မကြောက်တတ်ဖူးဆို(ဖြစ်ရပ်မှန် စ/ဆုံး)

မကြောက်တတ်ဖူးဆို(ဖြစ်ရပ်မှန် စ/ဆုံး)
============================
ကျွန်တော်တို့နေထိုင်ကြတဲ့ လူ့လောက လူ့ကမ္ဘာကြီးမှာ ပရလောကလို့ခေါ်တဲ့ လောကတစ်ခု ကလည်း တည်ရှိ ဖြစ်တည်လျှက်ရှိတယ် ။ အဲ့ဒီ ပရလောကကြီးမှာ ဘုရားဟော ကြမ်းဂန်တွေထဲမှာ ပါ၀င်ကြတဲ့ ‘ ပြိတ္တာ ဘုံသားတွေ ’ နေထိုင်ကြတယ် ၊ သူတို့တွေဟာ ကျွန်တော်တို့ လူသားများနှင့်မတူညီကြပဲ ကြောက်မက်ဖွယ် ရုပ်အဆင်းသဏ္ဍန် များ ခြောက်ခြားဖွယ်ရာ အသံများ စတာတွေကို ပိုင်းဆိုင်ထားကြသူတွေဖြစ်တယ် ၊ ဘုရားဟော အရာဆိုရင်တော့ လူ့ ထက် နိမ့်ကျတဲ့ အောက်ဘုံ(အပ္ပယ်ဘုံ) သားတွေလို့ပဲ ဆိုရပါမယ် ၊ ဒါကိုကျွန်တော်တို့ လက်ခံရမယ် ၊ တနည်းအားဖြင့် ပုံမှန်ဆိုလျှင် ကျွန်တော်တို့ လူသာမာန် မျက်စိအမြင်နဲ့ မမြင်နိုင်တဲ့ ပရလောကသားတွေဟာ ကျွန်တော်တို့ ပတ်၀န်းကျင်မှာပဲ တည်ရှိနေတယ်လို့ဆိုရမယ့် အမှန်တရားတစ်ခုကို ယုံကြည်ကြရမယ် ။
ဘာသာရေးအမြင်အရ ကျွန်တော် တင်ပြခြင်းဖြစ်သည် ၊ ဟုတ်ပြီ လက်တွေ့အနေနဲ့ရောလို့မေးစရာရှိလာပါပြီး ၊ ပရလောကဆိုတာ တကယ်ရှိပါတယ် ၊ ‘ ပြောမယုံ ကြုံဖူးမှ သိ ’ ဆိုတဲ့စကားကအလကားဖြစ်လာတာမဟုတ်ပါဘူး ၊ လောကကြီးမှာ သရဲတစ္ဆေလို့ခေါ်တဲ့ ပြိတ္တာဘုံသား ပရလောကသားတွေရဲ့အကြောင်း ကို စာတွေ ၊ ရုပ်ရှင် ဇာတ်လမ်းတွေ ၊ အချို့သော ဓါတ်ပုံတွေမှာ အကျယ်တ၀င့် ဖော်ပြနေတာကို စာဖတ်သူတို့လည်း မျက်ဝါးထင်ထင် မြင်ကြရမှာပါ ၊ ကျွန်တော် ယခုလို နိဒါန်းပျိုးနေရခြင်းမှာ အခြားမဟုတ်ကျွန်တော့် ကိုယ်တွေ့ ပရလောက ဖြစ်ရန်မှန် ဇာတ်လမ်းလေးကို စာဖတ်သူတို့ အားလုံ သိစေဖို့ရာ ရေးသား ဖော်ပြတော့မှာ ဖြစ်တဲ့အတွက်ပါ ။ယခုတင်ပြမယ့် ဇာတ်လမ်းလေးမှာ ဖြစ်ရပ်မှန် ဇာတ်လမ်းလေး တစ်ပုဒ် ဖြစ်တဲ့အတွက်ကြောင့် တစ်ချို့နေရာတွေမှာ လက်တွေ့မဆန်တဲ့အကြောင်းအရာလေးတွေ ပါကောင်းပါနေမှာပါ၊ကာယကံရှင် လူတစ်ချို့တွေရဲ့ အမည်နာမတွေကိုလည်း ကျွန်တော် လွဲပြီးတော့ ရေးသားထားပါတယ် ။ကျွန်တော့်အတွက်ကတော့ ဒီဇာတ်လမ်းလေး ကြုံတွေ့ခဲ့ရတဲ့ အချိန် အခိုက်အတန့်က ဘ၀မှာ ဘယ်တော့မှ မေ့ဖျောက်နိုင်တော့မှာ မဟုတ်တဲ့ ကြောက်မက်ဖွယ်ရာ အိမ်မက်ဆိုးကြီးတစ်ခု အဖြစ်နဲ့ ထာ၀ရတည်ရှိနေမှာပါ ….
ဇာတ်လမ်းလေးက ဒီလို…………
ကျွန်တော့် နာမည်က ‘ မိုးစွေ ’ ပါ ။ မော်လမြိုင်မြိုကလေးက ကျွန်တော့်မွေးရပ်ပေါ့ ၊ ကျွန်တော်တို့ မိသားစုက မော်လမြိုင်မြို့ရဲ့ မြို့စွန် ရပ်ကွက်ငယ်လေးတစ်ခု မှာ နေကြတယ် ၊အိမ်မှာက ကျွန်တော်ရယ် ၊ အဖိုးရယ် ၊ ကျွန်တော်တော့် အဖေနဲ့ အမေရယ် ပေါင်း လေးယောက် အတူတူနေထိုင်ကြတယ် ။ ကျွန်တော်တို့ မိသားစုကို ရပ်ကွက်ထဲမှာ မသိတဲ့သူ မရှိသလောက်ပဲ တစ်ခြားကြောင့်တော့မဟုတ်ပါဘူး ၊ ကျွန်တော့်ရဲ့ အာဂ အဖိုး ‘ ဦးကြည် ’ ကြောင့်ပေါ့ ၊ အဖိုးက ဘာလို့နာမည်ကြီးတာလည်းဆိုရင် သတ္တိကောင်းလို့ဗျ ၊ ရပ်ကွက်ထဲမှာ ‘ ဦးကြည်’ လို့မေးလိုက်ရင် ကလေးကအစ လူကြီးအဆုံး အကုန်လုံးသိကြတယ်လေ ၊ အဖိုးနာမည်ကြီးတာက အကြောင်းရှိတယ် ဒီလိုဗျ ကျွန်တော်တို့ အဖိုး ‘ ဦးကြည် ’ ကအရင်တုန်းက စစ်သားကြီး ၊ ပြီးတော့ သူက အကြောက်အလန့်ကလည်းမရှိတတ်ဘူး ၊ လူလူခြင်းမပြောနဲ့သရဲနဲ့တောင် တစ်ယောက်ချင်း နပန်းလုံးသတဲ့လေ ။
အဲ့ဒီ အဖြစ်အပျက် ဖြစ်တုန်းက မှတ်မှတ်ရရ ၁၉၉၆ / ၉၇ ၀န်းကျင်လောက်ကဗျ ။ ကျွန်တော်ဒီလို ခုနစ် တိတိကျကျပြောနိုင်တာကလည်း အဖိုး ‘ ဦးကြည် ’ က ဒီအဖြစ်အပျက်ကို ခဏခဏ ပြန်ပြောပြနေတော့ နားထဲစွဲနေတာပေါ့လေ ။ အဲ့ဒီအချိန်က အဖိုးက အမှတ် (… ) တပ်မတော်ထဲမှာ (…)ရာထူးနဲ့ တာ၀န်ထမ်းဆောင်နေတဲ့အချိန်ပါ ၊ သူတို့ တပ်စခန်းအနေအထားကို နဲနဲရှင်းပြမယ် ၊ တပ်ရဲက ၀န်းထဲမှာကဘောလုံးကွင်း ကွင်းပြင် အကျယ်ကြီးတစ်ခုရှိတယ် ၊ အဲ့ဒီ ကွင်းကြီး ကနာမည်ကြီးပဲ သရဲအရမ်းခြောက်တာဘောလုံးကွင်းကြီးနား ညပိုင်း ဂျူတီကျတဲ့ တပ်သားတိုင်းလိုလို သရဲနဲ့ ကြုံဖူးကြတယ်ဗျ ၊ ကြေက်ဖျား ဖျားပြီးတော်တော်လေးကုလိုက်မှပြန်ကောင်းလာတဲ့လူတွေလဲရှိတယ် ၊ ကြမ်းတာလည်း မပြောနဲ့လေ အဲ့ဒီ ဘောလုံးကွင်းကြီးက တစ်ခါတုန်းက သုသာန်ဟောင်းကြီးလေ ၊ အဲ့ဒါကို မင်းမိန့်(စစ်မိန့်) နဲ့ မြင်အပ်မမြင်အပ်ပရလောကသားတွေကို နေရာရွေ့ပေးလိုက်ကြပြီး ဘောလုံးကွင်းအဖြစ် မြေပြန် ညှိထားတာပေါ့ ၊ ဒါပေမယ့် နေရာရွေ့တော့ မပါသွားပဲ ကျန်ရစ်ခဲ့တဲ့ တစ္ဆေ ရှိတဲ့ပုံပဲ ၊ ဒါ့ကြောင့် ခြောက်လန့်နေတာပေါ့ ၊ အဲ့ဒီ တစ္ဆေကထူးဆန်းတယ် တစ်နေကုန်အကောင်း ညပိုင်း အပုတ်ချိန်၀င်ခါစနွားရိုင်းသိမ်းချိန် ဖြစ်တဲ့နေ၀င်ရီတရော အချိန်ဆိုရင် စပြီးတော့ ခြောက်လန့်တော့တာပဲ ။
တစ်နေ့မှာပေါ့ ကျွန်တော်တို့ အဖိုး ‘ ဦးကြည် ’ သရဲခြောက်တာကြမ်းတဲ့ ဘောလုံးကွင်းကြီးနားကိုညပိုင်း ကင်းစောင့်ဖို့ တာ၀န်ကျလာတယ် ၊ တပ်ထဲမှာက အမိန့်တစ်ခုရှိတယ် ညဆိုရင် ကင်း တာ၀န်ကျတဲ့သူကလွဲရင် ကျန်တဲ့သူ ဘယ်သူမှ ၊ ဘာကိစ္စနဲ့မှ အပြင်ကို ထွက်ခွင့် မရှိဘူး ။ ညပိုင်း ည ၁၀ နာရီလောက် မှာကျွန်တော်တို့အဖိုးလည်း သူတာ၀န်ကျတဲ့နေရာမှာ ကင်းစောင့်ဖို့ ဂတ်ထဲကနေ ထွက်လာခဲ့တယ် ၊သူကင်းစောင့်ရမယ့် နေရာလည်း ရောက်ရော ညမှောင်မှောင် ဘောလုံးကွင်းကြီးထဲမှာ စစ် စွတ်ကျယ် နဲ့ ဘောက်ဘီတို ကို၀တ် ထားတဲ့ လူတစ်ယောက် ပြေးလွှားနေတာကို တွေ့သတဲ့ ၊ အဖိုးကလည်း အဲ့ဒီအချိန်ထိလူလို့ပဲထင်နေတာ အဲ့တာနဲ့ သူလည်း ပြေးနေတဲ့သူကို ဓါတ်မီးနဲ့ ထိုးပြီး အဲ့ဒီ လူအနားပြေးသွားပြီး ပါးစပ်ကလည်း လှမ်းအော်ပြောလိုက်တယ် …. ။
“ ဟေ့လူ ခင်ဗျား စည်းကမ်းနားမလည်ဘူးလားဗျ ၊ ဒီအချိန်ကြီး အပြင် မထွက်ရဘူးဆိုတာ ”
အဲ့ဒီလို မေးနေရင်း ကွင်းထဲမှာ ပြေးလွှားနေတဲ့ သူ အနားကို အဖိုးလည်းရောက်ရော အဲ့ဒီလူကမျက်စိရှေ့တင် ပျောက်သွားရော ၊ အဖိုးလည်း ကြောင်သွားတာပေါ့ ၊နောက်ပြီးတော့ သူသိလိုက်တယ် ဒါ ဘောလုံးကွင်းထဲက တစ္ဆေက သူ့ကို ခြောက်လန့်နေပြီဆိုတာကိုလေ ၊ ဒါပေမယ့် အဖိုးက မကြောက်တတ်ဘူး သူ့ကို စနောက်ပြီး ခြောက်လန့်ရကောင်းမလားဆိုပြီး ပျောက်သွားတဲ့ တစ္ဆေကိုဒေါသတွေထွက်ပြီး လက်ထဲက ဓါတ်မီးနဲ့ ဟိုဟိုဒီဒီလိုက်ရှာနေတော့ သကောင့်သား တစ္ဆေကဟိုး… ကွင်းအစပ်နားကနေ လက်ပိုက်ပြီး အဖိုးကိုကြည့်နေသတဲ့ ၊ ကိုယ်တွေအဖိုးကလည်း ခေသူမဟုတ်ဒေါသတကြီးနဲ့ ပါးစပ်ကလည်း အယုတ်တ အန္နတတွေ ဆဲဆိုရင်းနဲ့ ကွင်းအစ်က တစ္ဆေကို စိန်ခေါ်နေတာပေါ့ ၊တစ္ဆေကလည်း သူ့ကို ကျွန်တော်တို့အဖိုးက ဆဲ့ဆိုပြီး စိန်ခေါ် စော်ကားနေမှန်းသိတော့ ကွင်းအစပ်နေရာကနေချက်ချင်း ကိုယ်ပျောက်သွားတယ် ၊ အဖိုးကလည်း ဒေါသတကြီးနဲ့ ဓါတ်မီးအလင်းရောင်နဲ့ ပတ်၀န်းကျင်မှာလိုက်ရှာနေတာ ၊ အဲ့ဒီအချိန်မှာ အဖိုးနားတဝိုက်မှာ အေးသလိုဖြစ်သွားတော့ အဖိုးကသူ့ဘေးနားကိုဓါတ်မီးနဲက ထိုးကြည့်လိုက်တယ် အဲ့ဒီမှာ .. ဘုရားဘုရား ရုပ်ပျက်ဆင်းပျက် မျက်နာကြီးနဲ့ ခုနက ကွင်းထဲပြေးနေတဲ့ တစ္ဆေကြီးဖြစ်နေတယ် ၊ မကြောက်တက်တဲ့ အဖိုးတောင် ရုတ်တရက်ဆိုတော့ လန့်ပြီး အနောက်ဆုတ်သွားမိတယ် တစ္ဆေကြီးကလည်း ချက်ချင်းဆိုသလို သူ့ရဲ့ သန်မာတဲံ လက်ကြီးနှစ်ဖက်နဲ့အဖိုးရဲ့ လည်ပင်းကို ညှစ်တော့တာပဲ အဖိုးကလည်း စစ်သားဆိုတော့ ဘယ်ရမလည်း သင်ထားသမျှ ကိုယ်ခံပညာတွေနဲ့ တစ္ဆေကြီးလက်ကနေ ရအောင် ရုန်းတယ် ၊ နောက်ဆုံး အဖိုးလွတ်ကျသွားပြီးမြေပြင်ပေါ် ပြစ်လဲသွားတာနဲ့ ချက်ချင်းပြန်ထလိုက်ပြီး တက်ကျွမ်းသမျှ လက်သီးထိုးနည်းတွေနဲ့တစ္ဆေကြီးကို တရစပ်ကို ထိုးတော့တာပဲ သူထိုးသမျှကို တစ္ဆေကြီးက ဘာမှပြန်မလုပ်ပဲ ရင်ကော့ခံပေးထားတယ် ထိုးသာ ထိုးနေရတယ် ဖွဲအိတ်ကြီး ထိုးနေရသလိုပဲ တစ္ဆေကြီးက အပြုံးမပျက်ဘူး ၊ နောက်တော့ အဖိုးမောလောက်ပြီဆိုမှ တစ္ဆေကြီးက ဘုန်းသီးအသေးအရွယ်လောက်ရှိတဲ့ သူရဲ့ လက်သီးလုံးကြီးနဲ့တစ်ချက်ပြီးတစ်ချက် အဖိုးကို ပစ်ထိုးတော့တာပဲ အဖိုးကလည်း ဒီတိုင်းခံထိုးနေရင် အဆင်မပြေမှန်းရိပ်စားမိပြီးသူ့ကို စစ္ဆေကြီး ဆက်ထိုးလို့မရအောင် တစ္ဆေကြီးရဲက ကိုယ်ကို အတင်းပြေးဖတ်ပြီး နပန်းလုံးတော့တာပဲဟိုကလည်း ငြိမ်မနေဘူး ပြန်လုံးတာ အဲ့လိုလုံးနေတော့လဲ တစ္ဆေကြီးက အားဘယ်လောက် ကြီးသလည်းမမေးနဲ့ အဖိုးဆို တစ်ကိုယ်လုံး အရိုးတွေ ကျိုးကြေသွားသလား အောက့်မေ့ရတယ်ဆိုပဲ ။
တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ အဖိုး ‘ ဦးကြည် ’ ရဲ့ အထပ်က အရာရှိက အဖိုးဂျူတီချိန်ပြီးတာတောင် ပြန်မလာသေးတော့ တစ်နေရာရာမှာများ မူးပြီး အိပ်နေတာလားဆိုပြီး နောက်ထပ် ရဲဘော်နှစ်ယောက်ကို အဖိုးနောက်လိုက်ခိုင်လိုက်ရော ၊ ရုံးကနေ လာတဲ့ရဲဘော်နှစ်ယောက်က အဖိုးဂျူတီကျတဲ့နေရာရောက်တော့ ညအမှောက်ကြီး ကွင်းထဲမှာ အော်ဟစ်ပြီး ဖုံတလုံးလုံးနဲ့ နပန်းလုံး ထိုးကျိတ်နေကြတဲ့ တစ္ဆေကြီးနဲ့ အဖိုးကို မြင်တော့ ဓါတ်မီးနဲ့လှမ်းထိုးပြီး အဖိုးနားပြေးလာတဲ့အချိန်မှာပဲ အဖိုးနဲက ထိုးနေတဲ့ တစ္ဆေကြီးက ကွင်းကြီးရဲ့ တစ်နေရာကို ထွက်ပြေးသွားခဲ့တယ် ။အဖိုးကလည်း ဒဏ်ရာတွေနဲ့ သက်မျော့မျော့ပဲ ကျန်တော့တဲ့ ရဲဘော်နှစ်ယောက်လည်း အဖိုးကိုထမ်းပြီး တပ်မတော် ဆေးရုံအမြန်ပို့လိုက်ကြရတယ်လေ ။ ကျွန်တော်တို့ အဖိုး ‘ ဦးကြည် ’ ရဲ့ အထပ်ကအရာရှိကလည်း ဆေးရုံအထိလာကြည့်တယ် မယုံတာလည်း ပါတာပေါ့ နောက်တော့ အဖိုးလည်ပင်းကညိုမဲနေတဲ့ လက်ရာကြီးကို မြင်မှ လက်ခံသွားတယ် ၊ အဖိုးက ဆေးရုံတော့ တော်တော်ကြာကြာလေးကိုတက်လိုက်ရတယ် ၊ အဲ့ကတည်းကစပြီး သရဲနဲ့ နပန်းလုံးတဲ့ တစ္ဆေမကြောက် ‘ ဦးကြည် ’ ဆိုပြီးဖြစ်လာခဲ့တာပေါ့ ။
ဒါက ကျွန်တော်တို့အဖိုးရပ်ကွက်ထဲမှာ နာမည်ကြီးရတဲ့ အဖြစ်လေး ၊ သူနဲကအတူ တာ၀န်ထမ်းဆောင်ခဲ့တဲ့ စစ်မှုထမ်းဟောင်းအဖိုးကြီးတွေ ဆုံရင်လည်း အဖိုးအကြောင်း အမြဲပြောပြကြတယ် ။ အဖိုး ‘ ဦးကြည် ’ ကသတ္တိ ဘယ်လောက်ကောင်းကြောင်း ၊ သရဲနဲကတောင် နပန်းလုံးဖူးကြောင်းစသဖြင့်ပေါ့ ၊ ဒါပေမယ့် တစ္ဆေမကြောက်သူ ကျွန်တော်တို့ အဖိုးရဲ့ အဖြစ်က ဒီလိုနဲ့ ပြီးမသွားသေးဘူးဗျ ၊ နောက်ဆက်တွဲက ကျန်သေးတယ် ၊ အခုဖြစ်ရပ်ကြတော့ ကျွန်တော်ပါ ပါတယ် တစ်ကယ်ကိုယ်တွေ့ပေါ့ဗျာ ။
အဲ့ဒီတုန်းက ၂၀၀၅ ခုနစ် ၊ ကျွန်တော် ငါးတန်းကျောင်းသား အရွယ်ပဲရှိသေးတယ် ။ အဖိုး ‘ ဦးကြည် ’ ကတော့ အသက်အရွယ်အရ တပ်ကထွက်ပြီး အငြိမ်းစားဘ၀နဲ့ပေါ့ ။ ကျွန်တော်တို့ မော်လမြိုင်မှာ ‘ သရက်ကုန်း ’ ဆိုတဲ့ နေရာလေးတစ်ခုရှိတယ်ဗျ ။ အဲ့ဒီမှာက တရုတ်နဲ့ ကုလား လူမျိုးတွေ ပဲအများဆုံးနေကြတာ မြန်မာဆိုတာ ခပ်ရှားရှားပဲ ။ သူတို့တွေက များသောအားဖြင့် ခြံစိုက်စားကြတယ် ၊ ရာသီအလိုက် ရာသီပေါ် သီးနှံတွေမျိုးစုံ ကိုစိုက်ပျိုးကြတယ် ဒါသူတို့ရဲ စီးပွားရေးလုပ်ငန်းပေါ့ ၊ အဲ့ဒီလို ခြံတွေထဲမှာမှ ‘ ဦးဂွမ်တီး ’ ဆိုတဲ့ တရုတ် အဖိုးကြီးတစ်ယောက် ပိုင်တဲ့ ခြံကြီးတစ်ခြံရှိတယ်ဗျ ၊အဲ့ဒီခြံကြီးက သရဲ တစ္ဆေ အရမ်းခြောက်ပြီး မြေကြမ်းတဲ့ခြံကြီးရယ်လို့ လူသိများကြ တယ် ။ နေ့ခင်းကြောင်တောင် အချိန်မှာတောင် အခြောက်အလန့်က ရှိလို့ လူတွေက အဲ့ဒီခြံကြီးအနားဆိုရင်ဖြတ်မသွားရဲကြဘူး ရှောင် ကွင်းပြီး သွားကြတယ် ၊ ဒီအကြောင်းတွေကို ခြံပိုင်ရှင်တွေလည်းသိပုံရတယ် ၊ဒါပေမယ့် ခြံကြီးထဲမှာ ထူးထူးခြားခြား ဘုန်းကြီးပင့်တာတို့ ၊ ဘုရားစာရွတ်ဆိုတာတို့ သရဲနှင်တာတို့လုပ်ကြတာ တစ်ခါမှတော့ မမြင်ဖူးဘူး ဘာကြောင့်မှန်းတော့ သေချာမသိ ။
ကျွန်တော်တို့ နေတဲ့ အိမ်နဲ့ ‘ သရက်ကုန်း ’ က သိပ်မဝေးသလို နီးလည်းမနီးဘူးဗျ ။မှတ်မိသေးတယ် အဲ့ဒီအချိန်က ဇွန်လ မိုးတွင်းအချိန်ကာလ ကြီး ၊ ကောင်ကင်ကမိုးရေစက်တွေကအိမ်ခေါင်များပေါ်ကတစ်ဆင့် တစက်မြိတ်လေးကနေ မြေပြင်ကို အပြေးအလွှား ပြေးဆင်းနေကြတဲ့အချိန် ၊ မိုးမျှော် ဖားတွေ မြူးတူးနေကြပြီး ၊ ကောင်ကင်ကြီး ၀မ်းနည်းနေတဲ့ အခိုက်အတန့်တစ်ခု ။တစ်နေ့မှာ ညနေနေ၀င်ရီတရော အချိန်ကျွန်တော့် အဖိုး ‘ ဦးကြည် ’ က အိမ်အပြင်ဘက်ကိုမျှော်ကြင့်နေရင်း သူ့နဘေးမှာ ထိုင်နေတဲ့ မြေးဖြစ်သူ ကျွန်တော်ကို စကားဆိုလာတယ် ။
“ မြေးရေ ‘ မိုးစွေ ’ ရာသီဥတုက ညပိုင်းမိုးရွာမယ့်ပုံကွ ”
အဖိုးဘာလုပ်ချင်တာလဲဆိုတာကို သိနှင့်နေတဲ့ ကျွန်တော်ကလည်း အလိုက်တသိ အဖိုးစကားကိုလမ်းဖွင့်ပေးပြီး …
“ ဟုတ်တယ် အဖိုး ဒီအချိန်ဆို အပြင်မှာ ဖားတွေ မြူးနေလောက်ပြီ ”
အဖိုးက ကျွန်တော့်စကားကြောင့် သူ့ရဲ ကျို့တို့ကျဲတဲ သွားတွေ အကုန်ပေါ်အောင်ပြုံးရယ်လိုက်ရင်း …
“ အဟတ်အဟတ် ငါ့မြေးကဘယ်ဆိုးလို့လဲကွ ၊ အဖိုးလည်း အဲ့တာပဲစဉ်းစားနေတာအိမ်မှာနေတာ ပြင်းပြင်းရှိတာနဲ့ စိတ်ပြေလက်ပြောက် အိမ်အပြင်မှာ ဟင်းစားလေးသွားရှာမလားလို့ ”
“ ဟာ အဖိုးကလည်း ပြောနေကြာတယ် ကျွန်တော်အခုပဲ ပစ္စည်းတွေယူလိုက်မယ်ဗျို့ ”
ကျွန်တော်လည်း ပြောပြောဆိုဆိုနဲ့ ပုဆိုးကို ခါးထောင်းကျိုက်ပြီး ၊ ဓားတစ်လက် ၊ပလိုင်းတစ်လုံး ကိုယူ ခမောက်ကြီးတစ်လုံးဆောင်းပြီး အဖိုးနဲကလိုက်သွားဖို့ပြင်လိုက်တယ် ၊အဖိုးကလည်း အိမ်ရှေ့မှာ ခါးထောင်းကျိုက်ကြီးနဲ့ ခါးမောက်ကြီးဆောင်းလို့ ကျွန်တော့်ကိုစောင့်နေလေရဲ့ ။ ပြောရဦးမယ် ကျွန်တော်တို့ မိသားစုက ဖေဖေ့ လစာလေးနဲ့ လူတန်းစေ့နေနိုင်ပါရက်နဲ့ဖိုးဖိုးနဲ့ ကျွန်တော်က ဝါသနာတူ အပျော် ငါးဖမ်းတယ် ၊ ဖားရိုက်တယ် ။ ဒါတွေက ကျွန်တော့်ကလေးဘ၀က သိပ်ကို ပျော်စရာကောင်းတဲ့ မိုးတွင်း အဖိုးနဲ့ အမှတ်တရတွေပေါ့ဗျာ ။
“ မေမေ သားတို့သွားပြီနော် .. ”
အိမ်မှာ တစ်ယောက်တည်း ကျန်ခဲ့တဲ့ မေမေကို ကျွန်တော် နှုတ်ဆက်ပြီးခုန်ပေါက်လို့ အဖိုးနောက်လိုက်သွားခဲ့ပြီလေ အိမ်ထဲက အမေလှမ်းပြီးတော့ မှာတမ်းချွေနေတဲ့စကားသံတွေက တစ်ဖြည်းဖြည်း ဝေးလို့ …… ။
ထူးဆန်းတယ်ဗျ ခါတိုင်းဆိုရင် လမ်းတစ်လျှောက်မှာ ဖားတွေရော ငါးတွေပါ မနည်းဘူးတွေ့နေရယ် ၊ ဒီနေ့ကြမှ ဖားဆိုရင်လည်းတစ်ကောင် စ နှစ်ကောင် စ ၊ငါးဆိုရင်လည်း အကောင်သေးသေးလေးတွေပဲ မြင်နေရတယ် ၊ အဖိုးရော ကျွန်တော်ပါမကျေမချမ်း ဇောနဲ့ ဟင်းစားရှာနေရင်းနဲ့ တစ်ဖြည်းဖြည်း ‘ သရက်ကုန်း ’ ဘက်ကိုရောက်မှန်းမသိရောက်သွားခဲ့တယ် မိုးဖွဲလေးတွေတောင်ကျနေပြီ ။
“ ငါ့မြေး အဖိုးဒီနေ့ဘာဖြစ်လည်းမသိဘူး ၊ နေရတာတစ်မျိုးပဲ နေရထိုင်ရတာသိပ်မကောင်းဘူးကွာ ၊ နေမကောင်းဖြစ်ချင်လာတယ် ထင်တယ် ”
“ ဟာအဖိုး ဒါဆို မိုးမိလို့ဘယ်ဖြစ်မလည်း ပြန်ကြရအောင် လာ အဖိုး ”
ကျွန်တော်လည်း ဖား ငါးမရတာက တစ်ကြောင်း မိုးရွာစပြုနေပြီးအဖိုးက နေမကောင်းဘူးဆိုတာက တစ်ကြောင်းကြောင့် အိမ်ပြန်ဖို့ရာ အဖိုးလက်ကိုဆွဲနေစဉ်…
“ ရတယ်မြေး ငါတို့ ဟင်းစားလေးတော့ ရအောင်ရှာကြမယ် ၊ပြီးမှ ပြန်ကြတာပေါ့ အိမ်ရောက်ရင် အိပ်ခါနီးဆေးလေးသောက်လိုက်ရင် သက်သာသွားမှာပါ ”
ဇွဲကြီးတဲ့ အဖိုးကြောင့် ကျွန်တော်လည်း ယောက်ရမ်းပြီး ခေါင်းငြိမ့်လိုက်မိတယ် ၊ ဒီလိုနဲ့ ကျွန်တော်တို့ မြေးအဖိုးနှစ်ယောက် ဟင်းစားရှာရင်းနဲ့ အမှုမဲ့ အမှတ်မဲ့ သရက်ကုန်းခြံတွေထဲရောက်သွားပြီး အဲ့ဒီကနေ ‘ ဦးဂွမ်တီး ’ ရဲက ခြံကြီးထဲကို ရောက်သွားခဲ့ကြတယ် ။နေမင်းရဲ့ အလင်းဓါတ်က မေးမှိန်သည်ထက် မှေးမှန်လာပြီး ကောင်းကင်တစ်ခွင်လုံးနိမိတ်ဆိုးကို ဆောင်ယူလာမည့် ဟန်ရှိတဲ့ တိမ်ညို တိမ်မှိုင်းတွေက နေရာယူလို့ထားလေပြီ ၊မိုးကလည်း သည်းသထက် သည်းလို့လာပြီး ပတ်၀န်းကျင်မှာ သာမန်ထက်ပင်ပိုလို့ မှောင်မိုက်လာခဲ့တယ် ။
“ ဟ အဖိုးရေ ကျွန်တော်တို့တို့တော့ ဒုက္ခရောက်ပြီ မီးအလင်းရောက်လဲမပါဘူး ၊မိုးကလည်း ပိုသည်းလာပြီ ပတ်၀န်းကျင်က မှောင်မဲနေပြီ ကြာရင်မလွယ်ဘူး ဟင်းစားမရရင်လည်းနေပါစေတာ့ ပြန်ကြရအောင်အဖိုး ”
ကြောက်စိတ်နဲက သတိပေးတဲ့ကျွန်တော့်စကားကြောင့် အဖိုးလည်း သတိ၀င်သွားပြီး..
“ အေးကွ ငါတို့ထွက်လာတာ တော်တော်ကြာနေပြီပဲ ပြန်ကြရအောင် ”
ကျွန်တော်တို့ မြေးအဖိုနှစ်ယောက် မိုးရေကြောင့်ဗွက်ထနေသော မြေပြင်ကိုခြေလှမ်းကျဲကြီးတွေနဲ့ နင်းပြီး အိမ်ပြန်ဖို့ရာ လာလမ်းအတိုင်းနောက်လည့်ပြန်ခဲ့လိုက်တယ် ၊ရှေ့ကသွားသူ အဖိုးနောက်ကို ကျွန်တော် အနောက်က အမှီလိုက်နေရတယ် မဟုတ်လို့တစ်ယောက်တည်း ကျန်နေရစ်ရင် ဒုက္ခ ။
“ အဖိုးရေ ခဏလေးစောင့်ပါဦး ကျွန်တော် အပေါ့သွားချင်လာလို့ပါ ”
အဖိုးကလည်း ကျွန်တော့်စကားကြောင့် သူ့ခြေလှမ်းတွေကို ရပ်လိုက်ပြီးကျွန်တော့်ကိုပြန်ပြောတယ် …
“ အေး … မိုးကလည်း သည်းလိုက်တာကွာ ငါလည်း အပေါ့သွားချင်နေတာအတော်ပဲ ”
ကျွန်တော်တို့နှစ်ယောက် ခြုံငယ်လေးတစ်ခုအနားမှာ ကိစ္စရှင်းပြီးတော့ခရီးဆက်နေတုန်းမှာပဲ အဖိုးက ရပ်လိုက်ပြီး ပတ်၀န်းကျင်ကို တစ်ချက်ကြည့်လိုက်တယ် မှောင်မဲနေပေမယ့် အလင်းရောင်ဖျော့ဖျော့ကြောင့် မြင်နိုင်စွမ်းတော့ ကျန်နေသေး သဗျ ။
“ ဟာ ပြသနာပဲ ”
“ ဘာဖြစ်လို့လဲ အဖိုး ”
“ ငါတို့ရောက်နေတာ ‘ ဦးဂွမ်တီး ’ တို့ခြံကြီးထဲမှာပဲကွ ”
‘ ဦးဂွမ်တီး ’ တို့ခြာံကီးထဲမှာ ဆိုတဲ့စကားကြောင့် မိုးရေရွှဲနေတဲ့ ကျွန်တော့်တစ်ကိုယ်လုံး ရေခဲတိုက်ထဲရောက်သွားသလို အေးစက်သွားသော ခံစားချက်ကို ခဏတာ ခံစားလိုက်ရပြီးခန္ဓာကိုယ်အနှံ့ ကြက်သီးမွှေးညှင်းတွေ ထလာခဲ့တယ် နောက်ပြီး တုန်တုန်ရင်ရင်နဲ့ ….
“ ဟုတ်…ဟုတ်..လို့လားအဖိုးရ အနောက်ပါနဲ့ ”
“ မြေးကလည်း ငါကဘာလို့နောက်ရမှာလည်း မကြောက်ပါနဲ့ကွာမင်းအဖိုးက သရဲတစ္ဆေမကြောက်တက်ပါဘူး နှပန်းတောင်ဖတ်လုံးခဲ့တဲ့ကောင်ပါကွ ဟား… ”
အဖိုးစကားကြောင့် ကျွန်တော့်စိုးရိမ်စိတ် ကြောက်ရွံ့စိတ်တွေ နဲနဲတော့ ပြေသွားပေမယ့်ကြောက်စိတ်က မသိစိတ်နောက်မှာကိန်းအောင်းနေသေးတယ်ဆိုတာကို ကျွန်တော့်ကိုယ်ကျွန်တော်ရိပ်စားမိနေတုန်းပဲ ၊ အဖိုးနောက်အမှီလိုက်ရင်း လက်ထဲက ဓါးကို ကျစ်ကျစ်ပါအောင်ဆုန်ထားလိုက်တယ်တစ်ခါတစ်ခါ လေးအေးအေးလေးတွေ ဝှေးရမ်းတိုက်သွားသလို ကျွန်တော့် နောက်ကျောမှာ အေးခနဲအေးခနဲဖြစ်သွားတော့ ကျွန်တော်လည်း နောက်ကျောမလုံမလဲဖြစ်ပြီး အနောက်ကို မကြာမကြာ လှည့်ကြည့်ဖြစ်ခဲ့တယ် ။
“ မြေး ရ ‘ မိုးစွေ ’ အမှောင်ထဲ ငါတို့ လမ်းပျောက်နေပြီ ၊ လာတုန်းက ဒီလမ်းပါ။ငါသေချာမှတ်ထားတာ အခု ၀င်္ကပါကြီးကြနေတာပဲ ဒီနေရာက ကို အလွတ်သေးဘူး ၊ဘယ်လောက်ဝေးဝေးကို သွားသွား ပြန်ပြန်ရောက်လာတယ် ”
အဖိုးပြောလည်းပြောစရာ ကျွန်တော်လည်း ရိပ်စားမိနေတယ် အလာတုန်းက ဒီလောက်တောင်မသွားရဘူးအခု ခြံကြီးထဲမှာ တလည်လည် ဖြစ်နေပြီလေ ၊ ပတ်၀န်းကျင်ကလည်း ခြံကြီးတစ်ခုထက်တောအုပ်ကြီး … အတော်လေးတက်တဲ့တောနက်ကြီးထဲ ရောက်တေဲ့အတိုင်းကို ဖြစ်နေတယ် ၊စိုးရိမ်စိတ်နဲကအတူ ကြောက်စိတ်က အလုံးအရင်းနဲ့ ၀င်လာခဲ့တော့ ကျွန်တော့ တစ်ကိုယ်လုံးအားမရှိတော့တဲ့လူပမာလို ခံစားနေရတယ် ၊ အဖိုးကတော့ ကြောက်ရွံ့ပုံမရပေမယ့် သူ့မျက်နာမှာ စိုးရိမ်မှုတွေကို ကျွန်တော်မြင်နေရတယ် ။
ကျွန်တော်တို့ မြေးအဖိုးနှစ်ယောက် ရပ်ပြီး စကားပြောနေစဉ်မှာပဲ ကျွန်တော်တို့အရှေ့နားကသစ်ပင်အချို့က လေမတိုက်ပါပဲ လှုပ်ရမ်းနေတယ် တောတိုးသံလိုလို ၊ ခြုံတိုးသံလိုလိုကိုလည်းမိုးထဲလေထဲကနေ ကြားနေရတယ် ၊ ကြောက်နေတဲ့သူကို မိုးက မစာမနာ သည်းပြနေတဲ့အပြင် တစ်ခါတစ်ရန် “ ဝုန်း …ဂျိမ်း ..” ဟူသော မိုးခြိမ်းသံ အကျယ်ကြီးတွေနဲ့လည်း နှိပ်စက်ပြန်တယ် ။ဟင်းစားရှာဖို့ အဖိုးနောက်လိုက်ခဲ့တာကိုပဲ ကိုယ်ဘာကိုယ် အပြစ်တင်နေမိတယ် ။
ထိုစဉ်မှာပဲ ဓါတ်မီးအလင်းလိုလို အလင်းရောင်တစ်ခုနှင့်အတူ ကျွန်တော်တို့အရှေ့နားမှာ တစ်စုံတစ်ရာ လာနေပြီဆိုတာကို အဖိုးရောကျွန်တော်ပါ သိနေနှင့်ကြတဲ့အတိုင်း ကျွန်တော်က လက်ထဲက ဓါးကိုပိုပြီး တင်းတင်းကြပ်ကြပ်ကိုင်ထားမိလိုက်တယ် ။ အဲ့ဒီအချိန်မှာပဲ လျှပ်စီးတစ်ချက်လက်သွားခဲ့တယ် ကျွန်တော်တို့နဲ့ လက်တစ်ကမ်းအကွာကို ရောက်နေနှင့်ပြီဖြစ်တဲ့ အရာကို သေချာစွာမြင်လိုက်ရတယ် ။
အသက် ၃၀ ၀န်းကျင် အမျိုးသမီးတစ်ဦး အသားခပ်မဲမဲ ၊ လူသာမန်တွေလိုပဲ ၀တ်ဆင်ထားတယ် ၊လက်ထဲမှာလည်း ဓါတ်မီးတစ်လက်ပါသေးတယ် မျက်နာကရွက်ကြမ်းရေကျို ၊ အထူးခြားဆုံးက မျက်၀န်းတွေ သူ့မျက်၀န်းတွေက လူတစ်ယောက်နဲ့လားလားမှ မတူဘူးလို့ကျွန်တော်ခံစားနေမိတယ်မိုးရေကြောင့်သူ့မျက်လုံးတွေ နီနေတာနေမှာပါဆိုပြီး ကျွန်တော့် သံသယကို ကျွန်တော် ချက်ချင်းခြေဖျက်လိုက်တယ် ၊ တစ်ချိန်တည်းမှာပဲ သူမက ကျွန်တော်တို့မြေးအဖိုးကို ကြည့်ပြီး စကားပြောပုံက ဘုစပ်စပ်နဲ့ ရန်တွေ့တော့တာပဲ …
“ လူတွေက ကိုယ့်နေရာ ကိုယ်မနေကြဘူး ၊မဆိုင်တဲ့နေရာမှာ ဘာလာလုပ်ကြတာလဲ ….. ”
စသဖြင့်ပေါ့ဗျာ ကျွန်တော်တို့ နှစ်ယောက်ကို ဟောက်တော့တာပဲ ။အဖိုးကလည်း သူများခြံဆိုတော့ တောင်းပန်တာပေါ့ ၊ ကျွန်တော်ကတော့ ကိုယ်အဖေအရွယ်လူကြီးတစ်ယောက်ကို ဒီမိန်းမက ရိုင်းလိုက်တာလို့ပဲ တွေးနေမိတယ် ။ သူပြောလို့ဝတော့ ကျွန်တော်တို့နှစ်ယောက်ကိုခြံအ၀ ပြန်ပို့ပေးမယ့်အကြောင်းနဲ့ သူ့အနောက်ကလိုက်ခဲ့ဖို့ပြောတယ် ကျွန်တော်တို့ မြေးအဖိုးလည်းပြန်ရောက်ပြီးရောဆိုပြီး သူမ အနောက်ကို လိုက်သွားခဲ့လိုက်ကြတယ် …..
မိုးရေတွေကြားမှာ သူမက မိုးမစိုသလိုပဲ ၊ ကျွန်တော်လည်းအတွေးတွေကို တက်နိုင်သမျှ ရပ်ထားလိုက်တယ် ၊ လျှပ်စီးများလက်လိုက်ရင် ကျွန်တော်တို့ သွားနေတဲ့ လမ်း နံဘေးက အပင်ကြီးတွေအပေါ်မှာလည်း အရိပ်မဲကြီးတွေက မျောက်တွေလို သွားလာနေတယ်လို့ ကျွန်တော်ခံစားနေရတယ် မြင်လည်းမြင်နေရတယ် အဖိုးလည်းသိမယ်လို့ထင်ရပေမယ့် လေတိုက်လို့ ယိမ်းနေကြတဲ့ အပင်အကိုင်းအခတ် အလတ်တွေလည်း ဖြစ်နိုင်တယ်မဟုတ်လား ။ဒီလိုနဲ့ မိနစ်ပိုင်းလောက် ရှေ့က စကားမပြောပဲ ပုံမှန်ခြေလှမ်းနဲ့ သွားနေတဲ့ အမျိုးသမီးအနောက်ကိုလိုက်သွားတော့ ကျွန်တော်တို့ မြေးအဖိုး ‘ ဦးဂွမ်တီး ’ ခြံကြီးရဲ့ အပေါက်၀ကို ပြန်ရောက်ခဲ့ကြတယ် ။ကျွန်တော်လည်း အဲ့ဒီကြမှ သက်ပြင်းချနိုင်တော့တယ် ၊ အဖိုးကတော့ လိုက်ပို့တဲ့ အမျိုးသမီးကို ကျေးဇူးတင်စကားဆိုလို့ပေါ့ ။
ခြံကြီးကနေ ထွက်ပြီး ခပ်လှမ်းလှမ်းလောက်ရောက်တော့ ကျွန်တော်တို့ မြေးအဖိုးနှစ်ယောက်ထောင်ကလွတ်သွားသလို ခံစားနေရပြီး ပျော်ပျော်နဲ့ အနောက်က ခြံကြီးကို လှမ်းကြည့်လိုက်တော့ခြံအ၀မှာ ကျွန်တော်တို့ကို ရန်တွေ့ပြီး လိုက်ပို့ပေးတဲ့ အမျိုးသမီးက လူသေကောင်လိုမျိုး မလှုပ်မရှားရပ်ပြီး ကျွန်တော်တို့ ရှိတဲ့နေရာကို လှမ်းကြည့်နေတုန်းဗျ သူ့လက်ထဲမှု ဓါတ်မီးအလင်းကို မြင်ရတော့သူရှိနေတာကို သိနိုင်တယ်လေ ၊ အဖိုးနဲ့ ကျွန်တော်လည်း သူ့ကို ကျေးဇူးတင်တဲ့ အနေနဲ့ နှုတ်ဆက်သလို လက်တွေဝှေ့ရမ်းပြလိုက်တော့ အဲ့ဒီအမျိုးသမီးရဲ့ အသက်မပါတဲ့အပြုံးတစ်ချက်ကိုမသဲမကွဲလှမ်းမြင်လိုက်ရတယ် အဲ့ဒီအချိန်မှာ စက္ကန့်ပိုင်းလောက် လျှက်စီးတစ်ချက်လက်လိုက်တော့အမျိုးသမီးကို သေချာမြင်လိုက်ရတယ်လေ ၊ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကျွန်တော့် သံသယတွေကမှန်နေတယ်ဆိုတာကို သိလိုက်ရပြီး ကျွန်တော် ဒူးနှစ်ချောင်း က တိုင်ပင်ကိုက်ထားသလို တစ်ချောင်းနဲ့ တစ်ချာင်း ရိုက်ခက်နေတော့တယ် ၊ မြင်လိုက်ရတာက …
ကျွန်တော်တို့ ကို လိုက်ပို့ပေးတဲ့ အမျိုးသမီးက ကြောက်စရာကောင်းလောက်အောင်လူသေကောင်အပြုံးမျိုးပြုံးပြနေပြီး သူမရဲ့ ၀မ်းဗိုက်က ပွင့်နေပြီး သွေးသံရဲရဲဖြင့် အတွင်းမှ အူတွေ ၊ ကလီစာတွေ စတာတွေကို အတိုင်းသားအကုန်မြင်နေရတယ် ၊ အဲ့ဒီအချိန်ထိ ကျွန်တော်တို့မြေးအဖိုး သူမကို ကြောက်ပြီးကြည့်နေမိတုန်း ၊ ကျွန်တော်ကတော့ အပေါ့တွေပါ ထွက်သွားခဲ့တယ် ထင်တယ် ။
တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့မြင်နေရတဲ့ ဗိုက်ပွင့်နေတဲ့ အမျိုးသမီးက တဖြည်းဖြည်းခြင်းပျောက်ကွယ်သွားပြီး ခြံကြီးထဲမှာ အရိပ်မဲမဲကြီးတွေ လှုပ်လှုပ်ရှားရှား ဖြစ်နေတာကို မြင်လိုက်ရတယ် နောက်ပြီး အပင်ကြီးတွေပေါ်ကနေ လူထက်ကြီးတဲ့ လူဝံ့လိုမျိုး တစ်ကိုယ်လုံးအမွေးတွေ ဗလပွနဲ့အကောင်ကြီးတွေက ပြေးဆင်းလာပြီး ကျွန်တော်တို့ နှစ်ယာက်ရပ်နေတဲ့နေရာကို ဦးတည်ပြီးလာနေကြတယ် ပြေးလာကြတာ အတော်ကို မြန်လွန်းတယ် ၊ ကျွန်တော်နဲ့ အဖိုးလည်းနောက်ကိုလှည့်မကြည့်တော့ပဲ အော်ပြီးတော့ အိမ်ရှိတဲ့ဘက်ကို ခြေကုန်ပြေးကြတော့တာပဲ ကျွန်တော့်မျက်လုံးတွေလည်း ပြာနေပြီး နာကျင်နေတဲ့ ခြေဖဝါးကို ဂရုမစိုက်အားပဲ အသက်ဘေးလွတ်ဖို့အစွမ်းကုန် ပြေးတော့တာပဲ ။နောက်ဆုံးမှာ ကျွန်တော် အိမ်ပြန်ရောက်လာခဲ့တယ် အိမ်ရောက်တော့ ဘာမှမလုပ်နိုင်ပဲအိမ်ပေါ်အရင်တက် ရေအဝသောက်ပြီးကြမ်းပေါ်ပစ်လဲသွားခဲ့တယ် ၊လဲရင်းအမောဖြေနေတုန်း ၊ရွံ့တွေ ဗွပ်တွေနဲ့ ကျွန်တော့်ကို အမေက ကြည့်ပြီး …
“ ဟဲ့သား ဘာဖြစ်လာတာလဲ နင့်အဖိုးရော… ”
မေမေ မေးမှ ကျွန်တော် အဖိုးကို သတိရတယ် ၊ ဟုတ်တယ် အဖိုး….အဖိုးဘယ်မှာ ကျန်ခဲ့တာလဲ ကျွန်တော်မှတ်မိတာက မိုးထဲလေထဲမှာ အနောက်က မဲမဲအကောင်ကြီးတွေ ပြေးလိုက်ကြလို့ အဖိုးနဲ့အတူတူပြေးနေတယ် မှောင်မဲနေတဲ့လမ်းမှာ ကျွန်တော်တို့နှစ်ယောက် တောင်ပို့ကြီး တစ်ခုကို မမြင်ပဲ ပြိုင်တူ ခလုပ်တိုက်ပြီပစ်လဲသွားတယ် ကျွန်တော်က ချက်ချင်းပြန်ထပြီးပြေးတယ် အဖိုးက….. အင်း.. အဖိုးက… အဖိုးကျန်ရစ်ခဲ့တယ် ။
ကျွန်တော် အရမ်းစိတ်ပူသွားတယ် ကိုယ်လွတ်ရုန်းလာမိတာကို နောက်တရမိတယ် ချက်ချင်းပဲ အဖေဖေ နဲ့ မေမေကို အကျိုးအကြောင်းပြောတာ့ အဖေကဆောင်ဓါးတစ်ချာင်းကို ယူလာပြီး အမေက ရပ်ကွက်ထဲက လူတွေကို သွားခေါ်ရင်း ဓါတ်မီးကိုယ်စီနဲ့ ကျွန်တော်တို့ တတွေ အဖိုးလဲကျခဲ့တဲ့နေရာကို ပြန်သွားရှာခဲ့ကြတယ် အဖိုးကိုမတွေ့တော့ဘူး ၊ အဲ့တာနဲက ကျွန်တော်က ဦးဆောင်ပြီး ‘ ဦးဂွမ်တီး ’ တို့ ခြံကြီးရှေ့မှာ အဖိုးကို တွေ့လိုတွေ့ငြား သွားရှာရအောင်ဆိုပြီးပြေးရှာကြတော့ ထင်တဲ့အတိုင်းပဲ ခြံကြီးရှေ့မှာ လဲကျရင်း ရုန်းကန် အော်ဟစ်နေတဲ့ ကျွန်တော်အဖိုး‘ ဦးကြည် ’ နဲ့ သူ့ဘေးနားမှာ ပုရွတ်စိတ် အုံလို ဝိုင်းအုံနေကြတဲ့ မဲမဲသဏ္ဍန် အရာတွေကို မြင်လိုက်ရတယ် ၊ မဲမဲ သဏ္ဍန်တွေက တစ်ချို့က ပုပုကွကွတွေ တစ်ချို့က လူထက်ကြီးတယ် လူဝံ့လိုကောက်ကြီးတွေထူးခြားတာက သူတို့အားလုံးနီးပါး မျက်လုံးနီကြီးတွေနဲ့ တစ်ကိုယ်လုံး အမွှေမဲကြီးတွေနဲ့ တစ်ချို့ကအရိပ်လိုမျိုး ၊ အဖိုးကို ခြံထဲ ဆွဲသွင်းနေကြပုံရတယ် ကျွန်တော်တို့ လည်း ဓါတ်မီးတွေနဲ့ အရင်လှမ်းထိုးလိုက်တယ် လူအုပ်လာတာကို မြင်တော့ သူတို့အားလုံး ရှဲသွားကြတယ် ၊တစ်ချို့က အပင်ကြီးတွေပေါ်မျောက်တွေလို ပြေးတက် တစ်ချို့က ခြံထဲပြေး၀င် တစ်ချို့ကနေရာမှာတင် အရောင်တစ်ဖြည်းဖြည်းမှန်သွားခဲ့တယ် ၊ မကြောက်တက်ပါဘူးလို့ဆိုတဲ့ ရပ်ကွက်ထဲက လူတွေတောင် ဒူးတုန်တဲ့သူတုန် ၊ မူးလဲတဲ့သူလဲနဲက ကံကောင်းတာက လူများနေတော့ အားရှိတယ်လေ ၊
ဒီအဖြစ်အပျက်ကို မြင်ခဲ့တဲ့သူက ကျွန်တော်တစ်ယောက်တည်းမဟုတ်တော့ လူတွေအားလုံးလည်းကျွန်တော်တို့ ဖြစ်ရပ်ကို လက်မခံလို့မရတော့ဘူးပေါ့ ၊ ကျွန်တော်တို့တတွေလည်း စိုးရိမ်စိတ်နဲ့အတူအဖိုးအနားကို အလျှင်အမြန်ပြေးသွားကြည့်တော့ တစ်ကိုယ်လုံး ဒဏ်ရာတွေ သွေးတွေနဲ့ ကွဲပြဲ ဖုယောက်နေပြီး အဖိုးက သတိလစ်နေပြီ အဲ့တာနဲ့ အဖိုးကိုဝိုင်းထမ်းကြပြီး ဆေးရုံကို အမြန်ပိုကလိုက်ကြရတယ် ၊ ဆရာ၀န်ရဲ့ မှတ်ချက်က …
“ အအေးမိပြီး ၊ အဆုတ်ပွသွားတယ် ၊ နံရိုးတစ်ချောင်းလည်း ကျိုးသွားတယ် နောက်ပြီးလူကြီးဖြစ်နေတော့ အမောဆို့သွား ပုံရတယ် ” တဲ့လေ ၊ ဆရာ၀န်ကိုတော့ အဖြစ်အပျက်တွေအမှန်မပြောပြဖြစ်တော့ဘူး ။
အဲ့ဒီနေ့က ကျွန်တော်တို့မိသားစု တစ်ယောက်မှ အိမ်မပြန်ပဲ အဖိုးနားမှာ လူနာစောင့်နေပေးကြတယ် ၊အဖိုးသတိရလာတော့ သူဖြစ်တာတွေပြောပြတယ် ။
“ ငါ့မြေးနဲ့ငါ ပြေးရင်းကနေ အတူတူချော်လဲပြီး မြေးက ချက်ချင်းပြန်ထပြီးပြေးသွားတယ် ၊ငါက ဒူးအရိုးထိသွားတော့ မထနိုင်ဘူးလေ ငါလည်းမြေးကို လှမ်းခေါ်သေးတယ် ၊ မိုးထဲလေထဲလေနောက်ပြီးသူလည်း ကြောက်နေတော့ ဘယ်ကြားပါ့မလဲ … အဟွတ်အဟွတ် ”
“ အဖေ ခဏနားဦး ရော့ ရေလေးသောက်လိုက် ”
ကျွန်တော့်အမေက အဖိုးကို ရေတိုက်ပေးလိုက်တော့ အဖိုးက နေရသောက်ပြီးအသက်ကို ဝအောင်ရူနေတယ်ပြီးတော့ စကားပြန်ဆက်တော့တာပဲ …
“ ငါတစ်ယောက်တည်း ကျန်နေတုန်း ငါ့အနောက်က လိုက်လာတဲ့ မဲမဲအကောင်ကြီးတွေကငါ့ကို ဝိုင်းပြီး ထိုးကြ ကျိတ်ကြတယ် ငါလည်း သူသေကိုယ်သေ ပြန်ချတာပေါ့ ဒီကောင်တွေကအကောင်လည်းကြီး အုပ်စုကလည်း များတော့ ငါဘယ်လိုမှ တောင့်မခံနိုင်တော့တာနဲ့ အားလျော့လိုက်တယ် အဲ့ကျတော့ သူတို့က ငါ့ကို ခြံကြီးထဲထမ်းသွားတယ် ငါလည်း ခြံကြီးထဲရောက်ရင်သေမှာကိုသိနေတာနဲ့ ရှိသမျှ နောက်ဆုံးကျန် အားတွေအကုန်ထုတ်လိုက်ပြီး အသားကုန်ရုန်းပြီးတော့ ခြေထောက်နာနေလျှက်နဲ့ ဒီကောင်တွေလက်က လွတ်အောင်ပြေးတာ ငါလည်းပြေးရောခြံထဲကနေ ငါနောက်ကို မဲမဲကောင်တွေ ပြေးလိုက်ကြတယ် အကောင်တွေက ပိုများလာတယ်အရွယ်စုံပဲ အကုန်လုံးက ကြောက်စရာပုံစံနဲ့ သွေးပျက်စရာရုပ်ကြီးတွေနဲ့ ငါလည်း ပြေး သူတို့ကလည်းလိုက်နဲ့ နောက်ဆုံးခြံအ၀အလွန်မှာ ငါပြန်လဲသွားတယ် အဲ့အချိန်မှာ ခြံကြီးထဲက နှစ်ချို့နေတဲ့ပုံနဲ့ သရဲမကြီးတစ်ကောင် ပြေးထွက်လာပြီးငါကို “ ဟဲ့ငကြည် နင်က မကြောက်တတ်ဘူးဆို ၊ မကြောက်တတ်ဘူးဆို ” လို့ပြေားရင်းနဲ့သူ့ရဲ့ ကြောက်စရာမျက်နာကြီး ၊ မျက်လုံး နီရဲရဲကြီးကို ပြူးပြလိုက် လျှာအရှည် တစ်လစ်ကြီးကို ထုတ်ပြလိုက်နဲ့ လက်ကလည်း ငါကို ထိုးကျိတ်လိုက် ရိုက်လိုက် နှက်လိုက်နဲ့ ပေါ့ ၊ငါလည်း ကြောက်လန့်ပြီး သူ့ကို ပြန်ထိုး ပေမယ့် မရဘူး သူထို့ချက် ရိုက်ချက်တွေက ပိုနာတယ် ၊မောလာပြီး လူက အားမရှိတော့ မဟန်နိုင်တော့ပဲ ပစ်လဲသွားမှ သူ့အနောက်က သရဲကြီးတွေကငါ့ကို ချုပ်ပြီး ထိုးကျိတ်ရင်း ခြံထဲ ပြန်ဖမ်းသွားတုန်း ငါလည်း လည်ချောင်းကွဲမတက်အကူအညီတောင်းနေမိတယ်၊ အဲ့မှာပဲ မင်းတို့တွေ့ရောက်လာခဲ့တာ ၊ လူတွေကလည်း များတာကို မဟုတ်ရင် ငါတကယ်သေပြီ ”
စကားစဆုံးသွားတော့ အဖိုးက နည်းနည်းငယ်ထပ်သောက်ပြီး ကျွန်တော့်ကို ဘာဖြစ်သေးလည်းလို့မေးတယ် ကျွန်တော်လည်း ဘာမှမဖြစ်ကြောင်း ဒဏ်ရာအသေးလေးပဲရကြောင်းပြောပြလိုက်တယ် ။အဲ့နေ့ညက (….) ဆေးရုံ့မှာ ကျွန်တော်တို့ အဖိုးကို လူနာစောင့်အိပ်ပေးပြီး မှေးခနဲကအိပ်ပျော်နေတုန်း အဖိုးကအသံနက်ကြီးနဲက ထအော်ပါလေရော ….
“ အား…..သရဲမကြီး မလာနဲက ငါ့ဆီမလာနဲ့ သွားသွား….အား… ”
သရဲမကြီး ဆိုတဲ့အသံနဲ့ အဖိုးအော်သံကြောင့် ကျွန်တော်တို့ အကုန်နိုးလာပြီး အဖိုးကို ဘာဖြစ်လာလဲ စသဖြင့် မေးကြတာပေါ့ ၊ အဖိုးက ပြောပြတယ် ။
“ ငါသိတယ် ငါတကယ် မြင်လိုက်တယ် သူတို့ငါ့ကို အလွှတ်ပေးမှာ မဟုတ်ဘူး ၊ငါခြံထဲကလွှတ်လာပေမယ် ငါ့နောက်ကို သရဲမတစ်ကောင် လိုက်လာတယ် အဲ့သရဲမက အတော် နှစ်ချို့နေပြီ ၊ ခုနက ငါအိပ်ပျော်နေတုန်း ငါ့ကုတင်ပေါ်ကိုတစ်ယောက်ယောက် တက်လိုက်သလို အိသွားတော့ မျက်လုံးဖွင့်ကြည့်လိုက်တာ ငါ့မျက်နာရှေ့တည့် တည့်မှာဆံပင်ဖါးလျားနဲ့ ရုပ်ပျက်ဆင်းပျက် မျက်နာနဲ့ သရဲမကြီး…. သရဲမကြီး ”
“ အဖေအဖေ စိတ်ကို ထိန်းပါဦး သတိထားပါဦး အဖေ ဘုရားကို အာရုံပြု ”
ကျွန်တော့် အဖေရဲ့ အားပေးစကားတွေက အဖိုးအတွက် ထိရောက်သွားသလိုပဲအဖိုးခဏတွင်းမှာ အိပ်ပျော်သွားပြန်တယ် ကျွန်တော်တို့ကတော့ မအိပ်ရဲကြတော့ဘူး ၊ ဆေးရုံက နက်(စ်) တွေတောင် ဘာဖြစ်တာလဲဆိုပြီး လာကြည့်ကြသေးတယ် ။ဒီလိုနဲ့ အဖိုးသက်သာလာတော့ ဆေးရုံ ဆင်းလာကြတယ်လေ၊ အဲ့ဒီအချိန်ထိ ပြသနာက မပြီးသေးဘူး။
ဖြစ်ပုံက ‘ ဦးဂွမ်တီး ’ ခြံကြီး အကြောင်းအဖိုး အိမ်မက်ခဏ ခဏ မက်တယ်တဲ့လေ ။အိမ်မက်ထဲမှာ ‘ ဦးဂွမ်တီး ’ တို့ ခြံကြီးထဲမှာ မကျွတ်မလွတ်ကြသေးတဲ့ အရွယ်စုံသရဲတွေ ပရလောကသားတွေက စုနေကြတယ်တဲ့ နောက်ပြီး သူတို့ထဲက သရဲမတစ်ကောင်ကအဖိုးကို တစ်ခုခု မကျေမတပ်ဖြစ်ပြီး လိုက်လာတယ်တဲ့ ကျွန်တော်တို့ ဘာအမှာလပ်ခဲ့မိတယ်ဆိုတာကိုအခုထိမစဉ်းစားမိသေးဘူး ကျွန်တော့်စိတ်ထင် ‘ ခွင့်မတောင်းပဲ အပေါ့သွား ’ ခဲ့တာများလား ၊လောကကြီးက ကိုယ်မသိတာတွေ အများကြီးဆိုတော့ သေချာတော့ မပြောတက်ပါဘူး ။
နောက်တစ်နေ့မှာ ဖေဖေ က အဖိုး စိတ်ချမ်းသာအောင် ရဟန်းတစ်ပါးကိုအိမ်ကို ပင့်ပြီး အဖိုးလက်နဲက ကိုယ်တိုင် သင်္က္ကန်း ကပ်လှူ စေခဲ့တယ် ။ကိစ္စတွေဖြစ်ပွားပြီး တစ်ပတ်လောက်နေတော့ တစ်ညမှာ ည သန်းခေါင်းအချိန်ကြီးတစ်အိမ်လုံးအိပ်နေတုန်း အိမ်ရှေ့ကနေ တစ်ယောက်ယောက်လာအော်သလိုကြောက်မက်ဖွယ် စူးရှရှ အသံနက်ကြီးကို တစ်အိမ်သားလုံးကြားလိုက်ကြရတယ် ..
“ ‘ င ကြည် ’ နင် ငါတို့ နဲ့ လိုက်လာဖို့ ပြင်ထား….ငါ လာခေါ်မယ် ပြင်ထား…. ”
အသံက လုံး၀မိန်းမအသံ လူတစ်ယောက်အသံတော့မဟုတ်ဘူး ၊ကျွန်တော့်ဘ၀မှာ တစ်ခါမှမကြားဘူးတဲ့အသံမျိုး လှိုင်သံပါတယ်.. ၊ထူးခြားတာက တိတ်ဆိတ်နေတဲ့ ညကြီမှာ ဒီလောက်တစ်ရပ်ကွက်လုံးနိုးလောက်တဲ့အသံကြီးနဲ့ လာအော်တာကို ရပ်ကွက်မပြောနဲ့ ဘေးအိပ်ကတောင်မကြားဘူးတဲ့လေ ၊ကျွန်တော်တို့ တစ်အိပ်မဲကြားရတဲ့အသဲတဲ့ ၊ ဘ၀မှာ ဘယ်တော့မှ မမေ့နိုင်တဲ့ အသံကြီး ။
တစ်ချိန်က တစ္ဆေ နဲ့ တစ်ယောက်ချင်း နပန်းလုံးလာခဲ့ပါတယ် ၊ တစ္ဆေ မကြောက်ပါဘူး ၊ သတ္တိကောင်းပါတယ် ဆိုတဲ့ ကျွန်တော်တို့ အဖိုး ‘ ဦးကြည် ’ ကတော့ အိမ်ထဲက အိမ်ပြင်တောင်မထွက်ရဲတော့ဘူးဗျ ၊ သူဘာမှားခဲ့မှန်းသူလည်းကျွန်တော့်လိုပဲ တကယ်မသိဘူးတဲ့လေ ။အဲ့ဒီအသံကြီးက တစ်ညတည်းမဟုတ်ပဲ ညစဉ်ရက်ဆက် အချိန်မှန် ကြားနေရတော့အဖိုးရော ကျွန်တော်တို့တစ်အိမ်လုံး မအိပ်ရဲဖြစ်နေကြတယ် ၊ အဖိုးဆို အိပ်ရေးပျက်တဲ့ဒဏ်မခံနိုင်တော့လို့ ကျန်းမာရေးထိခိုက်ပြီး အိပ်ရာထဲလဲပါလေရော ၊ ညဆို ကျွန်တော့်ကိုလည်းမကြာခဏခေါ်ပြီး အိမ်အပြင်ကို လက်ညှိုးထိုးပြတယ် …
“ ဟိုမှာ ကြည့် မြေး မြင်လား ငါတို့အိမ် ပတ်လည်မှာ မဲမဲအကောင်တွေ အများကြီးပဲဟော့ ဟို အပင်နားက အကြီးဆုံးအကောင်ကြီးကို ကြည့်စမ်း အမလေးလေး မျက်လုံးနီနီကြီးနည်းတဲ့ မျက်လုံးကြီးလား အချိန်ပြည့် အဖိုးကို လှမ်းကြည့်နေတာ မြေးရဲ့ တွေ့ရဲ့လား… ”
ကျွန်တော့်အဖိုး ကရောင်ကတန်းပြောနေတာမဟုတ်မှန်း တစ်အိမ်လုံးသိကြတယ် အဖိုးစကားတွေက အမှန်တွေပါ ၊ သူပြောသလိုတော့ ကျွန်တော်တို့ မမြင်ကြရပေမယ့် အိမ်ပတ်၀န်းကျင်မှာ စကားပြောသံတွေ လူသွားသံတွေ လမ်းလျှောက်သံတွေ အကုန်လုံးကို အတိုင်းသားကြားနေရတယ် ကြည့်လိုက်တော့လည်း ဘာမှကိုမရှိဘူး ။
တစ်ရက်တော့ မေမေက ဘုန်းတော်ကြီး ငါးပါးပင့်ပြီး အိမ်သန့်သွားအောင် ပရိတ်ပဋ္ဌာန်း ဒေသနာတော် မြတ်ကြီးကို ရွယတ်ဖတ် ပူဇော် ချီးမြင့်ပေးဖို့ရာ လျှောက်ထားတော့သံဃာတော် အရှင်မြတ်တွေက ချီးမြင့်ပေးခဲ့တယ် အဖိုးကိုလည်း ကိုယ်တိုင်ကိုယ်ကျဆွမ်းကပ်ပေးခြင်း သက္ကင်္န်း ကပ်လှူစေခြင်းတွေလုပ်ခိုင်းစေခဲ့တယ် ။အဲ့ဒီနေ့ညက ကျွန်တော်တို့ အိမ်ပတ်၀န်းကျင်မှာ ဘာအသံမှမကြားရတော့ဘူး ။
ဒါပေမယ့် သိပ်တော့မကြာပါဘူး …. တစ်လ၀န်းကျင်လောက်ကြာတော့ထုံးစံအတိုင်းကြားနေကြ ညအချိန်ရောက်ရင် အိမ်၀န်းကျင်မှာ လူတွေသွားလာနေသံစကားပြောနေသံ ၊ တောက်ခေါက်နေသံတွေ ၊ ခေါ်သံတွေ ကို အတိုင်းသားကြားနေရတယ် ၊ညတိုင်းနော် အဲ့ဒီအသံတွေက သန်းခေါင်ယံကစပြီး မနက် အာရုံတက် ကြမှ ပျောက်သွားတာအပြင်မှာလည်း ခါတိုင်းထက် အကောင်တွေ ပိုများလာပုံရတယ် စကားသံတွေက ပိုဆူလာတာကိုကြားပြီး ခန့်မှန်းလို့ရတယ်လေ ။ ကျွန်တော်တို့မိသားစုက ယခင်ကတည်းက ဘုရားတရားလုပ်တာ ကိုအားနည်းခဲ့တာလေ အဲ့ဒီအချိန်မှာလည်း ပိုလုပ်ရကောင်းမှန်းမသိခဲ့ကြဘူး ၊ အဖိုးကအစပေါ့ ။
ညတိုင်းတစ်မိသားစုလုံးမအိပ်ရဲကြဘူး အိမ်တံခါးတွေလည်း မဖွင့်ရဲ ကုန်ကုန်ပြောရရင်အိမ်သာတောင် မသွားရဲကြသလောက်ပဲ ၊ ဒီကြားထဲ
“ ‘ င ကြည် ’ နင် ငါတို့ နဲ့ လိုက်လာဖို့ ပြင်ထား….ငါ လာခေါ်မယ် ပြင်ထား…. ”
ဆိုတဲ့အသံကြီးကလည်း ညတိုင်းကို ကြားနေရတယ် ၊ တိုးတိုးလေးမဟုတ်ဘူးအကျယ်ကြီးကို ကြားနေရတာ ။ အဖိုးဆို အရမ်းသနားဖို့ကောင်းတယ် ပြေးစရာနေရာ ၊ပုန်းစရာနေရာမရှိတဲ့ ယုန်လေးတစ်ကောင်လိုပဲ ၊ ကျွန်တော်လည်း ငယ်သေးတော့ကြောက်ဖို့ လောက်ပဲသိတယ် အဖိုးကိုရော အိမ်အတွက်ရော ဘာမှ မကူညီနိုင်ခဲ့ဘူး ။
တစ်နေ့ အဖိုးကံဆိုးမယ့်အချိန်ရောက်လာခဲ့တယ် ။အဖိုး မဆုံးခင်ည မရောက်ခင်း တစ်ညက ကျွန်တော်တို့ အိမ်တစ်ခုလုံး ပတ်၀န်းကျင်မှာစကားသံတွေရေ အသံပလံတွေ အစုံကြားနေရတယ် ၊ ဥပမာပေးရရင် ကျွန်တော်တို့ စာသင်ခန်းအတန်းထဲမှာ အတန်းပိုင်ဆရာမမရှိရင်ကျောင်းသားတွေ အပြန်အလှန် စကားပြောနေကြသလိုမျိုး တတွတ်တွတ်နဲ့ ဆူညံပွတ်လောရိုက်နေကြသလိုပေါ့ ၊ ကျွန်တော်တို့ ၀န်းကျင်မှာ ငိုသံတွေ ၊ ရယ်သံတွေ ၊ စကားပြော ၊ခေါ်သံတွေ စတာတွေကို အတိုင်းသားကြားနေရတယ် ဘာတွေပြောနေကြတယ်တော့မသိပေမယ့် ဆူညံနေတယ် သရဲကားထဲကလို အသံတွေတော့မဟုတ်ဘူး ၊ သရဲမကလည်း ပုံမှန်ပဲ လာလာအော်ခေါ်နေတုန်း။
နောက်တစ်နေ့ည သန်းခေါင်းအချိန်ကြတော့ ကျွန်တော်တို့အိမ်ကြီးက ငလျှင်လှုပ်နေသလိုများတစ်ချက်တစ်ချက် လှုပ်သွားတယ် ။အဲ့ဒီနေ့က လဆန်းရက်ကြီး ဒါပေမယ့် ကျွန်တော်တို့ အိမ်ထဲကနေ ပတ်၀န်းကျင်ကိုဘာမှကိုမမြင်ရဘူး မှောင်မဲနေတာပဲ ပတ်၀န်းကျင်တစ်ခုလုံးမှာလည်း အရိပ်တွေမြင်နေရတယ် ။
“ ဂီး…ဂီး… ”
ငှက်ဆိုးတွန်သံ နှစ်ချက်ကို သေချာကြားလိုက်ရတယ် ၊ နတ်ဆိုးတွေကျွန်တော်တို့မိသားစုလေးအနားရောက်နေကြပြီလား ၊ သေချာတာတော့ မကောင်းဆိုးဝါးတွေက ကျွန်တော်တို့ အိမ်ပတ်၀န်းကျင်မှာ အပြည့်နေရာယူထားပုံပဲ ဘာလို့အဲ့လိုပြောနိုင်လည်းဆိုရင် ၊ ကြားနေကြ အသံတွေထပ် ပိုဆူညံနေလိုပါ ။
အပြင်မှာ ငိုသံတွေ စကားပြောသံတွေထက် ရယ်မောနေသံတွေ ၊ မြူတူးနေသံတွေကိုပိုကြားနေရတယ် ၊ ကြားနေကြ သရဲမအသံက ပုံမှန်နဲ့မတူပဲ ပျော်ရွင်နေပုံနဲ့အက်ကွဲကွဲ ရယ်သံကြီးနဲ့အတူ တစ်အိမ်သားလုံးကြားလိုက်ရတယ် ။
“ ‘ င ကြည် ’ နင် လိုက်ခဲ့ပေတော့ ဟား…. ”
အသံနှင့်အတူ တစ်ပြိုင်နက်တည်းမှာပဲ ကျွန်တော်တို့ နေအိမ်ကလေးသိမ့်ခနဲ သိမ့်ခနဲ နေအောင် တုန်ခါ လှုပ်ရမ်းသွားတယ် ကျွန်တော်တောင် ဘေးက တိုင်ကို မြဲမြဲ ဖတ်ထားရတယ် မေမေ နဲ့ ဖေဖေ က အဖိုးကို ဆွဲကိုင်ထားကြတယ် အဖိုး ‘ ဦးကြည် ’ ကသူသေရတော့မှာကို သိလို့ကြောက်လန့်နေတဲ့ပုံပဲ ၊ ဖေဖေက အဖိုးကပြုဖူးခဲ့တဲ့ ကုသိုလ်တွေကို ဘေးကနေ ပြောပြနေပေမယ့်အဖိုးစိတ်ကတစ်ခြားရောက်ပြီး ကြောက်လန့်နေတယ် ။တစ်စုံတစ်ယောက်က ဆွဲပြီးခါရမ်းနေသလို ကျွန်တော်တိုက အိမ်ငယ်လေးက ယိမ်းထိုးနေတယ် ၊တစ်ဆက်တည်းမှာ အဖိုး ‘ ဦးကြည် ’ က အသက်ရှူကြပ်နေတဲ့ ဟန်နဲ့ သူ့လည်ပင်းကိုလက်နှစ်ဖက်နဲ့ကိုင်ပြီး “ အစ်…အစ်…အစ် ” နဲ့ရုန်းကန်နေတယ် ၊ အဲ့ဒီအချိန်မှာ ကျွန်တော်တိုကကလည်း ဘုရားစာရွတ်ဖို့ လုံး၀ကို သတိမရခဲ့ဘူး သွေးပျက်မတက်လည်းကြောက်နေမိတယ် အိမ်အပြင်မှာလည်း လက်ခုပ်တီးသံတွေပျော်ရွှင်မြူးတူသံတွေကို အတိုင်းသားကြားနေရတယ် ၊ အိမ်ကြီးကလည်း ငလျှင်လှုပ်နေသလို ခါရမ်းနေတယ်၊သိပ်မကြာပါဘူး အဖိုးလည်း ရုန်းရင်းကန်ရင်းနဲ့ တဖြည်းဖြည်း ငြိမ်ကျသွားတယ် ၊ အဲ့ကျမှာ အိမ်ကြီးလည်းမလှုပ်တော့ပဲ ငြိမ်သွားတယ် ၊ ပတ်၀န်းကျင်ကအသံတွေကလည်း အပ်ကျသံတောင်မကျရလောက်အောင်တိတ်ဆိတ်သွားတယ် ၊ အဖိုးကို ကယ်လို့လဲ မရခဲ့ဘူး ၊ကျွန်တော်တို့ အိမ်ကလေးမှာ တော့ မေမေ့ရဲ့ ငိုသံသဲသဲ ထွက်လာခဲ့တယ် ။
“ အီး..ဟီးးး… အမလေး အဖေရဲ့ အဖြစ်ဆိုးလှချည်လား အဖေရဲ့…”
မေမေ့ငိုသံကြောင့် ဘေးအိမ်က အိမ်နီးချင်းမိသားစုတွေ ကျွန်တော်တိုကအိမ်ကို ရောက်လာကြတယ်၊ရပ်ကွက်က ဆရာ၀န်ကို ချက်ချင်းပင့်ကြပြီး စစ်ဆေးခိုင်းတော့ အဖိုးက အသက်မရှိတော့ဘူးတဲ့ ၊ ကျွန်တော်လည်း ငိုတော့တာပေါ့ ၊ ထူးဆန်းတာက ခုနုက ကျွန်တော်တိုကအိမ်နားမှာ ဆူညံနေတာတွေ အသံပလံတွေကိုဘေးအိမ်တွေက လုံး၀မကြားကြဘူးတဲ့ ၊ နောက်တစ်ချက်က အဖိုးလည်ပင်းမှာ ဘူတစ်ယောက် လည်ပင်းညှစ်ထားသလိုမျိုး လက်ရာ ညိုမဲမဲကြီး ပေါ်နေတယ် ထင်းနေတာပဲ ၊ ကျွန်တော်တို့ မိသားစုလိုက်ရှိလို့သာပေါ့ ၊မဟုတ်ရင် ပတ်၀န်းကျင်က လူသတ်မှုလို့တောင်ထင်ကြမှာ ။
ဒီလိုနဲ့ အဖိုးရက်မလည်ခင်တစ်ရက်ကို ရောက်လာခဲ့တာပေါ့ ၊ အဲ့ဒီနေ့ညက ကျွန်တော်တို့ မိသားစုသုံးယောက် အလွန်ဆန်းကျယ်တဲ့ အိမ်မက်တစ်ခုတည်းကို ပြိုင်တူ မက်မြင်ကြတယ်လေ ။ ကျွန်တော်ညက မက်တဲ့ အိမ်မက်ကို ကျွန်တော့်မိဘနှစ်ပါးကို ပြောပြခဲ့တယ် ….
“ အိမ်မက်ထဲမှာ အဖိုး ကိုပြန်တွေ့တယ် ၊ အဖိုးက တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်တွေအပြည့်နဲ့ မျက်နာလေးကလည်း အရမ်းငြိုးငယ်နေပြီးတော့ စကားတွေပြောတယ် …အဖိုးကို ကယ်ပါဦးတဲ့ သူတို့တွေ အဖိုးကို နှိပ်စက်ကြတယ် .. အဖိုးကို ကယ်ကြပါဦး ”တဲ့လေ ။ကျွန်တော်ပြောပြတဲ့စကားကို မေမေ နဲ့ ဖေဖေ က သေချာနားထောင်နေကြပြီး
အံ့သြတကြီးနဲ့ ဖေဖေ က …
“ အေး ငါလည်း သားလိုပဲ ညက အိမ်မက် တစ်ထပ်တည်းပဲ ”
ဖေဖေ့စကားကြောင့် ကျွန်တော် လန့်သွားပြီး ဖေဖေ့မျက်နာကိုကြည့်မိတယ် ဖေဖေကလည်း ကျွန်တော့်ကို ပြန်ကြည့်ပြီး ကျွန်တော်တို့နှစ်ယောက် တိုင်ပင်ထားသလိုမေမေ့ မျက်နာကို လှမ်းကြည့်လိုက်တော့ မေမေက အလွန့် ထူးဆန်းတာကို မြင်ရကြားရသလိုမျိုးအံ့သြနေသည့် မျက်နာအမူအရာနဲ့ …
“ ဟင် တကယ်ကြီးလား ၊ ကျွန်မလည်းညက အဲ့အတိုင်းမက်တယ် ၊အိမ်မက်ထဲမှာ အဖေက အကူအညီလာတောင်းနေတာ ၊ ဒါဆိုငါတို့သုံးယောက်လုံးတူတူမက်ကြတာပေါ့ ၊သေချာတာတစ်ခုက ဒါစိတ်စွဲလို့မက်တာမဟုတ်တော့ဘူး ယောကျာ်း တစ်ခုခု ကြံပါဦးအဖေ သနားပါတယ် အီး… ”
ငိုနေတဲ့ မေမေကို ကြည့်ရင်း ဖေဖေက ..
“ အေးပါ မေကြီးရယ် ငါရပ်ကွက်ထဲက (…) ကျောင်းထိုင် ဆရာတော်ကြီးကို လျောက်ကြည့်ပါမယ် ”
ဖေဖေ က ပြောပြောဆိုဆိုနဲ့ ကျွန်တော့်ကို ခေါ်ပြီး ဆရာတော်ကြီးဆီသွားခဲ့ကြတယ် ၊ဟိုရောက်တော့ ဘုရားဦးတိုက် ဆရာတော်ဘုရားကို ဦးတိုက်ပြီး ဖြစ်ကြောင်းကုန်စင် လျှေက်တင်တော့ဆရာတော်ဘုရားကြီးက ဂရုဏာ ဒေါနနဲ့ ကြိမ်းမောင်းပါလေရော
“ မင်တို့ကွာ ဗုဒ္ဓဘာသာတွေဖြစ်ပြီး ဘုရားမေ့ တရားမေ့ သံဃာမေ့နေကြတယ် ၊
အကြောက်တရားတွေကို သရဏဂုံက ကာကွယ်နိုင်တယ်ဆိုတာ နားမလည်ကြတော့ အခုမဖြစ်သင့်တာတွေ ဖြစ်ကုန်ကြပြီပေါ့ ၊ ကောင်းရောကွာ ၊ ဒါကာကြီး ‘ ဦးကြည် ’ လည်းအတိတ်ဘ၀က ကံပါလာလို့ တပ်လိုက်ရတာပေါ့လေ … ကဲကဲ မနက်ဖြန်သူ့ရက်လည်ကို ‘ ဦးဂွမ်တီး ’ ခြံကြီးနားမှာ သွားလုပ်ပေးကြမယ် ၊ တစ်လက်စတည်းနောက်လူတွေ ဒုက္ခ မကြုံရလေအောင် ဘုန်းကြီးတို့ ဘုရားရှင် ဟောကြားထားခဲ့တဲ့‘ မေတ္တာသုတ် ’ တော်နဲ့ ‘ ပဋ္ဌာန်း ဒေသနာတော် မြတ်ကြီး ’ ကို သွားပြီးရွတ်ဆိုပေးမယ် ၊ဒါကာတို့အိမ်ကိုလည်း အန္တရယ်ကင်း ပရတ်ရေစင်တွေ စွန့်ကျဲပေးမယ် ။ ”
ဆရာတော်ဘုရား ရဲ့ သြ၀ါဒတွေကြောင့် ကျွန်တော်နဲက ဖေဖေ လည်း နောင်တတရားတွေရပြီးမနက်ဖြန်အတွက် လိုအပ်တာတွေ လုပ်ဖို့ ရာ ဆရာတော်ဘုရားကို ဦးတိုက်ပြီး အိမ်ကို ပြန်လာခဲ့ကြတယ် အိမ်ရောက်တော့ မေမေ့ကို အကျိုးအကြောင်းပြောပြီး မနက်ဖြန်အတွက် စီစဉ်စရာရှိတာတွေစီစဉ်ခဲ့ကြတယ် ။အဖိုးရက်လည်နေ့ရောက်တော့ ဆရာတော်ဘုရားကြီးအစီအစဉ်နဲ့ ‘ ဦးဂွမ်တီး ’ ခြံကြီး နားမှာ‘ မေတ္တာသုတ် ’ တော်နဲ့ ‘ ပဋ္ဌာန်း ဒေသနာတော် မြတ်ကြီး ’ ကို ရွတ်ဆိုပြီး မေတ္တာပို့သ အမျှအတန်းတွေ ပေးဝေခဲ့တယ်ဗျ ။ ခြံပိုင်ရှင် ‘ ဦးဂွမ်တီး ’ ကလည်း ဆရာတော်ဘုရားအမိန့်ရှိတဲ့အတိုင်း လက်ခံ လိုက်လျောပေးခဲ့တယ် ။ နောက်နေ့တွေမှာတော့ အဲ့ဒီ ခြံကြီးမှာ ဘာအသံမှမကြားရတော့သလို ပရလောကသားတွေ နှောက်ယှက်တယ်ဆိုတာကိုလည်း မကြားရတော့ပါ ၊ ကျွန်တော်တို့ အဖိုး ‘ ဦးကြင် ’
ကိုလည်း တစ်ကြိမ်တစ်ခါမှ အိမ်မက် မမက်တော့ ၊ အရာအားလုံး ပုံမှန်အတိုင်းပြန်လည် ဖြစ်လာခဲ့ပြီလေ ၊နှစ်ချို့ သရဲ ကြီးတွေလည်း ပြောင်းပြေးကြကုန်သလား ကျွတ်လွှတ်သွားလေသလားဆိုတာတော့သေချာမသိခဲ့ပါ ၊ ဘာမဟုတ်တဲ့ ဟင်းစားရှာရင်း သူများခြံထဲ အပေါ့သွားမိလိုက်တဲ့အတွက် ပြန်ပေးဆပ်လိုက်ရတာ တစ္ဆေနဲ့ နပန်းလုံးခဲ့တဲ့ အာဂလူ မကြောက်တတ်ပါဘူးဆိုတဲ့ကျွန်တော့် အဖိုး အသက်ဖြစ်နေတယ်၊ ကျွန်တော်တို့ပြန်ရလိုက်တာက ခြောက်ခြားမှုတွေ ကြောက်စရာ အိမ်မက်ဆိုးတွေ ။
ဒီအဖြစ်အပျက်ကို တွေးမိတိုင်း ငါဘာဖြစ်လို့ အဲ့ဒီအချိန်က ဘုရားစာမရွတ်မိတာလဲ ၊ဘုရားတရားပိုမလုပ်မိတာလဲ ၊ မေမေနဲ့ ဖေဖေ ကရော ဘာလို့ ဘုရားတရားပိုမလုပ်ခဲ့ကြတာလဲ ၊အဖိုးကရော ဘာလို့ ဘုရားတရားမလုပ်ရတာလဲ လို့ မသေသင့်တဲ့ အဖိုးအတွက် အမြဲ နောင်တရနေမိတယ်၊
တကယ်တော့ အဲ့ဒီအချိန်မှာ အားလုံးက ဘုရားစာရွတ်ဖို့ အမှန်ကို မေ့လျော့နေကြတာ ၊ နောက်နေ့တွေမှာလည်း ဆရာတော်ကြီးဆီ လျောက်တင်ဖို့ သတိမေ့နေကြတယ်လေ ၊ ဘာကြောင်လဲဆိုတာတော့အဖိုးကို အသံနဲ့ ခြောက်လန့်ပြီး လည်ပင်းညှစ်သက်သွားတဲ့ ‘ ဦးဂွမ်တီး ’ တို့ ခြံထဲက နှစ်ချို့ သရဲမကလွဲရင်ဘယ်သူများသိနိုင်ဦးမှာလဲဗျာ ၊ ခင်ဗျားတို့လည်း အဲ့ဒီ သရဲမနဲ့ တွေ့ရင် ကျွန်တော်တို့ ဘုရား ၊ တရား ၊ သံဃာ ရတနာသုံးပါးကို မေ့သလိုမေ့မနေကြနဲ့နော် ၊ မဟုတ်ရင် …………. ။
~~~~ပြီးပါပြီ~~~