကိုကြီးတာတေက ဘယ်သူနဲ့ ကင်းတွဲတုံး ”
“ကိုအောင်သစ်နဲ့ငါနဲ့ကွ ”
“ရပါတယ်ဗျာ ၊ ကျုပ်အိမ်ကို အကျိုးအကြောင်းပြောပြီး
လာခဲ့မယ် ၊ ကိုကြီးတာတေနဲ့ဆို ကျုပ်အိမ်က
စိတ်ချသားပါဗျာ ”
ကျောက်ခဲတို့ကတော့ ပြောတဲ့အတိုင်းပဲဗျို့။ ကျုပ်ကင်းတဲ့
ရောက်ပြီးခဏကြာတော့ ရောက်လာတယ်။
ကိုအောင်သစ်ကြီးလည်းရောက်လာတယ်။
“တာတေရေ တို့ရွာထဲမှာလည်း အထူးအဆန်းတွေကြီးပဲ
ဖြစ်နေတော့တာပဲကွ ၊ ငါက သရဲကြောက်တတ်တယ်ကွ ၊
မင်းနဲ့ကင်းတွဲမို့သာ မင်းကိုအားကိုးပြီးလာရတာ ၊ စိတ်ထဲ
ကတော့ ခပ်ကြောက်ကြောက်ပဲ ကွ ၊ ”
ကိုအောင်သစ်က သရဲကြောက်တယ်ဆိုတာ ဟုတ်မယ်ဗျ။
ကင်းတဲရောက်ကတည်းက ကုတ်ကုတ်လေးထိုင်နေတာ
လှုပ်တောင်မလှုပ်ဘူး။
ကျုပ်နဲ့ ကျောက်ခဲကတော့ ဓာတ်မီးနဲ့ ဟိုထိုး ဒီထိုးလုပ်နေကြ
တာ ၊ သူကတော့ ငြိမ်ပြီး သမ္ဗုဒ္ဓေကို မနားတမ်း ရွတ်နေတော့
တာပဲဗျာ။
ဗဟိုကင်းက နာရီသံချောင်းခေါက်တယ်။ညဆယ့်နှစ်နာရီ..
ဗဟိုကင်းက နာရီခေါက်ရင် ကျန်တဲ့ကင်းတွေလည်းခေါက်
ရတာပေါ့ဗျာ။ကျောက်ခဲ ခေါက်တယ်ဗျ။ ဆယ့်နှစ်ချက် ။
“ဟီး ဟီး ဟီး ဟီး ဟီး ”
“ဟော ရယ်သံကြားတယ် ကိုကြီးတာတေ ”
“အေး ငါကြားတယ် ကျောက်ခဲ ၊ ဓာတ်မီးငါ့ကို ပေးစမ်း”
“တာတေ ဓာတ်မီးနဲ့ ထိုးမလို့လား ၊ ဖြစ်ပါ့မလားကွ”
“ဘာဖြစ်လို့တုန်း ကိုအောင်သစ်ရဲ့ ”
“ဟာ….မတော်တရော် မျက်နှာကြီးတွေတွေ့လို့ လန့်ပြုနေပါ
ဦးမယ်ကွာ”
“ကိုအောင်သစ် ကြောက်ရင်မျက်စိမှိတ်ထား ၊ ဖွင့်မကြည့်နဲ့”
ကျုပ်က ပြောပြောဆိုဆို နဲ့ အသံကြားတဲ့ဘက်ကို ဓာတ်မီး
နဲ့ ထိုးကြည့်လိုက်တယ်။
“ဟာ”
ကျောက်ခဲပါးစပ်က လန့်ပြီး ထွက်သွား တာဗျ။
ကျုပ်တို့ ကင်းတဲနဲ့ပေနှစ်ဆယ်လောက်မှာ ရပ်နေတာဗျို့။
အောင်ဘုတို့ပြောတဲ့အတိုင်းပဲဗျ။ ဆံပင်အရှည်ကြီးက ပုခုံး
ပေါ်ကနေ ကျနေတာဒူးကျော်ကျော် လောက်ရောက်တယ်။
မျက်နှာကို လက်ဝါးနှစ်ဖက်နဲ့ အုပ်ထားတာဗျ။
အသားတွေကဖွေးပြီးဝင်းနေတာဗျို့။ အောင်ဘုပြောတာ
အမှန်ပဲဗျ။ ကိုယ်လုံးကိုယ်ပေါက်က ပန်းပုရုပ်တစ်ရုပ်လိုကို
လွေနတာဗ်။
“ဟီး ၊ ဟီး ၊ ဟီး ၊ ဟီး ”
“အစ်ကို နန်းမှုံ လေ အစ်ကို ၊ အစ်ကို နန်းမှုံကို
ချစ်သေးရဲ့လား”
“ဟင်” ” အို ”
ဟင် ဆိုတာ ကျုပ်ပါးစပ်က ယောင်ြပ်ီးထွက်သွားတာဗျ။
အို ဆိုတာ ကျောက်ခဲပါးစပ်ကထွက်တဲ့အသံ။ပြောရင်းနဲ့
ဆံပင်ဖားလျားချထားတဲ့ မိန်းမက မျက်နှာမှာ အုပ်ထားတဲ့
လက်ဝါးနှစ်ဖက်ကိုဖယ်လိုက်တယ်။.
တော်တော်ချောတဲ့မိန်းမပဲဗျာ။
“ဟေ့ကောင် တွေဘာဖြစ်နေကြတာတုံး”
ကိုအောင်သစ် ကမျက်စိကြမှိတ်ပြီး မေးနေတာဗျ။
“ဟာ…ကိုအောင်သစ် ကြည့်ကြည့်ဗျ။ ကြောက်စရာ
မဟုတ်ဘူး။ တော်တော်ကိုလှတဲ့ မိန်းမဗျ”
“ဟေ”
ကျုပ်စကားကိုကြားတော့ ကိုအောင်သစ် ကပိတ်ထားတဲ့
မျက်စိတွေကို ဖွင့်ပြီး လှမ်းကြည့်တယ်ဗျ။
“ဟာ…လှလိုက်တာကွာ တာတေရာ ၊ ဒါလူတော့မဟုတ်
ဘူးထင်တယ်။ ဥစ္စာစောင့်တွေဘာတွေဖြစ်မယ်ကွ”
“ကဲ ကျောက်ခဲ မင်းအောင်သစ်နဲ့ နေခဲ့ ၊ ငါဆင်းပြီးစကား
ပြောကြည့်မယ်”
“ဟာ…တာတေ မလုပ်နဲ့ မလုပ်နဲ့ ၊ ဘာမှန်းသိတာမဟုတ်ဘူး”
ကိုအောင်သစ် က ကျုပ်ကိုတားတယ်။
“မပူနဲ့ ကိုအောင်သစ် ကျုပ်လွယ်အိတ်ထဲမှာ ဆေးဝါးအစုံပါ
တယ်”
ကျုပ်ကဆေးလွယ်အိတ်ကို စလွယ်သိုင်းပြီး ကင်းတဲပေါ်က
နေ ဆင်းလိုက်တယ်။ကျောက်ခဲကတော့ကျုပ်အကြောင်းကို
သိပြီးသားလေဗျာ။ ကျုပ်ကသွားမယ်ဆို တားလို့ရတဲ့သူ
မဟုတ်ဘူးဆိုတာ ကျောက်ခဲသိတာပေါ့ဗျ။
ဒါ့ကြောင့်ဒီကောင်က ဘာမှမပြောဘူး။ ဆံပင်ဖားလျား
မိန်းမကိုတော့ ဓာတ်မီးနဲ့ထိုးထားတယ်။
ကျုပ်က သူ့ဘက်ကို လျောက်လာတော့ သူပြုံးပြီးကြည့်နေ
တယ်။
“အစ်ကို ၊ အစ်ကို နန်းမှုံဆီလာပြီလား”
ကျုပ်ကလည်းအလိုက်သင့်ပေါ့ဗျာ။ ခေါင်းညိတ်ပြလိုက်တယ်။
ဖားလျားမက ကျုပ်ကို ရွှန်းရွှန်းစားစားကြည့်ပြီး ပြောနေတာ
ဗျ။ကျုပ်ကရှေ့ဆက်မတိုးဘဲ ရပ်နေတယ်။
“ခဗျားက ဘယ်သူတုံး”
“နန်းမှုံ လေ အကိုရယ် ”
သူ့ကို ကြည့်ရတာ အရူးနဲ့လည်းမတူဘူးဗျ။ ကျုပ်ကရှေ့ကို
ဆက်တိုးသွားလိုက်တယ်။သူနဲ့ကျုပ်နဲ့ ငါးပေလောက့အကွာ
ရောက်တော့ သူနောက်ကို ဆတ်ခနဲ ဆုတ်သွားတယ်။
ပြီးတော့ မျက်နှာပျက်သွားတယ်ဗျ။ ကျုပ်ကိုလည်းခြေအဆုံး
ခေါင်းအဆုံးကြည့်တယ်။
“အကို နင်ရှေ့ထပ်မတိုးနဲ့ ငါအရမ်းပူတယ်”
ကျုပ် သူပြောတာကို အံ့သြသွားတယ်။ဒါနဲ့ အကြောင်း
သိအောင်ဆိုပြီးရှေ့ကိုခြေတစ်လှမ်းခြင်းတိုးဝင်လိုက်တယ်။
ဟာ….ပြေးပြီဗျို့။ပြေးပြီ။ဟော…ပျောက်သွားပြီဗျာ။
ကျုပ်လက်ထဲကဓာတ်မီးနဲ့ ထိုးပြီးရှာတယ်။မတွေ့တော့ဘူးဗျ။
ထွာဆိုင်လောက်ပဲ လုံးပတ်ရှိတဲ့ ဧကရာဇ်ပင် ကွယ်လိုက်တာ
နဲ့ကို ပျောက်သွားတာ ဗျ။ ကျောက်ခဲကလည်း ကင်းတဲပေါ်
ကနေ ဓာတ်မီးကိုမပြတ်ထိုးပေးထားတယ်ဗျ။အဲ့ဒိလင်းလင်း
ကြီးမှာကိုပျောက်သွားတာ။ကျုပ်လည်းကင်းတဲပေါ်ကို ပြန်တက်
ခဲ့တယ်။
“ပျောက်ကိုသွားတာကွ တာတေရ ၊ ငါလည်းကြည့်နေတာ”
ကိုအောင်သစ်က ကျုပ်ကိုဆီးပြောတယ်။
“ကိုကြီးတာတေ ဒါလူတော့မဟုတ် ဘူးဗျ ”
ကျောက်ခဲကလည်း သူ့အထင်ကိုပြောတယ်။ကျုပ်ကတော့
ဘာမှပြန်မပြောသေးဘဲ နဂါးဆေးလိပ်တိုကိုမီးညှိလိုက်တယ်
ဆေးလိပ်ကိုဖွာရင်းစဉ်းစားတယ်။
“မင်းပြောသလိုပဲကျောက်ခဲ ၊ ဒါလူမဟုတ်တာတော့သေချာ
တယ်ကွ ၊ ဒါပေမဲ့ ဘာလဲဆိုတာကို ငါမတွေးတတ်အောင်
ဖြစ်နေတာကွ”
“တာတေရာ…မင်းကလည်း လူမဟုတ်ရင် တစ္ဆေ ပေါ့ကွ”
“တစ္ဆေ တော့မဟုတ်ဘူး ကိုကြီးအောင်သစ်ရဲ့ ”
“ဒါဆိုရင်တော့ ငါပြောသလို ဥစ္စာစောင့်ဖြစ်မယ်ထင်တယ်၊
တာတေရ”
“အင်း ဟုတ်ချင်တော့ ဟုတ်မှာပေါ့ဗျာ။ဒါပေမဲ့ ထူးဆန်းတာက
ကျုပ်အနားကပ်သွားတာကို ပူတယ်လို့ပြောတယ်ဗျ။ကျုပ်က
အကြောင်းသိချင်တာနဲ့ အနားကိုဆက်တိုးသွားတော့
သူမခံနိုင်ဘူးဗျ။ မျက်စိမျက်နှာပျက်ပြီး ထွက်ပြေးသွားတယ်”
“ဟေ ဘာ့ကြောင့်တုံးကွ တာတေရ”
ကိုအောင်သစ် ကကျုပ်ပြောတာကို အံ့သြ ပြီးကျုပ်ကိုပြန်မေး
တာဗ်။
“ဥစ္စာစောင့် တွေက ဒီလို ကိုယ်လုံးတီးဘယ်တော့မှမရှိဘူးဗျ။
အင်မတန် မှလှပပြီး နန်းဆန်တဲ့ ပုံမျိုးနဲ့နေကြတာ။
သူတို့မှာ သိုက်ချုပ်တို့ ဘာတို့ အုပ်ချုပ် တဲ့သူတွေ ရှိနေကြတာ
ဗျ။ အခုလိုပုံစံမျိုးနဲ့အချိန်မဲ့ အခါမဲ့ လျှောက်သွားလို့မရဘူးဗျ”
“ဟေ ဟုတ်လား ဒါဆိုရင် ဒါဘာဖြစ်နိုင်တုံး”
ကျုပ်လည်း အဲ့ဒါကို စဉ်းစားနေတာဗျ။ ကျုပ်ကပြောရင်း
နဂါးဆေးပေါ့လိပ်ကို ဖွာနေလိုက်တယ်။မိုးလင်းတဲ့အထိတော့
နောက်ထပ် ဘာမှမဖြစ်တော့ဘူးဗျ။
ညကတစ်ညလုံးကင်းစောင့်ထားရတာဆိုတော့ ကျပ်လည်း
နေ့ခင်းဘက်ပြန်အိပ်လိုက်တယ်။မအိပ်ခင်စိတ်ထဲမှာ
မဖဲဝါကို သတိရတာပေါ့ဗျာ။ မဖဲဝါရဲ့ ကိုယ်ခွဲရုပ်ကလေးကို
ကိုင်ပြီးကျုပ်အိပ်ပျော်သွားတာဗျ။ ခါတိုင်းလိုပဲ ဆယ်နှစ်ရာသီ
ပင်အောက်မှာ မဖဲဝါနဲ့တွေ့တယ်ဗျ။
“တာတေ နင်ညကတွေ့တာအရူးမလည်းမဟုတ်ဘူး။
တစ္ဆေ လည်းမဟုတ်ဘူး။ ဥစ္စာစောင့်လည်းမဟုတ်ဘူး။
အဲ့ဒါ အရုပ်ဟဲ့ ၊ ဂဝံမျက်နှာဖုံးအရုပ်လို့ခေါ်တယ်။ဂဝံနှစ်မျိုး
ရှိတယ်။ဂဝံသားပိုက်ရုပ်နဲ့ဂဝံမျက်နှာဖုံးတဲ့။ အရုပ်စထု
တည်းက ညစ်ညစ်ညမ်းညမ်း ယုတ်ယုတ်မာမာဂါထာတွေ
မန္တာန် တွေရွတ်ပြီးထုရတယ်။အရုပ်အချောကိုင်တဲ့အထိ
အဲ့ဒီ မန္တာန်တွေရွတ်ရတာ။အောက်လမ်းအရင့်မာကြီးတွေမှ
လုပ်နိုင်တာ။အရုပ်ပြီးရင် နတ်ရဲညောင်ပင်အောက်မှာ
ပုခက်လေးလုပ်ပြီး ပန်းခုနှစ်မျိုးထည့်ရတယ်။ပြီးရင်အရုပ်ကို
ပုခက်ထဲ ထည့်ပြီး အေးရင်ကြူးပြီး အသက်သွင်းဂါထာ
မန္တာန်တွေရွတ်ရတယ်။အောင်ပြီဆိုရင်တော့ ပီယဘက်မှာ
ပြိုင်စံရှားပဲ ဟဲ့တာတေရဲ့ ၊ အခုနင်တို့ရွာကိုရောက်နေတဲ့
ဂဝံမက ဂဝံမျက်နှာဖုံးမိန်းမတစ်ယောက် ကိုယ်လုံးတီးနဲ့
ဆောင့်ကြောင့်ထိုင်ပြီး မျက်နှာကိုလက်ဝါးနှစ်ဖက်နဲ့ အုပ်ထား
တဲ့ပုံဟဲ့ ၊ ဂဝံသားပိုက်ဆိုတာ ကလေးကိုပွေ့ထားတဲ့
ကိုယ်လုံးတီးမိန်းမပုံဟဲ့”
“ဒါဆိုရင် ကျုပ်ဘာလုပ်ရမှာတုံး မဖဲဝါ ”
“ဟဲ့ တာတေ နင့်မှာဆရာကြီးတွေပေးထားတဲ့ဆေးကျော့ကွင်း
ရှိတယ်လေ။အဲ့ဒါနဲ့ ပစ်ဖမ်းပေါ့။အရုပ်ပြန်ဖြစ်သွားတော့မှ
ကဝေသတ်ဖြတ်အင်းချရင်ရွတ်တဲ့ဂါထာ ခုနှစ်အုပ်ရွတ်ပြီး
အသက်နှုတ်လိုက်တော့ ”
“အသက်နှုတ်ပြီးရင် ဘာလုပ်ရမှာတုံးဗျ”
“အေး ဒီအရုပ်ကသေသွားတဲ့ အောက်လမ်းဆရာတစ်ယောက်
ရဲ့ ကျန်ရစ်ခဲ့တဲ့အရုပ်ပဲ အဲ့ဒီ့ကောင်ကသေသွားတော့
သူ့ဂဝံမကို အသက်ပြန်မနှုတ်နိုင်ခဲ့ဘူးလေ။နင်ကအသက်
နှုတ်ပြီးရင် အဲ့ဒီ့အရုပ်ကို မီးရှို့လိုက်တော့တာတေ”
“ကောင်းပါပြီ မဖဲဝါ”
“ဟဲ့ တာတေ ထတော့လေ၊ ညနေတောင် စောင်းနေပြီဟဲ့”
အမေ့အသံကြားတော့မှ ကျုပ်လန့်နိုးလာတာဗျ။ ကျုပ်လည်း
ကပျာကယာ ထပြီးရေချိုးလိုက်တယ်။ညစာကို စောစောပဲ
စားထားလိုက်တယ်။
ညမိုးချုပ် တာနဲ့ ကျောက်ခဲ ရောက်လာတယ်ဗျ။
“ဟေ့ကောင် ကျောက်ခဲ ထမင်းစားပြီးပြီလား ၊ မစားရသေးရင်
စားလေကွာ”
“စားပြီးပါပြီဗျ။ဒီညတော့ ကိုကြီးတာတေ အလုပ်လုပ်တော့
မယ်ဆိုတာ သိလို့ လာခဲ့တာဗျ”
“ဟာ ဒီကောင် အန္တရာယ် ရှိလား မရှိလားမသိဘဲ
လာရသလား”
“ဟားဟား ဟားဟား ကိုကြီးတာတေရာ ၊ ကျောက်ခဲက
ကိုကြီးတာတေနဲ့ တွဲလာတာကြာပါပြီဗျာ”
ဒီကောင်က ကျုပ်လိုကောင်ဆိုတာကျုပ်သိပြီးသားဗျ။
ပြန်လွှတ်လည်းပြန်မှာမဟုတ်ဘူးဗျ။ ညဆယ်နာရီမှာ
ကျုပ်နဲ့ ကျောက်ခဲ ကျုပ်တို့ ရွာလယ်ကင်းကိုထွက်လာခဲ့တယ်။
ဒီညကင်းကျတာက တင်မြင့်နဲ့ မိုးဦးဆိုတဲ့ကောင်ဗျ။ဒီကောင်
တွေလည်း ကျုပ်နဲ့ရွယ်တူသူငယ်ချင်းတွေပဲလေဗျာ။
“တာတေရာ ၊ မင်းလာတာ အားရှိလိုက်တာကွာ၊ဟောဒီ
ကောင် တင်မြင့်က သရဲကြောက်တတ်တယ်ကွ ”
“အောင်မယ် မင်းကရော မကြောက်လို့လားမိုးဦးရ”
“အေး ငါက ဒီကောင့်ထက် နှစ်ဆလောက်ပိုကြောက်တယ်ကွ
ဟား ၊ ဟား၊ ဟား ”
မိုးဦးက အားကြီးရယ်စရာပြောတဲ့ကောင်ဗျ။
“ဘာမှမကြောက်နဲ့ မိုးဦး ဒီည အဲ့ဒီ့ဆံပင်ရှည်မ လာပါစေ
လို့ပဲ ဆုတောင်းနေတာကွ”
“တာတေရာ ငါတို့က ကြောက်ပါတယ်ဆိုမှ မင်းကလာပါစေ
ဆုတောင်းနေရသလားကွ”
တစ်ယောက်နဲ့တစ်ယောက် စရင်းနောက်ရင်း ရယ်မောကြ
ရင်းနဲ့ ဒီကောင်တွေလည်းသိပ်မကြောက်ကြတော့ဘူးဗျ။
တင်မြင့်က ဗဟိုကင်းက ဆယ်နာရီခေါက်သံကြားတော့
သူလည်း သံချောင်းထခေါက်တယ်။ကျုပ်တို့တွေငယ်ငယ်က
ဆော့ကြ ကစားကြတာတွေ ပြောပြီး ရယ်နေကြတာဗျ။
“ဟီ ဟီ ဟီ ဟီ”
“ဖျန်း”
“ဘာလဲကွ ၊ ဘာလို့ငါ့ကိုထရိုက်တာတုံး”
မိုးဦးက တင်မြင့်ကိုပြူးပြူးပြဲပြဲမေးတာဗျ။
“မင်းရယ်တာက ကောင်းကောင်း မှမရယ်ဘဲ ဘာလို့
ဟီ ဟီ ဟီ ဟီ နဲ့ ဘယ်လိုလုပ်ရယ်နေတာတုံး”
“ဟကောင် တင်မြင့် ငါမှမရယ်တာ”
ဒီတော့မှကျုပ်နဲ့ ကျောက်ခဲ သဘောပေါက်ြပိးရယ်ရတော့တာ
ပေါ့ဗျာ။
“ဟေ့ကောင်တွေ အောက်မှာရောက်နေပြီ တိတ်တိတ်နေ”
“ဟေ…. ရောက်နေပြီဟုတ်လား တာတေ ၊ ဘာ ဘာရောက်
တာတုံး သရဲမလား”
“ရှူး တိုးတိုးပြောကွ ၊ သရဲမ မဟုတ်ဘူး ၊ မင်းတို့မယုံရင်ကြည့်
ကြ ၊ ကျောက်ခဲက မီးထိုးပြလိမ့်မယ် ၊ နတ်မိမယ်လေးကွ”
“ဟာ မကြည့်ရဲပါဘူးကွာ ၊ တော်ကြာ လျှာကြီးတစ်တောင်
လောက်ထုတ်ပြလိုက်မှ ဒီနေရာတင် ငါအသက်ထွက်သွား
ဦးမယ်”
“ဟာ ဒီကောင်တွေ ၊ တကယ် လှလို့ကြည့်ခိုင်းတာကွ၊
ကဲ ကြည့်ကြ ကြည့်ကြ”
ဒီတော့မှ ဒီကောင်နှစ်ကောင်ထကြည့်တာဗျ။ကျောက်ခဲက
ငါးထောင့်ထိုး ဓာတ်မီးနဲ့ထိုးထားတယ်။နတ်မိမယ်ယမင်း
ပျိုလေးက ဧကရာဇ်ပင် အောက်မှာ ပြုံးပြုံးလေးရပ်နေတယ်။
မျက်နှာကိုတောင်အုပ်မထားဘူးဗျ။
“ကျောက်ခဲ မီးကိုမပြတ်ထိုးထား ၊ ငါသွားတော့မယ်”
“ဟုတ်ကဲ့ကိုကြီးတာတေ ၊ သတိတော့ထားနော်”
“ကျုပ်လှေကားကနေဆင်းခဲ့တယ်။အဆင့်သင့်ထုတ်ထားတဲ့
ဆေးကြော့ကွင်းကို အိမ်မှာတည်းကဂါထာရွတ်ပြီး နှိုးထား
ပြီးသားဗျ။ ဒီတစ်ခါတော့ ကျုပ်အနားရောက်အောင် ကပ်လို့
မဖြစ်ဘူး။ ပူတယ်ဆိုပြီးထွက်ပြေးသွားဦးမယ်
“ဟီ ဟီ ဟီ ဟီ ”
“အကို နန်းမှုံ ဆီလာတာလား”
ဂဝံမကို ခုမှ ကျုပ်သတိထားမိတယ်ဗျ။ ဒီစကားတစ်မျိုးပဲ
ပြောတတ်တယ်။ဒါဟာ အရုပ်ကိုပူးကပ်နေတဲ့ ဝိညာဉ် က
ပြောတဲ့စကားဗျ။ ဒီဝိညာဉ်ကလည်းနန်းမှုံဆိုတာ တစ်ခုကိုပဲ
သတိရပုံဗျ။ တခြားဘာကိုမှ သိပုံမပေါ်ဘူး။
ကျုပ်က ရှေ့ကိုတိုးနိုင်သလောက်တိုးသွားတယ်။
တော်တော်လေး နီးသွားတော့ဂဝံမက နောက်ကိုခြေတစ်လှမ်း
ဆုတ်လိုက်တယ်။ကျုပ်သိပြီ။ ဂဝံမပြေးတော့မှာဗျ။ ပြေးဖို့
ပြင်တာဗျို့။ကျုပ်လက်ထဲက ဆေးကျော့ကွင်းနဲ့ ဖြတ်ခနဲ
လှမ်းပစ်လိုက်တယ်။
ဟာ…စွမ်းလိုက်တဲ့ ကျော့ကွင်းဗျ။ ကြိုးဖြူဖြူလေးက
လေထဲမှာ တန်းကနဲ ပျံသွားပြီး ဂဝံမကို အလိုအလျောက်ရစ်
တော့တာဗျို့။
တစ်ပတ် ၊ နှစ်ပတ် ၊ သုံးပတ် ၊ လေးပတ် ပြီးတော့ နောက်ထပ်
တစ်ပတ် ။ နောက်ထပ် နောက်ထပ် ၊ ဟော…ဂဝံမ
ဆောင့်ကြောင့် ထိုင်ချပြီး မျက်နှာကို လက်ဝါးနှစ်ဖက်နဲ့
အုပ်ထားလိုက်တယ်။ ဟော…ပျောက်သွားပြီ ပျောက်သွားပြီ။
ဟော…စောစောက ဂဝံမဆောင့်ကြောင့်ထိုင်တဲ့နေရာမှာ
အရုပ်ကလေးဗျ။ ကျုပ်ချက်ချင်း ကောက်ယူလိုက်တယ်။
ဆေးကျော့ကွင်းအထပ်ထပ်ရစ်ထားတဲ့ အရုပ်လေးဗျ။ ဆံပင်
ဖားလျားနဲ့ဆောင့်ကြောင့်ထိုင်ပြီး မျက်နှာကို လက်ဝါးနှစ်ဖက်
နဲ့ အုပ်ထားတဲ့ပုံဗျ။ ကိုယ်လုံးတီးပုံပဲ။ ကျုပ်ကအရုပ်ကိုလက်ထဲ
မှာဆုပ်ပြီး ကဝေသတ်ဖြတ်အင်းချတဲ့အချိန်မှာ ရွတ်ရတဲ့
ဂါထာကို ကျုပ်ခုနှစ်အုပ်တိတိရွတ်လိုက်တယ်။မဖဲဝါပြောတဲ့
အတိုင်းပေါ့ဗျာ။သွားပြီ အသက်နှုတ်ပစ်လိုက်ပြီ။
အောက်လမ်းဆရာကျန်ခဲ့တဲ့ ဂဝံမျက်နှာဖုံးရုပ်ကတော့
သာမာန်သစ်သားရုပ်ဖြစ်သွားပြီပေါ့ဗျာ။ ကျုပ်ရဲ့ဆေးကျော့ကွင်း
ကိုဖြည်လိုက်တယ်။ကင်းတဲပေါ်ရောက်တော့ အရုပ်ကလေးကို
ကျောက်ခဲလက်ထဲ ထည့်ပေးလိုက်တယ်။
“ဟာ အရုပ်လေးပဲဗျ ကိုကြီးတာတေ”
“ဟုတ်တယ်ကွ ကျောက်ခဲရဲ့ ၊အရူးမလည်းမဟုတ်ဘူး။
တစ္ဆေ မလည်းမဟုတ်ဘူး ၊ ဥစ္စာစောင့်မ လည်းမဟုတ်ဘူး။
အရုပ်ကလေးတစ်ရုပ်ကိုအင်မတန်စွမ်းတဲ့ အောက်လမ်းဆရာ
တစ်ယောက်အသက်သွင်းပြီး အသုံးချတာကွ ၊
အဲ့ဒိအောက်လမ်းဆရာ ရုတ်တရက် သေသွားတော့ သူ့အရုပ်
ကိုအသက်မနှုတ်နိုင်တော့ဘဲ ဒီအတိုင်း ကျန်သွားတာတဲ့
ကျောက်ခဲရ”
“ဟ ဒါတွေကို ကိုကြီးတာတေ ဘယ်လိုလုပ်သိတုံး”
“ဟ မဖဲဝါ ပြောတာ လေကွာ ၊ အခုသူပြောတဲ့အတိုင်း
ငါလုပ်လိုက်တာပဲ ”
တင်မြင့်နဲ့မိုးဦးကလည်း ဂဝံမျက်နှာဖုံးအရုပ်ကလေးကို
တစ်လှည့်စီကိုင်ကြည့်နေကြတယ်ဗျ။
မိုးမလင်းခင်ကျုပ်နဲ့ကျောက်ခဲ မီးမွှေးပြီး ဂဝံမျက်နှာဖုံးရုပ်
ကလေးကို မီးရှို့ပြီးပြာချပစ်လိုက်တယ်။
ကျပ်အိမ်ပြန်ရောက်တော့ ဆရာတော့်ကျောင်းက
တောင်းမောင်းတောင်ခေါက်နေပြီဗျို့။
ပြီးပါပြီခဗျာ
စာချစ်သူများအားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ
ပြန်လည်မျှဝေသူ တာတေ
Share this:
TwitterFacebook
Loading…
Related
တာတေ ဂဝန်မြက်နှာဖုံး
May 20, 2020
In “တာတေ၏ စာအုပ်”
၉ တာတေ
May 20, 2020
In “တာတေ၏ စာအုပ်”
တာတေ ခေါင်းရိုက်တဲ့သံ
May 19, 2020
In “တာတေ၏ စာအုပ်”
You can get various kinds of Android and PC software, but you can download various kinds of books, and it’s also a personal webside အန်းဒရိုက်နဲ့ကွန်ပျူတာဆော့ဖ်ဝဲအမျိုးမျိုးကိုရရှိနိုင်ပါတယ်။အသံထွက်စာအုပ်များကိုတယ်လို့စာရေးဖတ်ရှုနိုင်ပါတယ်ကိုယ်ပိုင်ဝက်ဆိုဒ်လေးတစ်ခုဖြစ်ပါတယ်။. View all posts by win lwin oo